ခရီးက အခုမှစတာ
ခရီးက အခုမှစတာ
ကန္တရထဲလည်း မရောက်ဖူးဘူး
အမြင့်ဆုံးတောင် ဆိုတာလည်း မတက်ဖူးဘူး
ပင်လယ် အကြောင်းမပြောနဲ့ အုတ်ကန်ထဲမှာ တောင်
ရေမကူးဖူးဘူး ရေလည်း မကူးတတ်ဘူး
ခပ်တည်တည်နဲ့ ကဗျာထဲ ထည့် ရေးပစ်လိုက်တာပါပဲ
အမြင့်ဆုံးတောင် ဆိုတာလည်း မတက်ဖူးဘူး
ပင်လယ် အကြောင်းမပြောနဲ့ အုတ်ကန်ထဲမှာ တောင်
ရေမကူးဖူးဘူး ရေလည်း မကူးတတ်ဘူး
ခပ်တည်တည်နဲ့ ကဗျာထဲ ထည့် ရေးပစ်လိုက်တာပါပဲ
ဆော်လမွန်ငါးတွေနဲ့ မနေ့ကပဲ တွေ့ခဲ့သလိုလိုနဲ့
ဈေးထဲက ငါးတောင် စုံအောင် မမြင်ဖူးဘူး
မင်းကို မမေ့ဘူးလို့ ရေးတယ်
ပြီးတော့ အိမ်သော့ပျောက်လို့ လိုက်ရှာရတာ မောလိုက်တာ
ဈေးထဲက ငါးတောင် စုံအောင် မမြင်ဖူးဘူး
မင်းကို မမေ့ဘူးလို့ ရေးတယ်
ပြီးတော့ အိမ်သော့ပျောက်လို့ လိုက်ရှာရတာ မောလိုက်တာ
တစ်ခါတစ်လေ အပိုဆာဒါးလေးတွေနဲ့
နဂို ထက်ပိုပြီး ၀ါကြွား ရေးသားနေရတာပါပဲ
နဂို ထက်ပိုပြီး ၀ါကြွား ရေးသားနေရတာပါပဲ
မျက်စိတွေမှိတ်လိုက်တိုင်း မြင်ယောင်တယ်ဆိုတာလည်း
အခါတစ်ရာမှ တစ်ခါ ပါကွာ
စိတ်ကူးထဲကနေ ခုန်ပြီးထွက်လိုက်တော့
မင်းရော ငါရောမှာ ဖုန်းလိုင်းတွေ မမိဘူး
တကူးတက ဆက်သွယ်ဖို့ မကြိုးစားကြဘူး
တွေ့တဲ့အခါ တွေ့ကြပြီး
မတွေ့တဲ့အခါ မတွေ့ကြဘူး
အခါတစ်ရာမှ တစ်ခါ ပါကွာ
စိတ်ကူးထဲကနေ ခုန်ပြီးထွက်လိုက်တော့
မင်းရော ငါရောမှာ ဖုန်းလိုင်းတွေ မမိဘူး
တကူးတက ဆက်သွယ်ဖို့ မကြိုးစားကြဘူး
တွေ့တဲ့အခါ တွေ့ကြပြီး
မတွေ့တဲ့အခါ မတွေ့ကြဘူး
ဖုန်ဝင်သွားမှ မျက်ရည်ဆိုတာကျ ရတာပါ
အရှိတရားဆီပဲ သွားရအောင်ကွယ်
အရှိတရားဆီပဲ သွားရအောင်ကွယ်
ရုပ်ရှင်အတူကြည့်မယ်
မကြိုက်တော့ရင် ပိတ်ပစ်မယ်
အိပ်ယာခန်းတွေ လည်း ကျော်ရစ်ကြည့် မနေတော့ဘူး
မကြိုက်တော့ရင် ပိတ်ပစ်မယ်
အိပ်ယာခန်းတွေ လည်း ကျော်ရစ်ကြည့် မနေတော့ဘူး
ဘ၀ အတုကနေ ဘ၀အစစ်ဆီ ရောက်ဖို့
မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ရတယ်ဆိုတာ
ငါတို့သိခဲ့ကြပြီလေ ။
မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ရတယ်ဆိုတာ
ငါတို့သိခဲ့ကြပြီလေ ။
လွမ်းတေးချို
Comments
Post a Comment