နာတာရှည်

နာတာရှည်
အာဏာရှင်ဟာ တစ်နိုင်ငံလုံး
သူနဲ့ရတာလို့ဆိုတယ်
ပြီးတော့ အမြောက် တရမ်းရမ်းနဲ့
အားပါးတရ ကြုံးဝါးတယ်
ရင်ထဲမှာ အချစ်တွေချည်း
လိမ်မာရင် မင်းတို့ဖို့ချည်းတဲ့
ပြည်သူပြည်သားတွေကလည်း
အာဏာရှင်သွေးပါရင်
ဖောက်ထုတ်ပစ်မယ်လို့ ကြုံးဝါးရင်း
နောက်နေ့မှပေါ့လို့
ရက်ချိန်းယူတယ်
နိုင်ငံတြော်ကီးက ရင်ကွဲသံကြီးနဲ့
ဘယ်သီချင်းတီးမလဲဆိုတော့
ယူပါကယ်ပါဦး မပြောချင်ဘူး
ကိုယ့်ရဲ့အိမ်တွင်းရေးကိုကွယ်တဲ့
သူအရပ်သူ့ဇာတ်ဆိုလား
အာဏာရှင်ရဲ့ အင်္ဂါစပ်ဟာ
ငါတို့ရဲ့ဇာတ်ထဲမှာ မပါမဖြစ်
ဒီပုတ်ထဲက ငါတို့
ဘယ်ပဲကို မျှော်လင့်ခဲ့တာလဲ
လွမ်းတေးချို
၂.၂.၂၀၁၈

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်