အစ=အဆုံး

အစ=အဆုံး
ပုလင်းလွတ်ကလေး ကျကွဲတော့
မျက်ရည် ဘယ်ထွက်မလဲ
တစ်အိမ်လိုနေတဲ့ ဖဲဝိုင်းကတော့
ဆက်ရိုက်နေမှာပဲ
အရှိန်နဲ့လည်နေတဲ့ဘီးပေါ်က
တစ်ရှူးတစ်စ
အစက မစခဲ့ရင်
ဆုံးဖို့ဘယ်ရှိမလဲ
တွေ့မယ့်တွေ့တော့လည်း
လမ်းပေါ်မှာ ထိပ်တိုက်ကြီး
လိုတာထက်ပို မကြေကွဲနိုင်ဘူး
တော်ပြီလား
ဒီလောက်ဆို
လွမ်းတေးချို
21 Feb 2018

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်