Posts

Showing posts from June, 2016

မေးခွန်းများနှင့် ကစားခြင်း ၁

ကိုယ့်ဘာသာ ဦးနှောက်မုန်တိုင်းဆင်ပြီး ချရေးဖြစ်လိုက်တဲ့မေးခွန်းတွေဖြစ်ပါတယ်။ တစ်ဖက်ဖက်ကို စောင်းပေးပြီး မေးခွန်းထုတ်တာထက် ကိုယ်ကိုယ်တိုင်မရှင်းလင်းတဲ့အချက်အလက်တွေကို မေးခွန်းပုံစံမျိုးချရေးမိသွားပါတယ်။ မေးခွန်းတွေကို စိတ်ထဲက တိုးတိုးလေးဖြေကြည့်နိုင်သလို ၊ ကွန်မန့်မှာ မန့်သွားလို့လည်း ရပါတယ်။  ဆက်ကပ်တွေထဲက ကမ္ဘာလုံးထဲမှာ ဆိုက်ကယ်ပတ်စီး နေရသလို ဘယ်မှလဲမရောက် ပတ်ချာလည် နေတဲ့ ပြဿနာ တစ်ရပ်ကို ဖြေရှင်းသင့်နေပြီလို့ ယူဆလို့ပါ ။ ဂျာနယ်လစ်မိတ်ဆွေတွေ ဖတ်မိရင်လည်း  ပက်သက်ဆက်နွယ်သူတွေ၊ တာဝန်ရှိသူတွေကို မေးစရာ မေးခွန်းတပိုင်းတစ ရသွားခဲ့ရင် ပျော်မိမှာပါ ။ မိတ်ဆွေစိတ်ထဲမှာ ပေါ်လာတဲ့မေးခွန်းတွေကိုလည်း ချရေးပစ်လိုက်လို့ရပါတယ်။ ကျွန်တော်တော့ မေးခွန်းတွေနဲ့ ကစားနေမိပါတယ်။ အပိုင်း တစ်။   ။ သူတို့ ဘယ်သူတွေလဲ ။ 1.     ရိုဟင်ဂျာ ဆိုတာ ဘယ်သူတွေလဲ။ 2.     သူတို့ကို သူတို့ ဘယ်လို ခေါ်ကြသလဲ ။ သူတို့ဆီမှာ သမိုင်းမှတ်တမ်းတွေရှိသလား။ 3.     အခြားနိုင်ငံတွေမှာကော သူတို့နဲ့စပ်လျဉ်းတဲ့ ခေတ်ပြိုင် မှတ်တမ်းတွေ ၊ စာပေ တွေကော ရှိသလား ။ 4.  ...

ကျွန်တော်တွေးမိသောလက်များ

ကျွန်တော်တွေးမိသောလက်များ လက်တွေအကြောင်းအများကြီးတွေးခဲ့ဖူးသည်။ တခါမှတော့ စာချမရေးခဲ့ဖူး ။ အခုတော့ရေးဖို့ကြိုးစားကြည့်သည်။ ရေးရင်းပျော်ပျော်လာသည်။ ဒါနဲ့ ပိုပိုရေးဖြစ်သွားသည်။ နိစ္စဓူဝ လက် လက်သည် ကျွန်တော်တို့ နေ့စဉ်ဘ၀တွင်တော်တော် အသုံးဝင်သည်ဟုလည်းမြင်သည်။ မနက် အိပ်ယာထသည်နှင့် မျက်လုံးကို လို လက်နဲ့ပွတ်သပ်ကာ အိပ်ယာနိုးခဲ့သည်။ မျက်နှာသစ် ၊ သွားတိုက်တော့လည်း ဒီလက်မပါလျှင်မဖြစ်။ အိမ်သာတက်ရင်လည်း လက်ကို မဖြစ်မနေ သုံးရသေးတယ်။ မနက်စာစားမလား လက်မပါလျှင်မဖြစ် ။  တစ်ခုခု သယ်လျှင်လည်း လက်ဖြင့်သယ်ရသည်။ ဖုန်းပြောလျှင်လည်း လက်ဖြင့် ပြောရသည်။ တချို့  သော တစ်ကိုယ်ရည် တစ်ကာယ သမားတွေကို လက်သမားတွေဟုခေါ်သေးသည်။ အင်္ဂလိပ်ဟာသ တစ်ခုရှိသည်။ နှစ်ဦးပျော်ပါးလျှင် twosome ဟုသုံးနှုန်းသည်။ သုံးဦးပျော်ပါးလျှင် threesome ဟုသုံးနှုန်းကာ ၊ လေးဦးပျော်ပါးလျှင် foursome ဟုသုံးနှုန်းပြန်သည်။  အကယ်၍တစ်စုံတစ်ယောက် က သင့်ကို handsome ဟုသုံးနှုန်းလျှင် ၊ သင်မည်သို့ အဓိပ္ပာယ်ပေါက်မည်နည်း။ ဒီဟာသလေး ဖတ်မိပြီး ရင်းနှီးသော သူငယ်ချင်းများကို နောက်ပြောင်ပြောမိသေးတယ်။ ဒါလည်း လက်နဲ့မကင်းဘူးမဟုတ်လား ။ လုပ်ငန်းခွင်...

