ဖုန်းဆိုးမြေ
ဖုန်းဆိုးမြေ
အနံ့ပြင်းပြင်းရလိုက်တာနဲ့ လိုချင်တပ်မက်မှုဟာ
အဆုံးစွန်ထိ ခရီးထွက်ခဲ့ရတာပါပဲ ။
အဆုံးစွန်ထိ ခရီးထွက်ခဲ့ရတာပါပဲ ။
မသက်မသာ နဲ့ ကြမ်းပြင်ကို
ပွတ်သပ်ကြည့်ခဲ့ရတယ်။
ပွတ်သပ်ကြည့်ခဲ့ရတယ်။
အသံတွေကိုကြားရင် ပြန်လာမှာ
မဟုတ်ဘူးလို့ ထင်ခဲ့ရတယ်။
မဟုတ်ဘူးလို့ ထင်ခဲ့ရတယ်။
မတော်တဆ ပြုတ်ကျခဲ့တယ်ဆိုရင်တောင်
ရည်ရွယ်ထားခဲ့တာပါလို့ ပြောရဲနိုင်တဲ့ သတ္တိမျိုး နဲ့ ။
ရည်ရွယ်ထားခဲ့တာပါလို့ ပြောရဲနိုင်တဲ့ သတ္တိမျိုး နဲ့ ။
ကောင်းကင်ကို ပိတ်လိုက်တယ်။
ကောင်းကင်ဆီမှာ လိုချင်တဲ့ ကြယ်မျိုးကွဲတွေ မရှိဘူး။
ကောင်းကင်ဆီမှာ လိုချင်တဲ့ ကြယ်မျိုးကွဲတွေ မရှိဘူး။
သံသယ ကိုထိန်းချုပ်ထားမလား ။
ပွင့်အံပြီး ထွက်လာမလား။
ပွင့်အံပြီး ထွက်လာမလား။
တစ်ယောက်တည်းဘ၀ ကို
ခုံမင်တယ်လို့ ပြောနေကြ ဘော်ဒါကြီးက
တစ်ရွာပြောင်းပြီး သူကောင်းဖြစ်သွားပြီ ။
ခုံမင်တယ်လို့ ပြောနေကြ ဘော်ဒါကြီးက
တစ်ရွာပြောင်းပြီး သူကောင်းဖြစ်သွားပြီ ။
နေရာကို လိုသလောက်ရွှေ့ ယူပြီး
ရွှေစတွေလို ကျင်ယူ ရပြန်တယ်။
ရွှေဟာ တန်ရာတန်ကြေးထက်ပိုပြီး
ရလောက်တဲ့ အရည်အသွေးမျိုးနဲ့ ။
ရွှေစတွေလို ကျင်ယူ ရပြန်တယ်။
ရွှေဟာ တန်ရာတန်ကြေးထက်ပိုပြီး
ရလောက်တဲ့ အရည်အသွေးမျိုးနဲ့ ။
အသံတွေဟာ
တကူးတက ရောက်မလာခဲ့ဘူးဆိုရင်တောင်မှ
လွယ်လင့်တကူလမ်းကြုံနေခဲ့တာပါပဲ ။
တကူးတက ရောက်မလာခဲ့ဘူးဆိုရင်တောင်မှ
လွယ်လင့်တကူလမ်းကြုံနေခဲ့တာပါပဲ ။
တခြားနေရာကို မျက်နှာမလွှဲနဲ့ လို့ပြောပြီး
ကြောက်ရွံ့  စိတ်ကို ဖိုးကပ်စ်ဖြတ်ထားလိုက်တဲ့အခါ
အငြိုးတကြီးနဲ့ ကန္တာရ တစ်ခု အပိုင်ရတယ်။
ကြောက်ရွံ့  စိတ်ကို ဖိုးကပ်စ်ဖြတ်ထားလိုက်တဲ့အခါ
အငြိုးတကြီးနဲ့ ကန္တာရ တစ်ခု အပိုင်ရတယ်။
ကန္တာရကို စိုက်ပျိုးမြေလို့ ထင်မှတ်တဲ့
