မိအေး

မိအေး
မိအေးဟာ နှစ်ခါမကဆိုတော့
မနာတတ်တော့ပါဘူး ဆိုလား
ဒါနဲ့ မိအေးက ဘာအလုပ် လုပ်တာလဲ
မိအေးဟာ မြန်မာပြည်ပဲ
မိအေးဟာ ပြည်သူပဲ
မိအေးဟာ အုပ်ချုပ်သူပဲ
မိအေးဟာ အမေရိကန်ကြီးနဲ့
မိအေးဟာ တရုတ်ကြီးနဲ့
မိအေးဟာ မလွယ်ပါလား
မိအေး အကြောင်းပြောမယ်ဆိုရင်
ပုဂ္ဂိုလ်ရေး မပါစေနဲ့
ဒီတစ်ကြောင်းနဲ့တင် ဘာပြောရမှန်းမသိတော့
မိအေး ကြောင့် ရတက်မအေးရ
မိအေးဟာ မဗေဒါလား
ဘဲအုပ်က တစ်ရာနှစ်ရာ
ဘဲအုပ်ထဲမှာ ဂေးဘယ်နှစ်ယောက်ပါမလဲ
ဘဲအုပ်ဟာ လောကဓံလား
မိအေးဟာ အယက်အကန်ခံလို့ အံကိုခဲလို့
မိအေးရှိမယ်
ဘယ်မှာရှိမလဲ
လိပ်စာ ရှိတယ်ပြောတယ်
မိအေးထွက်သွားပြီ
ဘယ်ထွက်သွားတာလဲ
တစ်နေရာရာလို့တော့ မှာသွားတယ်
မိအေးဟာ သဘာဝစိုက်ခင်း
မြေသြဇာမသုံးဘူး
သစ်ပင်တွေကိုရှင်းပစ်တယ်
မိအေးဟာ ရွေ့ ပြောင်းတောင်ယာ
အနားရပါ့မလား
မိအေးအိမ် လား
ပန်းခြံလေးရှိမယ်
လယ်ကွင်းတွေနဲ့နီးမယ်
စမ်းချောင်းလေးလည်းရှိမယ်
သစ်ပင်ပေါ်မှာ အိမ်ကလေးတစ်လုံး ရှိမယ်
ခလုတ်တိုက်မယ် သတိထား
မိအေးပြန်လာပြီ
မိအေး နှစ်ခါနာတဲ့အကြောင်းသိချင်သပဆိုရင်
မိအေးကို မေး
မိအေးက မျက်နှာပေါင်းတင်ထားတယ်
မိအေးက စကပ်တိုနဲ့
ဆေးဆိုးထားတဲ့ဆံပင်နဲ့
မိအေး မဆိုးပါဘူး
လူတိုင်းက မိအေးကို စိတ်ဝင်စားကြပြီ
နေ့ချင်းညချင်း မိအေးပြောင်းလဲလာတယ်
နဂိုအရပ်အတိုင်းပေမယ့်
ခန္ဓာကိုယ်က ပင်စည်လို ကြီးထွား
မိအေး ရယ်
ဟုတ်ကောဟုတ်ရဲ့ လား
မိအေးရဲ့  အိပ်ယာခင်းဟာ လိုတာထက်ပိုပြီး
ကြေမွ ခဲ့ရတယ်
ငိုချင်သူကို လက်မတို့နဲ့
မိအေးဟာ နည်းပညာ အသစ်ကို ဆာလောင်
ဆောင်လာ ခဲ့ဖို့လည်း မမေ့ဘူး
ခေတ်ကြီးက မိအေးကိုပဲ တမ်းတနေတော့တယ်
နေလှန်းထားတဲ့ ငါးခြောက်လို
မိအေးမျက်နှာ နီရဲနေတယ်
မိအေး ရှက်သွားတယ်
တွေးတွေးပြီးရယ်
မိအေးလက်ထပ်လိုက်တယ်
မိအေး ရွတ်တယ်
မိအေးနှစ်ခါနာပါ့ ဆိုလား
နှစ်ခါထက်တော့ ပိုသွားပြီ လုပ်လိုက်
လွမ်းတေးချို
9:56 PM
January 7, 2018

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်