CV လေးတော့ ပြင်ထားစေချင်

CV  လေးတော့ ပြင်ထားစေချင် အခု တစ်လော ကိုယ်လုပ်ရတဲ့ အလုပ်က ကိုယ်နဲ့အလုပ်တွဲလုပ်ဖို့ ၀န်ထမ်းသစ်တွေဌားရမ်းရတဲ့ အလုပ်ဗျ။ အဲဒီတော့ CV  တွေ ၊ application letter တွေ မုန်းလောက်အောင် ဖတ်နေရတဲ့ကာလပေါ့။  ဖတ်ရင်းနဲ့ စိတ်ထဲမှာ အားမလို အားမရဖြစ်တာမျိုး ခံစားမိတယ်။ ဘာကို အားမလို အားမရဖြစ်တာလဲဆိုတော့  CV တို့ application တို့ကို စနစ်တကျပြင်ဆင်ထားတဲ့ လူဦးရေ အရမ်းနည်းလို့ပါပဲ။  CV  ဆိုတာ ကိုယ်နားလည်သလောက် ပြန်ပြောရရင် ကိုယ့်ကိုယ်ကိုယ်ရောင်းတဲ့ စာရွက်စာတမ်းတစ်ခု ပဲဖြစ်ပါတယ်။  ဈေးရောင်းသလိုပါပဲ ။ ဈေးရောင်းရင် အပြကောင်းရပါတယ်။  ကိုယ့် CV  ကို စဖတ်ကြည့်ကတည်း ဆက်ပြီး မလွှတ်ချချင်လောက်အောင်  ပြင်ဆင်ထားဖို့လိုပါတယ်။ ကိုယ့်ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေ ၊ အတွေ့ အကြုံ တွေ ကို အလုပ်နဲ့ စပ်လျဉ်းတယ်ထင်ရင် ထည့်သင့်သလောက်သာ ထည့် ပေတော့ ဗျို့  ။ အခုလို အင်တာနက်ခေတ်ကြီးမှာ CV  တစ်စောင်ပြင်ရတာ သိပ်ခက်ခဲလှတာတော့ မဟုတ်ပါဘူး။  အဲ့ဒီအတွက် အချိန်ပေးလိုက်ရင် ကိုယ့်အတွက် အကျိုးအများကြီးရှိနိုင်ပါတယ်။ နောက်တစ်ခုက application letter ရေးတာပါပဲ ။  C...

