ကဗျာဟာ လက်ဂိုကစားနည်းတွေနဲ့ နင်လား ငါလား စသည်ဖြင့်
ကဗျာဟာ လက်ဂိုကစားနည်းတွေနဲ့
နင်လား ငါလား စသည်ဖြင့်
အဆင်မပြေမှုဟာ
တံခါးဝမှာ
ကျွန်တော်တို့
ငြိမ်းချမ်းရေးမရသေးဘူး
ခေါင်းပေါ်ကျနေတဲ့
ရေတစ်စက်ချင်းစီဟာ ချက်ချင်းဆို ဘယ်သိသာပါ့မလဲ
အေးစက်သွားမယ်
တစ်ခုခုဟာ သင့်ဆီရောက်လာပြီး
တစ်ခုခုဟာ
သင်နဲ့မဆိုင်တော့ပါဘူးလို့
တဖြည်းဖြည်း ပြောနေမယ်ဆို
အဲ့ဒီတစ်ခုခုကို
သင်လိုချင်တပ်မက်နေပါ့မလား
တွေးရမှာပူတယ်
ဝေးရမှာပူတယ်
အတွေးထဲမှာတင်
ဝေးရမှာကြောက်တယ်
အဝေးတစ်နေရာကနေ
ဆွေးရမှာကြောက်တယ်
ဒါပဲရေးနေတယ်လို့ပြောစရာရှိတယ်
ဒါမရေးရင် ဘာရေးရမလဲလို့မေးရမယ်
အပိုင်ချည်းလာကိုင်တာမျိုး
မကြိုက်သလို
အနိုင်ချည်း
လာပြိုင်တာမျိုးလည်း မကြိုက်ဘူး ။
ခက်တယ် ရှက်တယ်
မအူမလည်နဲ့ လူလည်တွေ
သဗ္ဗေသတ္တာ ကံမတကာ
ပါဋိတွေ စာလုံးပေါင်းမှားကြည့်တယ်
တစ်ခါတစ်လေ
အမှားတွေက အဓိပ္ပာယ်အသစ်တွေနဲ့ လန်းဆန်းနေတာမျိုး
အလျားအနံ မရှိ
ကြီးထွားနေတာမျိုး
အသွားပဲရှိပြီး
အပြန်မရှိတာမျိုး
ဒါမျိုးတွေ
ဒါမျိုးတွေပေါ့
အကျိုးမျှော်ဆောင်ရင်း
အချိုးတော်တော်ပြောင်းသွား
ရင်ထဲမှာ နွေးသင့်သလောက်နွေးရမယ်
မချပဲမရေး ချပြီးရေး
ရေးရင်းရည်ရွယ်ရာကို
ဝေးသွားတာ
ဘာ၊ဘယ်လို ၊
ဘယ်လိုဖြစ်ရတာ ၊ ဘာလို့လဲ
ဆက်ထားတဲ့ဖုန်းကို
ပြန်ချပစ်မယ်
အကြောင်းအကျိုးကို
ဘယ်နားထားမလဲ
ပစ္စုပ္ပန်တောက်လျှောက်မောင်းသွင်းရမယ့်
အပျင်းပြေမှုတွေဆီ
ကလစ်ကို တစ်ချက်ပြီးတစ်ချက်နှိပ်
တန်ဖိုးနည်း
အိမ်ယာတွေဆီ
ဖြည်းဖြည်းချင်းလှမ်းသွားတဲ့
အနမ်းတွေဆီ
ခဏခဏ သံချောင်းမခေါက်စမ်းပါနဲ့
အာရုံဟာစိုက်မရ
အလုပ်ကို ကြေးစားလိုသဘောထားတာ
ကြေးစားဆိုတာ
ကျွေးတာစားပြီး ခိုင်းတာလုပ်တာမျိုးလား
ငါတို့ဟာ ရမ္မက်မပြင်းဘူး
သက်ပြင်းတွေပဲ
ချ ချ ချ
စပြီလား စပြီလား
မင်းတို့က နေတောင် မစောင်းသေးဘူး
တစ်နေကုန် ခပ်သောက်ချင်မိတဲ့
ပင်လယ်ရေ
နွေဟာ ဘယ်သူ့ဆီရောက်ခဲ့တာလဲ
စက္ကူပေါ်က မင်စက်တွေ
တောင်တန်းပေါ်က
ကုပ်ကပ်ပေကါရတဲ့ ကျောက်ကြားသစ်ပင်
ရေးနေတဲ့စာကို
ပြန်မမြင်ရတဲ့မျက်ဝန်းတွေ
တီဗွီစခရင်
ဖြစ်ဖြစ် ကွန်ပြူတာစခရင်ဖြစ်ဖြစ်
သူတို့ဟာ ၀ါးလာမှာ
အသေအချာပဲ
အိပ်မက်ဦးတုန်းက
ဘီယာ
တဖြည်းဖြည်းရူးလာတော့
အရက်ပြင်းပြင်း
စီးကရက် ငွေ့တွေကိုလည်း
အရူးလက်မှတ်ထုတ်ပေးရမယ်
ဘယ်ကိုသွားလိုက်တာလဲ
အကောင်းဆုံးတွေကို
ဒိတ်ဒိတ်ကြဲမှတ်တမ်းတင်
တော်ဝင်ပိတောက်ဟာ
ဘယ်လမှာ နားရမယ်ပွင့်ရမယ်မသိ
အဲ့ဒီတော့
နှစ်သစ်ဟာကူးချင်တိုင်း
ကူးနေမှာ
ကဲ ဒါပေမယ့်တွေနဲ့
ရှေ့ ဆက်
လွမ်းတေးချို
14 December
2015
10:58 AM
Comments
Post a Comment