တစ်ပတ်နွမ်း
တစ်ပတ်နွမ်း
ကျမမှာ ပုခက်လည်းလွှဲရ
ရှင့်ကိုလည်း မျက်နှာလွှဲမရ
ငြိမ်းချမ်းရေးကို မရဘူး
ဆိုးဆိုးပဲ
ရှင့်ကိုလည်း မျက်နှာလွှဲမရ
ငြိမ်းချမ်းရေးကို မရဘူး
ဆိုးဆိုးပဲ
သက်တမ်းရင့်လာတဲ့ ကျောက်ဟာ
တန်ဖိုးကြီးလာတယ်
အိမ်ထောင်ရေးဟာ လားရာတူမလား
ဆိုးဆိုးပဲ
တန်ဖိုးကြီးလာတယ်
အိမ်ထောင်ရေးဟာ လားရာတူမလား
ဆိုးဆိုးပဲ
ပါရီဟာ ကျင်ငယ်နံ့ ပဲလို့
ရှင်ပြောဖူးတယ်
မျှော်စင်ကြီး ကို ကျမ မက်မောလို့မဆုံး
ဆိုးဆိုးပဲ
ရှင်ပြောဖူးတယ်
မျှော်စင်ကြီး ကို ကျမ မက်မောလို့မဆုံး
ဆိုးဆိုးပဲ
ထမင်းဟင်းတွေအေးကုန်ပြီ
ဘီယာပုလင်းတွေက အအေးခန်းထဲမှာ
ကျမ စိုစွတ်လာတယ်
ဆိုးဆိုးပဲ
ဘီယာပုလင်းတွေက အအေးခန်းထဲမှာ
ကျမ စိုစွတ်လာတယ်
ဆိုးဆိုးပဲ
ရှင့်ကို စကားမပြောဘူး
ကမ္ဘာဦးကတည်းက စိတ်ကောက်နည်း
ရာသီဥတုကို သိပါ
ကမ္ဘာဦးကတည်းက စိတ်ကောက်နည်း
ရာသီဥတုကို သိပါ
ထုံးစံအတိုင်း
ရှင် ရွတ်လိုက်ပါဦး
ဆိုးဆိုးပဲ
ရှင် ရွတ်လိုက်ပါဦး
ဆိုးဆိုးပဲ
လွမ်းတေးချို
5 December 2017
Comments
Post a Comment