နေ့စွဲများ

နေ့စွဲများ
ရထားဟာ ထွက်သွားတော့မှာပါလို့
ဘူတာရုံလေးက အော်တယ်
ဘယ်လိုခံစားရလဲဆိုတဲ့မေးခွန်းကို
သူ မဖြေနိုင်ဘူး
ရထားတွေကတော့ ရပ်မြဲ ထွက်ခွာမြဲ
ဘူတာမှန်ရင်
ရထားတစ်စင်းထဲကို ချစ်လို့မရဘူး
ဘူတာရုံလေးဟာ
လူတွေတရုန်းရုန်းနဲ့
အထီးကျန်နေသတဲ့
လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်