ရိုးမြေကျ

ရိုးမြေကျ

ငါ့ညီက လူလည်ပဲ
ဆံသဆရာက ငြိမ်ငြိမ်မနေရင် မညှပ်တော့ဘူးလို့ပြောတော့
ရတယ်လေ
ညှပ်ပြီးသားတွေ ပြန်ဆက်ပေးလို့
ဂျစ်တိုက်တဲ့ကောင်
ငါ့ညီကို ငါက
ကလေးလေးလို့ထင်တုန်း
ခုတော့ ငါညီဟာ
ငါ့လမ်းကို လိုက်ပြီး အန်ဂျီအိုလိုင်းထဲရောက်လာ
ငါလျှောက်တဲ့လမ်းထဲ
ငါသူ့ကို ဆွဲခေါ်တယ်
ပြီးတော့ သူ မပျော်ဘူးဆိုတာ ငါသိခဲ့တယ်
အလွယ်ကလေးမမှတ်ပါနဲ့
တစ်ခါတစ်လေ ငါလည်း ဘယ်လမ်းလျှောက်ချင်မှန်းမသိဘူး။
ငါ့ညီဟာ ငါ့ထက် ဘ၀ပိုလှခဲ့တယ်လို့ငါထင်တယ်
ငါတို့တွေ စာကျက်ဝိုင်းတောင် နပ်မမှန်တဲ့အချိန်မှာ
သူက ဘော်ဒါဆောင်မှာ နေခဲ့ရတယ်
ငါတို့ မသိခဲ့တာက
သူ့မှာ အိမ်ဆိုတဲ့ အရသာ ငတ်ခဲ့ရတယ်
ငါ့ညီဟာ အခု သူလမ်းကို သူဖောက်ဖို့
သူလျှောက်တဲ့လမ်းမှာ သူကျ မပျောက်ဖို့
သူယုံကြည်ရာအတိုင်း
အိမ်ကလေးတစ်လုံးကို ကိုယ်တိုင်ဆောက်မလို့ တဲ့
ငါ့ညီကို ငါက အဲ့ဒါ တောင်တန်းကြီး
တက်ပြီးသွားရင် တက်ပြီးရင်းတက်ရမှာလို့ ပြောတယ်
ပုံပြင်လေးတစ်ပုဒ်ကို ငါသတိရတယ်
တွင်းထဲက မြွေတွေကို စိန်ပွင့်တွေမှတ်ပြီး ကြိုးနဲ့ဆင်းတဲ့သူတွေအကြောင်းပေါ့
ငါပြုံးမိတယ်
အိမ်ထောင်ရေးဆိုတာ ငါထင်သလောက် မခက်ပါဘူး
ငါ့ညီက အချစ်အကြောင်း ငါ့ထက်ပိုသိခဲ့တယ်
ရိုမန်းတစ်ကလည်း ဆန်ပါ့
ခုလည်း သူ့ရဲ့  လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုကို ငါကြည့်တယ်
ပြီးတော့ ငါခြောက်ခြားသွားတယ်
ငါ့မိန်းမက ပြောရော့မယ်
နင်ကျတော့ ဘာလို့ ရိုမန်းတစ် မဆန်တာလဲပေါ့
လွမ်းတေးချို
၁၂.၃.၂၀၁၈
၉ နာရီ ၅၆ မိနစ် ( ည )
ကျနော့် ညီလေးနဲ့ ညီမငယ် ငုဝါတို့ ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စေ့စပ်ပွဲကို မလာဖြစ်လိုက်တဲ့အတွက်လည်း ဆောရီးပါ။ မင်္ဂလာပွဲကျရင်တော့ မဖြစ်မနေ လာပါမယ်။

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်