ငါ့များ စာဖတ်တယ် ထင်နေမလား
ငါ့များ စာဖတ်တယ် ထင်နေမလား
ငါ ရွှေဥဒေါင်းဖတ်တယ် ၊ သိန်းဖေမြင့်ဖတ်တယ် ၊
နတ်နွယ် ဖတ်တယ် ။ မြသန်းတင့်ဖတ်တယ် လို့ပြောဖူးလား
ဟုတ်ကဲ့မပြောဖူးပါဘူး
နတ်နွယ် ဖတ်တယ် ။ မြသန်းတင့်ဖတ်တယ် လို့ပြောဖူးလား
ဟုတ်ကဲ့မပြောဖူးပါဘူး
ငါ ဟဲမင်းဝေးဖတ်တယ် ၊ ဂျိမ်းဂျိုက်စ် ဖတ်တယ် ၊ စတိန်းဘတ်ဖတ်တယ်
ဘယ်လောက်ဖတ်တယ် ဆိုတာမင်းကို ပြောဖူးလား
ဟုတ်ကဲ့ မပြောဖူးပါဘူး
ဘယ်လောက်ဖတ်တယ် ဆိုတာမင်းကို ပြောဖူးလား
ဟုတ်ကဲ့ မပြောဖူးပါဘူး
ငါ မောင်ချောနွယ်ဖတ်တယ် ၊ သုခမိန်လှိုင်ဖတ်တယ် ၊ အောင်ချိမ့်ဖတ်တယ်လို့
မင်းကို ပြောဖူးလား
ဟုတ်ကဲ့ မပြောဖူးပါဘူး
မင်းကို ပြောဖူးလား
ဟုတ်ကဲ့ မပြောဖူးပါဘူး
ဒါများ ငါ့ကို စာမဖတ်ဘူးလို့ မင်းထင်နေလား
ဟုတ်ကဲ့ မထင်ပါဘူး
ဟုတ်ကဲ့ မထင်ပါဘူး
လွမ်းတေးချို
2:35 PM
6 April 2018
2:35 PM
6 April 2018
Comments
Post a Comment