ချာတိတ်ရဲ့  ဒိုင်ယာရီ

ချာတိတ်ရဲ့  ဒိုင်ယာရီ

ရုတ်တရတ် အိမ်ရှင်းရင်း
Shania Twain ရဲ့  သီချင်းခွေထွက်လာတယ်
အန်တီ့ကို သတိရတယ် 
မျက်ရည်ဟာ လျပ်တပြက် ခုန်ဆင်းလာတယ်

ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်ပြီး
ဆေးလိပ်သောက်မိတယ်
အန်တီ့ကို သတိရတယ်

အန်တီပြောတဲ့ ၀ဋ်ကြွေးဆိုတာ
တကယ်ရှိခဲ့ပြီ
အသံခပ်ကျယ်ကျယ်နဲ့
လူကြားထဲ အော်ငေါက်ခံရတယ်
အန်တီ့ကို သတိရတယ်

ချာတိတ်လေးတစ်ယောက်ကို အဒေါ်ကြီးတစ်ယောက်က
ငါမပြောဘူးလားဆိုတဲ့အကြည့်နဲ့ ပြောဆိုနေတာတွေ့ရ
အန်တီ့ကို သတိရတယ်

ကိုယ့်ပုခုံးကိုယ်လက်နဲ့သပ်ပြီး
ခပ်ဖွဖွလေး ဖက်မိတယ်
အန်တီ့ကို သတိရတယ်

နေရောင်ခြည်က မဖိတ်ခေါ်ပဲနဲ့
ကိုယ့်မျက်နှာပေါ်ရောက်လာတယ်
အနမ်းလောက် နွေးတာမျိုးပဲ လိုချင်မိတယ်
အန်တီ့ကို သတိရတယ်

လွမ်းတေးချို
5:30 PM
10 April 2018

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်