အကောင်းမြင်မှုမျိုးနဲ့ ပျိုးတွေ ကြဲပြီးရင်းကြဲပက် ။
အကောင်းမြင်မှုမျိုးနဲ့ ပျိုးတွေ ကြဲပြီးရင်းကြဲပက် ။
လိုအပ်ရင် လိုအပ်သလို ထုတ်သုံးရတဲ့
နောက်ဆုံးဝှက်ဖဲဟာ အကြိမ်ကြိမ်သုံးထားတဲ့
လက်နှီးစုတ် တစ်ခုလို အရောင်အ၀ါနဲ့ ။
နောက်ဆုံးဝှက်ဖဲဟာ အကြိမ်ကြိမ်သုံးထားတဲ့
လက်နှီးစုတ် တစ်ခုလို အရောင်အ၀ါနဲ့ ။
အုတ်နီခဲတွေဟာ ဘုရားဖြစ်တော့မှာ
ကြိုသိနေခဲ့ရင်တောင်
အလှောင်ခံရတာက အလှောင်ခံရတာပါပဲ ။
ကြိုသိနေခဲ့ရင်တောင်
အလှောင်ခံရတာက အလှောင်ခံရတာပါပဲ ။
စီးကရက်မီးကို
ကြုံသလို မပစ်မိဖို့ သတိပေးရင်း
တောမီးတွေနဲ့ တစ်လမ်းတည်းသွားခဲ့ကြရတယ်။
ကြုံသလို မပစ်မိဖို့ သတိပေးရင်း
တောမီးတွေနဲ့ တစ်လမ်းတည်းသွားခဲ့ကြရတယ်။
ဆီကုန်နေတဲ့ မီးခွက် ၊ ဆီကုန်နေတဲ့ ဆိုင်ကယ်
ဘာတွေကို ပဲ အလိုကျကျ မကျကျ
ပိုင်ဆိုင်ခြင်းဟာ မပိုင်ဆိုင်ခြင်းထက် ပိုပြီး နာကျင်နေခဲ့ရတာပါ ။
ဘာတွေကို ပဲ အလိုကျကျ မကျကျ
ပိုင်ဆိုင်ခြင်းဟာ မပိုင်ဆိုင်ခြင်းထက် ပိုပြီး နာကျင်နေခဲ့ရတာပါ ။
အ၀ါရောင် ပန်းတွေ ပွင့်ပြီကြားလို့
ဦးဦးဖျားဖျားသွားကြည့်လိုက်တယ်။
ဦးဦးဖျားဖျားသွားကြည့်လိုက်တယ်။
နာမည်ပေးထားတဲ့ပန်းဟာ
အဖူးအငုံအခြေအနေကနေ
ခြောက်သွေ့ ညိုးရော်သွားပုံလေး ။
အဖူးအငုံအခြေအနေကနေ
ခြောက်သွေ့ ညိုးရော်သွားပုံလေး ။
ကမ္ဘာကြီးနဲ့ စီးချင်းမထိုးမိစေနဲ့ ။
ကြက်ဥတွေဟာ နံရံကို ပစ်ပေါက်မိရင်
အဆုံးသတ်လှမှာမဟုတ်ဘူး။
ကြက်ဥတွေဟာ နံရံကို ပစ်ပေါက်မိရင်
အဆုံးသတ်လှမှာမဟုတ်ဘူး။
ကြားနေကြ စကားကြီးနဲ့
ကြုံနေကြ လူတွေကို
မကြုံကြုံအောင် ပြောပစ်လိုက်ပြီးမှ စိတ်ကျေနပ်နေခဲ့ ။
ကြုံနေကြ လူတွေကို
မကြုံကြုံအောင် ပြောပစ်လိုက်ပြီးမှ စိတ်ကျေနပ်နေခဲ့ ။
လွမ်းတေးချို
၆.၄.၂၀၁၇
၆.၄.၂၀၁၇
ဖုန်းဆိုးမြေ ၂
ဘာရုပ်ရှင်တွေ ကြည့်သလဲတဲ့
ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ်တောင် သရုပ်ဆောင်လို့ မ၀သေးတဲ့အကြောင်း
ဘာစာတွေဖတ်သလဲတဲ့
ကြီးကြီးကျယ်ကျယ်တွေဖတ်ပြီး
ပြိုကျပျက်စီးနေတဲ့ တိုက်အိုကြီးတွေ
ကြီးကြီးကျယ်ကျယ်တွေဖတ်ပြီး
ပြိုကျပျက်စီးနေတဲ့ တိုက်အိုကြီးတွေ
ဘာတွေနာယူမှတ်သားနေသလဲတဲ့
လွတ်မြောက်ကြောင်းပြောပြီး
တွယ်ငြိနေမိတဲ့အကြောင်း
လွတ်မြောက်ကြောင်းပြောပြီး
တွယ်ငြိနေမိတဲ့အကြောင်း
ငါ့ရင်ဘတ်ကို နားကြပ်တပ်ပေးလိုက်တယ်
အရှိတရားကို မခုံမင်ပါကြောင်း
ပင်လယ်ထဲမှာ ပုလဲတွေရှိမယ်အထင်နဲ့
ဆူနာမီကို ရင်ဖွင့်ကြိုနေခြင်း
အရှိတရားကို မခုံမင်ပါကြောင်း
ပင်လယ်ထဲမှာ ပုလဲတွေရှိမယ်အထင်နဲ့
ဆူနာမီကို ရင်ဖွင့်ကြိုနေခြင်း
မိုးပြိုမှာစိုးတဲ့ တစ်တီတူးရယ်
မျက်နှာလွှဲပြီးပစ်လိုက်တဲ့ ခဲတစ်လုံးရယ်
ဒီမှာ ခဏရပ်ထားတယ် မြင်အောင်ကြည့်
မျက်နှာလွှဲပြီးပစ်လိုက်တဲ့ ခဲတစ်လုံးရယ်
ဒီမှာ ခဏရပ်ထားတယ် မြင်အောင်ကြည့်
လွမ်းတေးချို
၂.၄.၂၀၁၇
၂.၄.၂၀၁၇
ဖုန်းဆိုးမြေ ၃
မက်မိုရီ စတစ် တစ်ချောင်းကို
ကွန်ပြူတာထဲမှာ ထည့်သွင်းခွင့်ပေးလိုက်တဲ့အခါ
အကာအကွယ်မပါပဲ လိင်ဆက်ဆံမိသလိုပေါ့
ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး
ကွန်ပြူတာထဲမှာ ထည့်သွင်းခွင့်ပေးလိုက်တဲ့အခါ
အကာအကွယ်မပါပဲ လိင်ဆက်ဆံမိသလိုပေါ့
ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး
ဘယ်သူမှ မထိုးလို့ လွတ်နေတဲ့ ပါကင်ကိုဝင်ထိုးကာမှ
ငှက်ချေးတွေ ရေတွက်လို့ မနိုင်ဘူးဆိုလား
ဘော်ဒါပြောပြမှ အလင်းရတယ်
သူများမထိုးတဲ့ပါကင်မှာ ဘုရင်ဖြစ်ချင်နေသူချည်းပါလား
ငှက်ချေးတွေ ရေတွက်လို့ မနိုင်ဘူးဆိုလား
ဘော်ဒါပြောပြမှ အလင်းရတယ်
သူများမထိုးတဲ့ပါကင်မှာ ဘုရင်ဖြစ်ချင်နေသူချည်းပါလား
လူသတ်တဲ့ဂိမ်းကို
စားပွဲပေါ်မှာ
ပျော်ပျော်ရွှင်ရွှင် ကစားလို့ရနေပြီ
