ဒုက္ခ

ဒုက္ခ
ရေစီးသန်တဲ့မြစ်ဟာ ဒုက္ခလား
အလင်းတန်းတွေအောက်မှာ
ဒုက္ခဟာ သောက်သုံးရေလား 
ဒုက္ခဟာ ပျားရည်ချိုလား
ဒုက္ခဟာ လျှပ်စစ်ဓာတ်အားလား
ဒုက္ခနဲ့လည်ပတ်လို့ ရတာဘာရှိလဲ။
ငါးဒုက္ခဆိုတာ စားဖူးတယ်
စားလို့ကောင်းတယ်
ဒုက္ခတွေ့ပါပြီလို့ ဘယ်သူအော်ဖူးလဲ
အော်ကြည့်ကြည့်
အသံအနိမ့်အမြင့်ပြောင်းပြီးအော်ကြည့်
ဒုတ်........ခ.........တွေ့
..........ဘာ…………..ဘီ
ကဗျာရေးရတဲ့ ဒုက္ခကို တော်တော်များရှောင်နိုင်လိမ့်မယ်
မရှောင်နိုင်ရင်တော့ ရူးလို့ပေါ့ကွာ
ဒုက္ခနဲ့ လှလှ နဲ့တော့ တွေ့နေပါပြီ
နေမြင့်လေ အရူးတွေက ရင့်လာလိုက်တာ
ကဗျာဒုက္ခက မကင်းဘူးပဲ
ဒုက္ခမှာလည်း အပေါင်းအသင်းနဲ့ဟ
ဒုက္ခနဲ့ တစ်ခါကြုံတိုင်း ချစ်သူလက်ကို တစ်ခါကိုင်ရပါလို၏ ဆိုလား
အိုမာခရမ် ဆိုလား ဒုက္ခသည်ကဗျာပေါ့ကွာ
လူပျိုသိုးကြီးတွေကို လက်ထိပ်ပဲတွဲခတ်လိုက်တာကောင်းမှာပေါ့
သူများကို လိုက်စ ရတဲ့ ဒုက္ခကလည်း မသေးဘူး
ဒုက္ခနဲ့နေပြီး ဒုက္ခနဲ့သေရတဲ့ လူဘဝ
ဒုက္ခပါပဲ တရားလမ်းကြောင်းပေါ်ရောက်ကုန်ပြီ
ဒုက္ခသည် ဆိုတာ ပဲပြုတ်သည် လို
ဒုက္ခလိုက်ရောင်းတာမျိုး မဟုတ်ဘူး
ဒုက္ခပါပဲ
ဒုက္ခကိုဘာလို့ ဒုက္ခခံပြီးရေးခဲ့ပါလိမ့်
လွမ်းတေးချို
၂၈ :၁၂:၂၀၁၇

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်