Posts

Showing posts from April, 2018

ကဗျာဟာ လက်ဂိုကစားနည်းတွေနဲ့ နင်လား ငါလား စသည်ဖြင့်

ကဗျာဟာ လက်ဂိုကစားနည်းတွေနဲ့ နင်လား ငါလား စသည်ဖြင့် အဆင်မပြေမှုဟာ တံခါးဝမှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးမရသေးဘူး ခေါင်းပေါ်ကျနေတဲ့ ရေတစ်စက်ချင်းစီဟာ ချက်ချင်းဆို ဘယ်သိသာပါ့မလဲ အေးစက်သွားမယ် တစ်ခုခုဟာ သင့်ဆီရောက်လာပြီး တစ်ခုခုဟာ သင်နဲ့မဆိုင်တော့ပါဘူးလို့ တဖြည်းဖြည်း ပြောနေမယ်ဆို အဲ့ဒီတစ်ခုခုကို သင်လိုချင်တပ်မက်နေပါ့မလား တွေးရမှာပူတယ် ဝေးရမှာပူတယ် အတွေးထဲမှာတင် ဝေးရမှာကြောက်တယ် အဝေးတစ်နေရာကနေ ဆွေးရမှာကြောက်တယ် ဒါပဲရေးနေတယ်လို့ပြောစရာရှိတယ် ဒါမရေးရင် ဘာရေးရမလဲလို့မေးရမယ် အပိုင်ချည်းလာကိုင်တာမျိုး မကြိုက်သလို အနိုင်ချည်း လာပြိုင်တာမျိုးလည်း မကြိုက်ဘူး ။   ခက်တယ် ရှက်တယ် မအူမလည်နဲ့ လူလည်တွေ သဗ္ဗေ သတ္တာ ကံမတကာ ပါဋိတွေ စာလုံးပေါင်းမှားကြည့်တယ်   တစ်ခါတစ်လေ အမှားတွေက အဓိပ္ပာယ်အသစ်တွေနဲ့ လန်းဆန်းနေတာမျိုး အလျားအနံ မရှိ ကြီးထွားနေတာမျိုး အသွားပဲရှိပြီး အပြန်မရှိတာမျိုး ဒါမျိုးတွေ ဒါမျိုးတွေပေါ့ အကျိုးမျှော်ဆောင်ရင်း အချိုးတော်တော်ပြောင်းသွား ရင်ထဲမှာ နွေးသင့်သလောက်နွေးရမယ် မချပဲမရေး ချပြီးရေး ရေးရင်းရည်ရွယ်ရာကို ဝေးသွားတာ ဘာ၊ဘယ်လို ၊ ဘ...

ဖုန်းဆိုးမြေ

ဖုန်းဆိုးမြေ အနံ့ပြင်းပြင်းရလိုက်တာနဲ့ လိုချင်တပ်မက်မှုဟာ အဆုံးစွန်ထိ ခရီးထွက်ခဲ့ရတာပါပဲ ။ မသက်မသာ နဲ့ ကြမ်းပြင်ကို ပွတ်သပ်ကြည့်ခဲ့ရတယ်။ အသံတွေကိုကြားရင် ပြန်လာမှာ မဟုတ်ဘူးလို့ ထင်ခဲ့ရတယ်။ မတော်တဆ ပြုတ်ကျခဲ့တယ်ဆိုရင်တောင် ရည်ရွယ်ထားခဲ့တာပါလို့ ပြောရဲနိုင်တဲ့ သတ္တိမျိုး နဲ့ ။ ကောင်းကင်ကို ပိတ်လိုက်တယ်။ ကောင်းကင်ဆီမှာ လိုချင်တဲ့ ကြယ်မျိုးကွဲတွေ မရှိဘူး။ သံသယ ကိုထိန်းချုပ်ထားမလား ။ ပွင့်အံပြီး ထွက်လာမလား။ တစ်ယောက်တည်းဘ၀ ကို ခုံမင်တယ်လို့ ပြောနေကြ ဘော်ဒါကြီးက တစ်ရွာပြောင်းပြီး သူကောင်းဖြစ်သွားပြီ ။ နေရာကို လိုသလောက်ရွှေ့ ယူပြီး ရွှေစတွေလို ကျင်ယူ ရပြန်တယ်။ ရွှေဟာ တန်ရာတန်ကြေးထက်ပိုပြီး ရလောက်တဲ့ အရည်အသွေးမျိုးနဲ့ ။ အသံတွေဟာ တကူးတက ရောက်မလာခဲ့ဘူးဆိုရင်တောင်မှ လွယ်လင့်တကူလမ်းကြုံနေခဲ့တာပါပဲ ။ တခြားနေရာကို မျက်နှာမလွှဲနဲ့ လို့ပြောပြီး ကြောက်ရွံ့  စိတ်ကို ဖိုးကပ်စ်ဖြတ်ထားလိုက်တဲ့အခါ အငြိုးတကြီးနဲ့ ကန္တာရ တစ်ခု အပိုင်ရတယ်။ ကန္တာရကို စိုက်ပျိုးမြေလို့ ထင်မှတ်တဲ့ အကောင်းမြင်မှုမျိုးနဲ့ ပျိုးတွေ ကြဲပြီးရင်းကြဲပက် ။ လိုအပ်ရင် လိ...