စားပွဲပေါ်မှာ
ပျော်ပျော်ရွှင်ရွှင် ကစားလို့ရနေပြီ
လွတ်လွတ်လပ်လပ်ပျံတဲ့ ငှက်တွေဟာ
ကောင်းကင်အောက်က လွတ်ရိုးထုံးစံမှ မရှိဘဲ
အတုလည်းမြင်တယ် အတတ်လည်းသင်ခဲ့ရတယ်
လှောင်အိမ်ထဲက လွတ်လပ်ခြင်းတွေဆီ
ကောင်းကင်အောက်က လွတ်ရိုးထုံးစံမှ မရှိဘဲ
အတုလည်းမြင်တယ် အတတ်လည်းသင်ခဲ့ရတယ်
လှောင်အိမ်ထဲက လွတ်လပ်ခြင်းတွေဆီ
လွမ်းတေးချို
၂.၄.၂၀၁၇
၂.၄.၂၀၁၇
ဖုန်းဆိုးမြေ ၎
နာမည်က အရေးမကြီးဘူးလို့သာဆိုတယ်
သေချင်းဆိုးလေး လို့ ခေါ်ရင်
သတ်သေသွားမည့်အမျိုးတွေ
သေချင်းဆိုးလေး လို့ ခေါ်ရင်
သတ်သေသွားမည့်အမျိုးတွေ
ရွဲ့  ရင်လည်း တစ်ခြမ်းစောင်းသွားအောင် ရွဲ့ 
ဓားပြတိုက်ရင်တောင် ဓားမြဗိုလ် ဖြစ်အောင်လုပ်
သြ၀ါဒ အတုံးအတစ်လိုက်နဲ့
ဓားပြတိုက်ရင်တောင် ဓားမြဗိုလ် ဖြစ်အောင်လုပ်
သြ၀ါဒ အတုံးအတစ်လိုက်နဲ့
မပြီးသေးရင် မပြန်နဲ့
ပြီးရင်လည်း ချက်ချင်းမပြန်နဲ့
အိမ်တံခါးဝကို နားမစွင့်နဲ့
ကြားမိ ကြားမှား တွေရှိတယ်
ပြီးရင်လည်း ချက်ချင်းမပြန်နဲ့
အိမ်တံခါးဝကို နားမစွင့်နဲ့
ကြားမိ ကြားမှား တွေရှိတယ်
လွမ်းတေးချို
၂.၄.၂၀၁၇
၂.၄.၂၀၁၇
ဖုန်းဆိုးမြေ ၅
ဘယ်ကိုပြန်မှာလဲ
ဘာလို့ပြန်မှာလဲ
မပြန်ရင်ကော မရဘူးလား
ဘယ်အချိန်ပြန်မှာလဲ
ဘာကြောင့်ပြန်ရတာလဲ
မသိချင်ဘူးလား မေးမည့်သူမရှိဘူးလား
မေးခွန်းတွေကို စပြီး မဖြေမိစေနဲ့
သတိရှိရှိ မင်နဲ့ နေ
ခင်ဗျားကို တူးဖော်ပစ်လိုက်မှာ သိလား
ခင်ဗျားကိုယ်ခင်ဗျား ဘာကောင်မှန်းမသိစေနဲ့
ဘာလို့ပြန်မှာလဲ
မပြန်ရင်ကော မရဘူးလား
ဘယ်အချိန်ပြန်မှာလဲ
ဘာကြောင့်ပြန်ရတာလဲ
မသိချင်ဘူးလား မေးမည့်သူမရှိဘူးလား
မေးခွန်းတွေကို စပြီး မဖြေမိစေနဲ့
သတိရှိရှိ မင်နဲ့ နေ
ခင်ဗျားကို တူးဖော်ပစ်လိုက်မှာ သိလား
ခင်ဗျားကိုယ်ခင်ဗျား ဘာကောင်မှန်းမသိစေနဲ့
လွမ်းတေးချို
Comments
Post a Comment