ဒီနေ့

ဒီနေ့
တစ်ယောက်ကို တစ်ယောက်
အတွင်းသားထိ နားလည်ဖို့ရာ
တစ်ယောက်အတွင်းသားကို
တစ်ယောက်လှိုက်စား
မပွင့်တဲ့တံခါးဆိုတာ မရှိတန်
တံခါးခေါက်ဖို့ မမေ့နဲ့
တစ်ကိုင်းကျိုး တစ်ကိုင်းထွက်
တစ်ဦးဆင်း တစ်ဦးတက်
ရိုင်းရိုင်းပင်းပင်း
ကျရှုံးသွားတဲ့အခါ
ဒိုမီနို သက်ရောက်မှု ဆိုတဲ့ စကားကို
နားလည်ဖို့လိုမယ်
တချို့တွေက
တစ်ယောက်တည်း
သစ်ကိုင်းလွတ်
လွမ်းတေးချို
၁၄.၂.၂၀၁၈

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်