ကွဲပြားတာ ခွဲခြားဖို့ မဟုတ်ဘူးတို့ ဘာတို့

ကွဲပြားတာ ခွဲခြားဖို့ မဟုတ်ဘူးတို့ ဘာတို့ မတူညီတဲ့ ယဉ်ကျေးမှု တွေကြား ဘယ်လို ပြောဆိုဆက်ဆံကြမလဲ ဆိုတဲ့ သင်တန်းတွေ တက်ခဲ့ ပေးခဲ့ဖူးပါတယ်။ အခုတစ်လော အဲဒီအကြောင်းအရာလေးတွေလေ့လာဖြစ်တယ်။ အဲဒီမှာ ယဉ်ကျေးမှုတစ်ခု ဖြစ်တည်လာဖို့အတွက် အခြေခံတန်ဖိုးထားမှုတွေကလည်း အခြေခံအုတ်မြစ်တွေ ဖြစ်တဲ့အကြောင်း ၊ တန်ဖိုးထားမှုတွေ မတူညီကြတဲ့ လူတွေအချင်းချင်းကြားမှာ ဘုံတူညီတာလေးတွေ မျှပြီး နားထောင် ပိုပြီး သဟဇာတ ဖြစ်တဲ့ လူ့ ဘောင်ကို တည်ဆောက် နိုင်လာလိမ့်မယ်လို့ထင်ပါတယ်။ တချို့ က တစ်ကိုယ်ရည်တစ်ကာယ သမားတွေ ၊ တချို့ က အုပ်စုလိုက် နေထိုင်ရတာ ကိုမှ လူ့လောက ရဲ့  အနှစ်သာရလို့ သတ်မှတ်ကြတာမလား ။ ယဉ်ကျေးမှုကွဲပြားတဲ့ သူနှစ်ဦးကို ကိုယ်နဲ့ သူဆိုပြီး ရေးထားပါတယ်။ ကိုယ်ကိုယ်တိုင်ကော ဘယ်ထဲမှာပါသလဲ ၊ ဘယ်ဖက်ကို ပိုယိမ်းသလဲ ၊ ကိုယ့်ဖက်လား သူ့ဖက်လား ၊ ကိုယ်ရောသူကော မျှနေတယ်လို့ ထင်သလား။ ဘယ်သူဘယ်ဝါက ပိုကောင်းတယ်လို့တော့ သတ်မှတ်လို့ ရတယ်မထင်ဘူး။ ကမ္ဘာကြီးဟာ တစ်ကိုယ်ရည် တစ်ကာယ ခေတ်ကြီးကို ပိုပြီး ဦးတည်နေတယ်လို့ထင်ပါတယ်။ ကုမ္ပဏီကြီးတွေ ၊ အစိုးရ အဖွဲ့ အစည်းတွေ ၊ UN တို့  INGO တို့တွေဟာ ပိုပြီး အချိန်တိကျပြီး ၊ Deadline တွေနဲ့ အလုပ်လ...

ဆရာတိုက် အမှတ်တရ

မယုံနိုင်ဘူး ဆိုတဲ့စကားကို အကြိမ်ကြိမ် တီးတိုးရွတ်မိတယ် ။ ဖေ့စ်ဘုခ်ပေါ်က သတင်းဟာ အစစ်ဖြစ်ချင်မှ ဖြစ်မှာပါလေလို့ ဖြေသိမ့်တယ်။  အခြားသူတွေကပါ စတေးတပ်စ်တွေ တင်လာတဲ့အခါ ဒါဟာ သေချာသွားပြီပဲလို့  မှတ်ယူလိုက်ရတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး ဖုန်းကိုင်ပြီး ငိုင်နေတယ်။ ဟုတ်တယ် ဒီနေ့မနက်ပေါ့ ။ လူမှုရေးပညာ ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော် လေးနက်စွာ သိခဲ့ရတာ သူ့ကြောင့် ။ သူနဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်ဖူးတယ် ။ အရက်ဆိုင်လည်း အတူထိုင်ဖူးတယ်။ သူ့အိမ်မှာလည်း အတူထိုင်ပြီး စကားတွေ အများ ကြီးပြောခဲ့ဖူးတယ်။ စကားပြောတယ် ဆိုတာထက် ကျွန်တော်က နားထောင် ခဲ့တာ ပိုများခဲ့တယ်။ တန်ဖိုးရှိတဲ့ သူတစ်ယောက်ဆီက စကားတွေကို ထိုင်နားထောင် ရတာ ပိုပြီး အကျိုးရှိတယ်လေ။  ပြောခဲ့မိတဲ့ စကားတွေက စိတ်ပညာ အကြောင်းတွေ၊ တွေးခေါ်မှု ဆိုင်ရာ အကြောင်း၊ ဘာသာရေး အပေါ် အမြင်တွေ ၊ သူဟာ Generalist  ခြုံ ငုံသုံးသပ်နိုင်စွမ်းသူ၊  micro  level  ကနေ  macro  level အထိ ခြုံ့  နိုင် ချဲ့  နိုင် ပြောဆိုနိုင်သူဖြစ်တယ်။ အလုပ်နဲ့ ပက်သက်ပြီး ကျွန်တော့်ရဲ့  ရင် ဖွင့်မှုတွေကို နားထောင် ခဲ့တဲ့ သူ ။ ကျွန်တော်သာ မကပါဘ...