နေပြည်တော်

နေပြည်တော် တခမ်းတနားနဲ့နေမှ လမ်းသလားလို့ကောင်းတဲ့မြို့  ဟော်တယ်တွေဈေးပေါပြီး တက်စီခတွေ လှေကားထောင်ထားတဲ့မြို့  တမျှော်တခေါ်လမ်းတွေပေါ်မှာ ကီလို ၁၀၀ ဆိုတာ ဘာဟုတ်သေးလဲ အနှေးကောင်ဆိုပေမယ့် မြန်ခဲ့ရတာချည်းပဲ ဖော်ရိန်နာတွေကများများ စီးပွားရေးသမားတွေက များများ လကမ္ဘာကို တစ်ခုခု ပို့မယ်ဆိုလည်းလာခဲ့ ဘာမဆိုရတယ် ကွာလတီဟာ ကောင်းတာလည်းရှိ ဂျင်းတွေက လည်း ပေါသလားမမေးနဲ့ လမ်းဟာ ကိုယ့်ကိုယ်မှတ်မိမလား ကိုယ်က လမ်းကို မှတ်မိနေရမှာလား လွမ်းတေးချို 13 Nov 2017

တစ်ပတ်နွမ်း

တစ်ပတ်နွမ်း ကျမမှာ ပုခက်လည်းလွှဲရ ရှင့်ကိုလည်း မျက်နှာလွှဲမရ ငြိမ်းချမ်းရေးကို မရဘူး ဆိုးဆိုးပဲ သက်တမ်းရင့်လာတဲ့ ကျောက်ဟာ တန်ဖိုးကြီးလာတယ် အိမ်ထောင်ရေးဟာ လားရာတူမလား ဆိုးဆိုးပဲ ပါရီဟာ ကျင်ငယ်နံ့ ပဲလို့ ရှင်ပြောဖူးတယ် မျှော်စင်ကြီး ကို ကျမ မက်မောလို့မဆုံး ဆိုးဆိုးပဲ ထမင်းဟင်းတွေအေးကုန်ပြီ ဘီယာပုလင်းတွေက အအေးခန်းထဲမှာ ကျမ စိုစွတ်လာတယ် ဆိုးဆိုးပဲ ရှင့်ကို စကားမပြောဘူး ကမ္ဘာဦးကတည်းက စိတ်ကောက်နည်း ရာသီဥတုကို သိပါ ထုံးစံအတိုင်း ရှင် ရွတ်လိုက်ပါဦး ဆိုးဆိုးပဲ လွမ်းတေးချို 5 December 2017

ပြတင်းပေါက်များ

ပြတင်းပေါက်များ အသုံးမကျတဲ့ ညကိုယူမလား အသုံးချလို့ရတဲ့ ညကိုယူမလား ဝေဝါးခြင်းကို ဝယ်ယူ တန်လား အပြုံးမရတဲ့နေ့ကိုယူမလား အရှုံးရတဲ့နေ့ကို ယူမလား ရှောင်ပုန်းခြင်းကို ပွေ့ပိုက် တန်လား ခမ်းခြောက်တာယူမလား လွမ်းလောက်တာယူမလား ကျွမ်းလောင်ခြင်းမှာ သိမ်မွေ့ တန်လား တန်ရဲ့လား သကာရှာပေမယ့် ဘာတွေ့ခဲ့သလဲ လွမ်းတေးချို 9 December 2017

