ခြောက်နှစ်ပြည့်အလွမ်း
Six Year anniversary
ခြောက်နှစ်ပြည့်အလွမ်း
ခြောက်နှစ်ပြည့်အလွမ်း
အလွမ်းဟာ ဘာအရောင်လဲလို့ မေးရင်
ကိုယ်က အပြုံးရောင်လို့ ဖြေမယ်
လွမ်းနေရခြင်းမှာ လင်းပွင့်မှုတွေရှိတယ်
တစ်နယ်စီဝေးနေတော့
တစိမ့်စိမ့်တွေးရင်း ပြုံးနေမိတယ်
သိပ်မေ့တတ်တဲ့ငါဟာ
အဲ့ဒီအချိန်ကလေးကို
ရုပ်ရှင်ရိုက်ထားသလို မှတ်မိနေသေးရဲ့ 
ကိုယ်က အပြုံးရောင်လို့ ဖြေမယ်
လွမ်းနေရခြင်းမှာ လင်းပွင့်မှုတွေရှိတယ်
တစ်နယ်စီဝေးနေတော့
တစိမ့်စိမ့်တွေးရင်း ပြုံးနေမိတယ်
သိပ်မေ့တတ်တဲ့ငါဟာ
အဲ့ဒီအချိန်ကလေးကို
ရုပ်ရှင်ရိုက်ထားသလို မှတ်မိနေသေးရဲ့ 
အတူရှိချိန်တွေဆို အချိန်က ကုန်လွယ်တယ်
စောင့်ဆိုင်းရခြင်းက ထင်သလောက်မလွယ်ဘူး
စောင့်ဆိုင်းရခြင်းက ထင်သလောက်မလွယ်ဘူး
နှစ်ကာလအားဖြင့်
မှတ်တိုင်ကလေး ခြောက်ခု ရှိပြီ
အဲ့ဒီနေ့က သူငယ်ချင်းဆိုတဲ့ ဆိုင်းဘုတ်ကိုဆွဲဖြုတ်
ငါတို့ စာတမ်းအသစ်ရေးထိုးလိုက်ကြတယ်
သူငယ်ချင်းနဲ့ ချစ်သူကြားမှာ
အနမ်းကလေး တစ်ခု ခြားသွားတယ်
မှတ်တိုင်ကလေး ခြောက်ခု ရှိပြီ
အဲ့ဒီနေ့က သူငယ်ချင်းဆိုတဲ့ ဆိုင်းဘုတ်ကိုဆွဲဖြုတ်
ငါတို့ စာတမ်းအသစ်ရေးထိုးလိုက်ကြတယ်
သူငယ်ချင်းနဲ့ ချစ်သူကြားမှာ
အနမ်းကလေး တစ်ခု ခြားသွားတယ်
ချစ်တယ် လို့ပြောတော့
ငါလည်း သိပ်စိတ်ကြီးဝင်မိတယ်
ငါလည်း သိပ်စိတ်ကြီးဝင်မိတယ်
ကောင်မလေးတစ်ယောက်ကို ရည်းစားစကားပြောပြီး
အိမ်ပြန်ဖို့ကားခ ပိုက်ဆံချေးတယ်တဲ့
ဘယ်သူလဲလို့ မမေးကြပါနဲ့တော့
အိမ်ပြန်ဖို့ကားခ ပိုက်ဆံချေးတယ်တဲ့
ဘယ်သူလဲလို့ မမေးကြပါနဲ့တော့
အဲ့ဒီကောင်မလေးက သူ့စိတ်ကူးကိုပြောပြတယ်
ငါ့ရည်းစားကို ဟော့ဒီလမ်းပေါ်မှာ ကျောပိုးခိုင်းမှာတဲ့
ငါ အော်ရယ်ပစ်ခဲ့တယ်
နာမည်ကျော် အဓိပတိလမ်းပေါ်မှာ
ငါ့ရည်းစားကို ဟော့ဒီလမ်းပေါ်မှာ ကျောပိုးခိုင်းမှာတဲ့
ငါ အော်ရယ်ပစ်ခဲ့တယ်
နာမည်ကျော် အဓိပတိလမ်းပေါ်မှာ
အဲ့ဒီရယ်သံတွေက ငါ့ကို ပြန်လှောင်တယ်
အဓိပတိလမ်းကြီးက သမာဓိအားကောင်းစွာ ရယ်တယ်
အဲ့ဒီကောင်မလေးရဲ့  စိတ်ကူးကို
ငါဖြည့်ပေးခဲ့တယ်
အဓိပတိလမ်းကြီးက သမာဓိအားကောင်းစွာ ရယ်တယ်
အဲ့ဒီကောင်မလေးရဲ့  စိတ်ကူးကို
ငါဖြည့်ပေးခဲ့တယ်
အသဲတစ်ခြမ်းဆိုတာ လျှောက်ပြောကြတာ
တကယ်တော့ ငါတို့အသဲဟာ
တစ်ခုတည်းဖြစ်သွားတာ
အပြန်ပြန်အလှန်လှန် စီးဆင်းနေခဲ့တာ
သဘာဝ ကိုမယုံနဲ့သိလား
အချစ်ကို ပဲ ယုံ
တကယ်တော့ ငါတို့အသဲဟာ
တစ်ခုတည်းဖြစ်သွားတာ
အပြန်ပြန်အလှန်လှန် စီးဆင်းနေခဲ့တာ
သဘာဝ ကိုမယုံနဲ့သိလား
အချစ်ကို ပဲ ယုံ
လွမ်းတေးချို
Comments
Post a Comment