သင်တန်းဆရာမှတ်စုများ

စာသင်ခန်းတွင်းစီမံခန့်ခွဲမှု စာသင်ခန်း စီမံခန့်ခွဲမှု ဆိုတာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက် တဲ့ ပညာရပ်တစ်ခုပါ ။ များသောအားဖြင့် စာသင်ခန်းထဲမှာ ဆရာက ရှေ့ ကနေစာသင်မယ် သင်ယူသူတွေက ငြိမ်သက်စွာ ထိုင်ပြီး နားထောင်နေမယ် ဆိုရင် ဒီဆရာ အတန်းကို တော်တော်ထိန်းနိုင်တာပဲ လို့ မြင်ကြပါတယ်။  သင်ကြားရေးရဲ့  အဓိက ပန်းတိုင်ဟာ သင်ယူတွေတွေ ငြိမ်သက်နေဖို့မဟုတ်ပါဘူး ။ သင်ကြားလိုက်တဲ့ ဘာသာရပ်ကို သင်ယူသူတွေ ဘယ်လောက်နားလည်သွားလဲ ၊ ဘယ်လောက်ပြန်အသုံးချနိုင်သလဲ ၊ ဘယ်လောက် ထိ ခွဲခြမ်းစိတ်ဖြာနိုင်သလဲ ၊ ဘယ်လောက်ပြန်သုံးသပ်နိုင်သလဲ ၊ ဘယ်လောက် ကိုယ်ပိုင် အိုင်ဒီယာ အသစ်တွေ မွေးဖွားလာနိုင်သလဲ  ဆိုတာကို ကြည့်ရှု အကဲဖြတ်ရမှာဖြစ်ပါတယ်။ သင်ယူသူတွေက အပြုခံတွေမဟုတ်ပဲ ကိုယ်တိုင်လုပ်ဆောင်သူတွေ ဖြစ်လာတဲ့ ခေတ်ကြီးဖြစ်နေပါပြီ ။ သင်ယူသူကို ဗဟိုပြုပြီး သင်ကြားတဲ့ နည်းလမ်းတွေကို ရင်းနှီးကျွမ်းဝင်သွားအောင် လုပ်ပေးဖို့ မြန်မာပြည်ပညာရေးက တောင်းဆိုနေပါ ပြီ ။ သင်တန်းပို့ချသူ တွေ အနေနဲ့တော့ စာသင်ခန်းစီမံခန့်ခွဲမှုကို လေ့လာထားဖို့လိုပါတယ်။  အသံနေအသံထား၏ အရေးကြီးမှု သင်ကြားသူ အနေဖြင့် အခန်းထဲမှာ ဘယ်လို တင်ပြသလဲ ဆို...

