ငါပျင်းတယ် ငါဆက်ပျင်းတယ် ငါပျင်းနေဆဲ
ငါပျင်းတယ် ငါဆက်ပျင်းတယ် ငါပျင်းနေဆဲ
ပျင်းတယ်ဆိုတာ ကို အနက်ဖွင့်ဖို့ ငါပျင်းတယ်
ဒါပေမယ့် ငါ နည်းနည်းကြိုးစားကြည့်မယ်
ဘာကိုမှ မလုပ်လို မကိုင်လိုတဲ့ အခြေအနေ
စိတ်မှာ သတ်သတ်မှတ်မှတ် စိတ်လိုလက်ရမလုပ်လိုတဲ့ အခြေအနေ
အကြာကြီးလုပ်ရမည့် အလုပ်ကို မြန်တဲ့နည်းလမ်းများရှိမလားဆိုပြီး တွေးနေတဲ့အခိုက်အတန့်

ဒီကောင်ပျင်းတယ်လို့ ငါ့အမေကပြောတယ်
ငါ့အမက စာကျက်တယ်
ပျင်းပေမယ့် ဥာဏ်ကောင်းတယ်လို့ ပြောတော့
ဘုရားသခင်ဟာ ငပျင်းတွေကို ဥာဏ်ကောင်းတဲ့သူအဖြစ် ဖန်ဆင်းတော်မူတယ် ပေါ့

ပျင်းတဲ့ကောင်တွေနဲ့ မတူတာက ဇွဲရှိတဲ့သူတွေပေါ့
အဲ့ဒီကောင်တွေက ပျင်းလို့ပျင်းရကောင်းမှန်းမသိဘူး
ပျင်းဖို့ရာ ဘ၀ပေး အခြေအနေ မပေးခဲ့တဲ့သူတွေပေါ့
တချို့  တော်ပါတယ်
တချို့ က ထူအလွန်းလို့ အချိန်ကုန်ခံ နေကြရရှာတယ်

ကချင် ကယား ကရင် ချင်းလို့ လူမျိုးတွေခွဲခြားမည့်အစား
ငပျင်း ၊ ငဇွဲ ၊ ငထူ ၊ ငအ ၊ ငပျော် ၊ ငပျက် ဆိုပြီး လူအမျိုးအစားတွေ ခွဲပြီး
တိုင်းပြည်တစ်ခုကို ထူထောင်ရင်ကောင်းမယ်

တစ်ယောက်တစ်လှည့်ဆီ အုပ်ချုပ်ကြမယ်
ငပျင်းခေတ် မှာ ငပျင်းပေါင်းမြောက်များစွာ မွေးထုတ်မယ်
ငဇွဲခေတ်မှာ ငဇွဲပေါင်းမြောက်များစွာ မွေးထုတ်မယ်
ထိုနည်းတူစွာ
ငထူ ၊ ငအ ၊ ငပျော် ၊ ငပျက် တွေလည်း အုပ်ချုပ်ရေးမှာပါဝင်မယ်

ငပျင်းတွေ ရာထူးရတဲ့အခါ
ငပျင်းတွေ အပစား ပေးခံရမယ်
လွှတ်တော်ထဲမှာ ငပျင်းတွေ ပြည့်နေမယ်
ငပျင်းတွေ အပစား ပေးခံရမယ်
လွှတ်တော်ထဲမှာ ငပျင်းတွေ ပြည့်နေမယ်
ငပျင်း စစ်တပ် ၊ ငပျင်း ဘုန်းကြီး ၊ ငပျင်းကျောင်းသား
ငပျင်း အိမ်ထောင်သည် ၊ ငပျင်း ဆရာ ၊ ငပျင်း သင်တန်း
ငပျင်း လေယာဉ်မှူး ၊ ငပျင်း စပယ်ရာ

ငါက ပျင်းနေတဲ့ ကဗျာဆရာပေါ့
လွမ်းတေးချို
1 April 2018
8:44 AM
1 April 2018
8:44 AM
Comments
Post a Comment