ခရီးက အခုမှစတာ

ခရီးက အခုမှစတာ ကန္တရထဲလည်း မရောက်ဖူးဘူး အမြင့်ဆုံးတောင် ဆိုတာလည်း မတက်ဖူးဘူး ပင်လယ် အကြောင်းမပြောနဲ့ အုတ်ကန်ထဲမှာ တောင်  ရေမကူးဖူးဘူး ရေလည်း မကူးတတ်ဘူး ခပ်တည်တည်နဲ့ ကဗျာထဲ ထည့် ရေးပစ်လိုက်တာပါပဲ ဆော်လမွန်ငါးတွေနဲ့ မနေ့ကပဲ တွေ့ခဲ့သလိုလိုနဲ့ ဈေးထဲက ငါးတောင် စုံအောင် မမြင်ဖူးဘူး မင်းကို မမေ့ဘူးလို့ ရေးတယ် ပြီးတော့ အိမ်သော့ပျောက်လို့ လိုက်ရှာရတာ မောလိုက်တာ တစ်ခါတစ်လေ အပိုဆာဒါးလေးတွေနဲ့ နဂို ထက်ပိုပြီး ၀ါကြွား ရေးသားနေရတာပါပဲ မျက်စိတွေမှိတ်လိုက်တိုင်း မြင်ယောင်တယ်ဆိုတာလည်း အခါတစ်ရာမှ တစ်ခါ ပါကွာ စိတ်ကူးထဲကနေ ခုန်ပြီးထွက်လိုက်တော့ မင်းရော ငါရောမှာ ဖုန်းလိုင်းတွေ မမိဘူး တကူးတက ဆက်သွယ်ဖို့ မကြိုးစားကြဘူး တွေ့တဲ့အခါ တွေ့ကြပြီး မတွေ့တဲ့အခါ မတွေ့ကြဘူး ဖုန်ဝင်သွားမှ မျက်ရည်ဆိုတာကျ ရတာပါ အရှိတရားဆီပဲ သွားရအောင်ကွယ် ရုပ်ရှင်အတူကြည့်မယ် မကြိုက်တော့ရင် ပိတ်ပစ်မယ် အိပ်ယာခန်းတွေ လည်း ကျော်ရစ်ကြည့် မနေတော့ဘူး ဘ၀ အတုကနေ ဘ၀အစစ်ဆီ ရောက်ဖို့ မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ရတယ်ဆိုတာ ငါတို့သိခဲ့ကြပြီလေ ။ လွမ်းတေးချို

အကွာအဝေး ခပ်ဝေးဝေး

အကွာအဝေး ခပ်ဝေးဝေး ရှင့်မျက်ရည်က ဘယ်သူနဲ့ ရတာလဲ ရှင့်အလွမ်းက ဘယ်သူနဲ့ရတာလဲ ရှင့်ကဗျာတွေက ဘယ်သူနဲ့ရတာလဲ ရှင့်မျက်ရည်ကို ဓာတ်ခွဲခန်းပို့ပါ ရှင့်အလွမ်းကို ကျမကိုယ်တိုင်စစ်မယ် ရှင့်ကဗျာတွေကို ကျွမ်းကျင်သူတွေဆီပို့ပြီး အဖြေရှာမယ် ကျမတို့ နေရာဒေသချင်းဝေးကြတဲ့အခါ စိတ်ချင်းထိစပ်စေတဲ့ လေ့ကျင့်ခန်းလုပ်ကြမယ် ဖုန်းကိုင်ပါ ရှင်ကို့ချစ်တယ် ရှင့်အကြောင်းကို ကျမ တဖွဖွပြောတယ် ခုလည်းပြောဖြစ်တယ် ပျော်တယ် လွမ်းတေးချို ၁၃.၁၂.၂၀၁၇