တစ်ယောက်ယောက်က ရူးနေတာလို့ ပြောရင် ငြင်းချက်ထုတ်စရာမရှိဘူး

"တစ်ယောက်ယောက်က ရူးနေတာလို့ ပြောရင် ငြင်းချက်ထုတ်စရာမရှိဘူး" ရေသန့်ဈေးတွေတက်တယ် ရေးချင်တာဒါမဟုတ်ဘူး မျက်စိနာ သူတွေ အခန်းကျဉ်းလေးထဲမှာ ပေါများလာတယ် ကိုယ့်ကိုယ်ကိုယ် တစ်ခုခုဖြစ်နေပြီ ထင်တဲ့စိတ်နဲ့ ခြေထောက်တွေ ရေစိမ်ဖြစ်တယ် တစ်ယောက်ပြီးတစ်ယောက်တွေ့တယ် သူတို့တွေဆီက လိုချင်တာ ဒါမဟုတ်ဘူး ကိုယ့်ဆီကလိုချင်တာလည်း ဒါဟုတ်မယ်မထင်ဘူး။ စာသင်ခန်းထဲမှာ ကဗျာ ထိုင်ရေးဖြစ်တယ် လိုရာထက် ပိုပြောတဲ့ ဆရာတွေကို ငါမလိုချင်ဘူး ဆရာမကောင်းတဲ့ အခါ တပည့်တွေထပြန်ကြတယ် ဒါဟာ ဒီမိုကရေစီပေါ့ တပည့်တွေမကောင်းတဲ့ အခါ ဆရာ ထမပြန်နိုင်ဘူး ဒါလည်း ဒီမိုကရေစီပေါ့ တံမြက်လှည်းသံတွေကြားတယ် ဒါဟာ မနက်ခင်းပဲ အိမ်နီးနားသန့်ရှင်းရေးဟာ ဘယ်သူ့အရေးလဲ အိမ်နောက်ဖေးလမ်းကြားက ကိုင်းကျိုး ထီးလို ဘယ်မိုးနဲ့ ဘယ်နွေကမှ ယူသုံးခြင်းမရှိ အဲဒီလို မြင့်မြတ်ခဲ့ပါတယ်။ စောက် တွေသုံးပြီး စကားတွေ ရေပက်မ၀င်ပြောခဲ့တယ် အပုပ်အစပ် ဆိုတာ ချိုမြိန်မှန်းသိခဲ့ရ ကိုယ့်စိတ်သူ့စိတ်ကို ဘယ်သူပြန်လျှော်မလဲ နှစ်ယောက်တစ်စိတ်ကို ဘယ်သူ ပြန်သယ်ဆောင်လာမလဲ တစ်နာရီတိတိ ဖုန်းဆက်တိုက်ခေါ်ထားတယ် မာနကြ...

လူနာ

လူနာ သူ့မျက်လုံးမှာ ဒဏ်ရာကို အားယူပြီးကြည့်လိုက်တဲ့အကြည့် သူတိုက်နေတယ် ခံစစ်နဲ့တိုက်နေရတယ် သေချာပြီလို့ သူ့မိသားစုကပြောတယ် အမျိုးတွေ ရောက်နေကြပြီ ဈေးဝယ်ဖို့ပြင်နေကြပြီ သူကလွဲပြီး အကုန်ညည်းနေတဲ့သီချင်းဟာ သေခြင်းတရားပဲ ပထမဆုံး အကြည့်မှာ ကိုယ်မမေ့တော့ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ အကြည့် ဟိုးငါးကန်ထဲက အမြှပ်တွေလိုလေ ဒီမှာတော့ ဈေးကြီးပေးဝယ်နေရ အလကားရတာကို တန်ဖိုးထားတတ်ဖို့ သင်ကြားခြင်းခံရ ဆေးရုံပြင်ရောက်မှ လေကို ခပ်ပြင်းပြင်းရှူလိုက်တယ်။ မိသားစုဝင်တွေရဲ့  အကြည့် ဟာ မီးစာကုန်ဆီခမ်းနေတယ် အကုန်လုံးက လက်လျှော့လိုက်ပြီ သူပဲ လက်မလျှော့သေး ဒါဟာ ပေါ့သေးသေးစကားမဟုတ်ဘူး။ အဲအကြည့်တွေငါသိပ်ကြောက်တာပဲ လို့ ဆိုသူတွေရှိသေး လွယ်လွယ်ကူကူတွေ့ ဖို့ရာ လွယ်လှတာတော့မဟုတ် မရဏမင်း … . ဘ၀ဟာ ရေပွက်ပမာဆိုပြီး ခင်ဗျားကျတော့ မြဲလွန်းလှတယ် လွမ်းတေးချို 21 January 2014 at 18:15 · Yangon, Burma · မနေ့ကသူငယ်ချင်းတစ်ယောက်ရဲ့  အဖေ ကို လူနာမေးဖို့ ဆေးရုံတစ်ရုံရောက်တယ်။ ကိုယ်တို့ပြန်လာပြီး  မကြာခင်မှာပဲ နာရေးသတင်းကို ကြားလိုက်ရတယ်။

