ငါလည်းဘာထူးလဲ

ငါလည်းဘာထူးလဲ
လွမ်းတဲ့အကြောင်း
စာနဲ့ရေးမနေနဲ့ ငါ့ကောင်
ပြေးပြီးလာတွေ့ကြ
ဟုတ်ပြီလား
မင်းတို့တွေ တယ်ခက်ပါလား
လွမ်းတယ်ပြောပြီး
အချိန်လည်းမပေး
ဂရုကလည်းမစိုက်
မဖြစ်နိုင်ဘူးမပြောနဲ့ငါ့ကောင်
စောက်ရူးတွေတောင်
ထိပ်ဆုံးမှာတွေ့နေကြပြီ
ရေနံတွင်းတူးပြီး
ငါတို့ အောက်ဆုံးမှာတွေ့ ကြမယ်
သိပ်မသောက်တတ်ဘူး
မပြောနဲ့ငါ့ကောင်
မွေးကင်းစ ကလေးတွေလည်း
နို့စို့နည်းသင်ခဲ့ရတာပဲ
ရော့
တစ်ယောက်တစ်ခွက်
ပြောမယ့်သာပြောရတာ
ငါလည်း မအားဘူးကွာ
လွမ်းတေးချို
17:37
6 April 2018

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်