စင်တာကလော့ဟာ ၀၀ကြီး

စင်တာကလော့ဟာ ၀၀ကြီး စင်တာကလော့ဟာ ဘာကြောင့် ၀၀ကြီးဖြစ်နေတာလဲ ကလေးတွေ အတွက်မြင်သာတာကြောင့်လို့ ကျနော့်မိန်းမကပြောတော့ အရပ်ရှည်တဲ့စင်တာကလော့ဆိုရင် ပိုပြီးမြင်မသာဘူးလားလို့ ကျနော် စောဒကတက်တော့ ၀၀ကြီးဆိုတော့ ကလေးတွေဖတ်လို့ကောင်းတာပေါ့တဲ့ စင်တာကလော့ဟာ ကလေးတွေအတွက်ပဲလား လိုချင်တဲ့ ဆန္ဒကို ဖြည့်ပေးမယ်လို့ ယုံကြည်ရသူဟာ စင်တာကလော့ပဲလား စင်တာကလော့ဟာ ပိန်ပိန်သေးသေးလေးဖြစ်မယ်ဆိုရင် ကလေးတွေချစ်ကြမလား ကလေးတွေနဲ့ စင်တာကလော့ဟာ တွဲဖက်တည်ရှိဖြစ်တည် လှပနေခဲ့တာလား စင်တာကလော့ကြီး မြို့ ထဲဝင်လာပြီ စောင့်ကြည့်ဖို့တော့လိုနေပြီ စင်တာကလော့က မုတ်ဆိတ်ကြီးဖြူလို့ စင်တာကလော့က အင်္ဂလိပ်ဆာဒူးကြီးလား စင်တာကလော့က ၀တ်စုံအနီကြီးနဲ့ စင်တာကလော့က အင်္ဂလိပ်ဇော်ဂျီလား ကလေးတွေရဲ့  မေးခွန်းကို ကျနော်မဖြေတတ်ပါဘူး ကျနော်မှ အဲ့ဒီမေးခွန်းတွေ မမေးဖူးပဲ စင်တာကလော့ကြီး မြို့ ထဲဝင်လာပြီလေ လွမ်းတေးချို ၁၅.၁၂.၂၀၁၇

ငါတို့ခရီး မနီးမဝေး

ငါတို့ခရီး မနီးမဝေး ပွဲပြီးသွားပြီ မသေသေးတဲ့မီးတွေ နဲ့ ငါတို့ လောင်တယ် မခင်းရသေးတဲ့ဖျာတွေနဲ့ ပွဲတွေက လန့် နေခဲ့တာ မိုးရွာတုန်း မခံခဲ့ရတဲ့ ရေတွေနဲ့ ရေအ၀ချိုးမယ်ဆိုတော့ တချို့ သူတွေက ဘယ်ပျော်ပါ့မလဲ ဆန်အိုးကို တိုးတိုင်း ကြက်ကန်းမဟုတ်ဘူးဆိုတာလောက်တော့ လုပ်လိုက် ခင်ဗျားတို့ထင်ရင် ကုတင်ကလည်း ရွှေနန်း ရွှေနန်းကလည်း လင်နောက်လိုက်သွားနိုင်တာပဲမဟုတ်လား စကားတွေကိုလည်း ကြမ်းကျွံသွားသလိုပေါ့ ပြန်နုတ်ယူရတာပါပဲ ။ လွမ်းတေးချို ၁၉.၁၂.၂၀၁၇

လမကူး နှစ်မကူးမီ

လမကူး နှစ်မကူးမီ လစာကတော့ ငါ့ဆီမလာသေးဘူး သူများတွေဆီရောက်နေပြီ အဲ့ဒီသတင်းစကားထက် ၀မ်းနည်းစရာကောင်းတာရှိဦးမလား  တစ်ယောက်တည်းစကားပြောနေတဲ့သူနဲ့ သွားမထိုင်နဲ့သိလား သူတို့က တစ်ယောက်တည်းတောင် ဒီလောက်ပြောနေတာဆိုတော့ နေရင်းထိုင်ရင်း ကိုယ်က ပရိတ်သတ်ဖြစ်သွားမှာ အလုပ်တွေများလွန်းတဲ့အခါ ဘယ်ကစရမှန်းမသိသလို ဘာအလုပ်မှ လုပ်စရာမရှိတဲ့အခါလည်း ဘယ်ကစရမှန်းမသိ အကြံသိုးကြီးတွေနဲ့အတူ သွားသတိ၊ လာသတိ ၊ စားသတိ သတိနဲ့ကြည့် သတိနဲ့သွား ဘာမှထပ်မပြောဖြစ်တော့ ဘာမှလည်း မရ ဘာရေးချ ဘာမှမရ စာရေးချ စာမှမရ ငါရေးချ ငါမှမရ တဲ့ အခြေအနေတွေနဲ့ သူတင်ကိုယ်တင် သူတင်ကိုယ်ကျ အလားအလာတွေလား အလားအလာကောင်းပါတယ် အလာကောင်းပေမယ့် အခါနှောင်းခဲ့ပါပြီပေါ့ လွမ်းတေးချို ၂၆.၁၂.၂၀၁၇