ငါးခုံးမတွေမဖတ်တဲ့ ကဗျာ

ငါးခုံးမတွေမဖတ်တဲ့ ကဗျာ ခင်ဗျား ကိုယ်ကျင့်တရားက နံ တယ်လို့ အော်ပြောတဲ့အခါ လူတစ်အုပ်လုံးက လှည့်ကြည့်တယ်။ ချိုင်းနံ့ ကို မသိမသာ ရှူ ကြည့် တဲ့ သူကရှူ ရေမွှေးပုလင်း ကို မသိမသာ ထုတ်တဲ့သူက ထုတ် စနိုးတာဝါလေး ထုတ်ပြီး မျက်နှာကို သပ်တဲ့သူက သပ် လူအုပ်ကြီးထဲက လူတစ်ယောက်က မင်းဟာ လူလိမ်ပဲ လို့ ဆိုတဲ့အခါ အဲ့ဒီ လူတစ်အုပ်လုံးက လက်သီးလက်မောင်းတန်း ထောက်ခံ ကြသတဲ့။ လွမ်းတေးချို ၂၁ ဇန်န၀ါရီ ၂၀၁၄

ဆာရာခေး

ဘာသာပြန်တာဟာ ကျွန်တော့်အတွက် လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပြီးရင်းနက်နေတဲ့ တွင်းနက်ကြီးရဲ့  အောက်ခြေကို အလည်သွားသလိုပါပဲ ။ အခုတော့ လှတပတ ကောင်မလေးတစ်ယောက်ရဲ့  ကဗျာကို လက်ဆော့ပြီး ဘာသာပြန်မိပါတယ်။ အလွဲအမှားတွေကတော့ အများကြီး ရှိမှာ အသေအချာပါပဲ ။ မနေနိုင်လို့ လက်ဆော့လိုက်တဲ့ ကောင်တစ်ယောက် ရဲ့  အပြစ်လို့ မှတ်ပေးပါ ။ အခု ဆာရာခေး နဲ့မိတ်ဆက်ပေးချင်ပါတယ်။  ဆာရာခေး ဟာ အမေရိကန် ကဗျာဆရာမ တစ်ဦး ဖြစ်ပါတယ်။ သူက spoken word  ကဗျာ တွေကို ကိုယ်တိုင်ရေးသားရွတ်ဆိုတဲ့သူပါ။  spoken word  ဆိုတာ ရွတ်ဆိုဖို့ အတွက်ရေးသားတဲ့ ကဗျာပါ ။ ကဗျာကို ရွတ်ပြီး တင်ဆက်တဲ့ စိတ်ဝင်စားဖွယ်ရာ ဆာရာခေးဟာ ဆယ်ကျော်သက်တွေရဲ့  အသဲစွဲ လို့ပြောရင်လည်း ရပါတယ်။  အခု သူရေးသား ရွတ်ဆို ခဲ့တဲ့ ကဗျာ တစ်ပုဒ် ဖြစ်တဲ့  The Type  ဆိုတဲ့ ကဗျာလေးကို တတ်နိုင်သလောက် ဘာသာပြန်ကြည့်မိပါတယ်။  ကဗျာရွတ်သိပ်ကောင်းတဲ့ ကောင်မလေး ကို မမြင်ရပဲ စာသားတွေကို ပဲ ဘာသာပြန်ရတာဖြစ်တဲ့အတွက် ဟာတာတာ ကြီးဖြစ်နေမှာတော့ မလွဲပါဘူး ။ သူ ကဗျာရွတ်တာကို youtube မှာ ရှာကြည့်နိုင်ပါတယ်။  အောက်မှာ link ပေးထားပါတယ်။ လူတိုင်းဟာ ...