ဒုက္ခ

ဒုက္ခ ရေစီးသန်တဲ့မြစ်ဟာ ဒုက္ခလား အလင်းတန်းတွေအောက်မှာ ဒုက္ခဟာ သောက်သုံးရေလား  ဒုက္ခဟာ ပျားရည်ချိုလား ဒုက္ခဟာ လျှပ်စစ်ဓာတ်အားလား ဒုက္ခနဲ့လည်ပတ်လို့ ရတာဘာရှိလဲ။ ငါးဒုက္ခဆိုတာ စားဖူးတယ် စားလို့ကောင်းတယ် ဒုက္ခတွေ့ပါပြီလို့ ဘယ်သူအော်ဖူးလဲ အော်ကြည့်ကြည့် အသံအနိမ့်အမြင့်ပြောင်းပြီးအော်ကြည့် ဒုတ်........ခ.........တွေ့ ..........ဘာ…………..ဘီ ကဗျာရေးရတဲ့ ဒုက္ခကို တော်တော်များရှောင်နိုင်လိမ့်မယ် မရှောင်နိုင်ရင်တော့ ရူးလို့ပေါ့ကွာ ဒုက္ခနဲ့ လှလှ နဲ့တော့ တွေ့နေပါပြီ နေမြင့်လေ အရူးတွေက ရင့်လာလိုက်တာ ကဗျာဒုက္ခက မကင်းဘူးပဲ ဒုက္ခမှာလည်း အပေါင်းအသင်းနဲ့ဟ ဒုက္ခနဲ့ တစ်ခါကြုံတိုင်း ချစ်သူလက်ကို တစ်ခါကိုင်ရပါလို၏ ဆိုလား အိုမာခရမ် ဆိုလား ဒုက္ခသည်ကဗျာပေါ့ကွာ လူပျိုသိုးကြီးတွေကို လက်ထိပ်ပဲတွဲခတ်လိုက်တာကောင်းမှာပေါ့ သူများကို လိုက်စ ရတဲ့ ဒုက္ခကလည်း မသေးဘူး ဒုက္ခနဲ့နေပြီး ဒုက္ခနဲ့သေရတဲ့ လူဘ၀ ဒုက္ခပါပဲ တရားလမ်းကြောင်းပေါ်ရောက်ကုန်ပြီ ဒုက္ခသည် ဆိုတာ ပဲပြုတ်သည် လို ဒုက္ခလိုက်ရောင်းတာမျိုး မဟုတ်ဘူး ဒုက္ခပါပဲ ဒုက္ခကိုဘာလို့ ဒုက္ခခံပြီးရေးခဲ့ပါလိမ့် လွမ်းတေးချို ၂၈ :၁၂:၂၀...

မိအေး

မိအေး မိအေးဟာ နှစ်ခါမကဆိုတော့ မနာတတ်တော့ပါဘူး ဆိုလား ဒါနဲ့ မိအေးက ဘာအလုပ် လုပ်တာလဲ မိအေးဟာ မြန်မာပြည်ပဲ မိအေးဟာ ပြည်သူပဲ မိအေးဟာ အုပ်ချုပ်သူပဲ မိအေးဟာ အမေရိကန်ကြီးနဲ့ မိအေးဟာ တရုတ်ကြီးနဲ့ မိအေးဟာ မလွယ်ပါလား မိအေး အကြောင်းပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေး မပါစေနဲ့ ဒီတစ်ကြောင်းနဲ့တင် ဘာပြောရမှန်းမသိတော့ မိအေး ကြောင့် ရတက်မအေးရ မိအေးဟာ မဗေဒါလား ဘဲအုပ်က တစ်ရာနှစ်ရာ ဘဲအုပ်ထဲမှာ ဂေးဘယ်နှစ်ယောက်ပါမလဲ ဘဲအုပ်ဟာ လောကဓံလား မိအေးဟာ အယက်အကန်ခံလို့ အံကိုခဲလို့ မိအေးရှိမယ် ဘယ်မှာရှိမလဲ လိပ်စာ ရှိတယ်ပြောတယ် မိအေးထွက်သွားပြီ ဘယ်ထွက်သွားတာလဲ တစ်နေရာရာလို့တော့ မှာသွားတယ် မိအေးဟာ သဘာဝစိုက်ခင်း မြေသြဇာမသုံးဘူး သစ်ပင်တွေကိုရှင်းပစ်တယ် မိအေးဟာ ရွေ့ ပြောင်းတောင်ယာ အနားရပါ့မလား မိအေးအိမ် လား ပန်းခြံလေးရှိမယ် လယ်ကွင်းတွေနဲ့နီးမယ် စမ်းချောင်းလေးလည်းရှိမယ် သစ်ပင်ပေါ်မှာ အိမ်ကလေးတစ်လုံး ရှိမယ် ခလုတ်တိုက်မယ် သတိထား မိအေးပြန်လာပြီ မိအေး နှစ်ခါနာတဲ့အကြောင်းသိချင်သပဆိုရင် မိအေးကို မေး မိအေးက မျက်နှာပေါင်းတင်ထားတယ် မိအေးက စကပ်တိုနဲ့ ဆေးဆိုးထားတဲ့ဆံပင်နဲ့ မိအေး မဆိုးပါဘူး လူတိုင်...

ဒီနေ့

ဒီနေ့ တစ်ယောက်ကို တစ်ယောက် အတွင်းသားထိ နားလည်ဖို့ရာ တစ်ယောက်အတွင်းသားကို တစ်ယောက်လှိုက်စား မပွင့်တဲ့တံခါးဆိုတာ မရှိတန် တံခါးခေါက်ဖို့ မမေ့နဲ့ တစ်ကိုင်းကျိုး တစ်ကိုင်းထွက် တစ်ဦးဆင်း တစ်ဦးတက် ရိုင်းရိုင်းပင်းပင်း ကျရှုံးသွားတဲ့အခါ ဒိုမီနို သက်ရောက်မှု ဆိုတဲ့ စကားကို နားလည်ဖို့လိုမယ် တချို့တွေက တစ်ယောက်တည်း သစ်ကိုင်းလွတ် လွမ်းတေးချို ၁၄.၂.၂၀၁၈

ခြောက်နှစ်ပြည့်အလွမ်း

Six Year anniversary ခြောက်နှစ်ပြည့်အလွမ်း အလွမ်းဟာ ဘာအရောင်လဲလို့ မေးရင် ကိုယ်က အပြုံးရောင်လို့ ဖြေမယ် လွမ်းနေရခြင်းမှာ လင်းပွင့်မှုတွေရှိတယ် တစ်နယ်စီဝေးနေတော့ တစိမ့်စိမ့်တွေးရင်း ပြုံးနေမိတယ် သိပ်မေ့တတ်တဲ့ငါဟာ အဲ့ဒီအချိန်ကလေးကို ရုပ်ရှင်ရိုက်ထားသလို မှတ်မိနေသေးရဲ့  အတူရှိချိန်တွေဆို အချိန်က ကုန်လွယ်တယ် စောင့်ဆိုင်းရခြင်းက ထင်သလောက်မလွယ်ဘူး နှစ်ကာလအားဖြင့် မှတ်တိုင်ကလေး ခြောက်ခု ရှိပြီ အဲ့ဒီနေ့က သူငယ်ချင်းဆိုတဲ့ ဆိုင်းဘုတ်ကိုဆွဲဖြုတ် ငါတို့ စာတမ်းအသစ်ရေးထိုးလိုက်ကြတယ် သူငယ်ချင်းနဲ့ ချစ်သူကြားမှာ အနမ်းကလေး တစ်ခု ခြားသွားတယ် ချစ်တယ် လို့ပြောတော့ ငါလည်း သိပ်စိတ်ကြီးဝင်မိတယ် ကောင်မလေးတစ်ယောက်ကို ရည်းစားစကားပြောပြီး အိမ်ပြန်ဖို့ကားခ ပိုက်ဆံချေးတယ်တဲ့ ဘယ်သူလဲလို့ မမေးကြပါနဲ့တော့ အဲ့ဒီကောင်မလေးက သူ့စိတ်ကူးကိုပြောပြတယ် ငါ့ရည်းစားကို ဟော့ဒီလမ်းပေါ်မှာ ကျောပိုးခိုင်းမှာတဲ့ ငါ အော်ရယ်ပစ်ခဲ့တယ် နာမည်ကျော် အဓိပတိလမ်းပေါ်မှာ အဲ့ဒီရယ်သံတွေက ငါ့ကို ပြန်လှောင်တယ် အဓိပတိလမ်းကြီးက သမာဓိအားကောင်းစွာ ရယ်တယ် အဲ့ဒီကောင်မလေးရဲ့  စိတ်ကူးကို ငါဖြည့်ပေးခဲ့တယ် အသဲတစ်...

သစ်ပင်များ

စိမ်းစိုနေတဲ့အပင်ကို ရေလောင်းတဲ့အခါ ကျနော့်အနေနဲ့ သိပ်ပြီး ထူးခြားလှတယ်မထင်ဘူး ။ အဲ့ဒီအကြောင်းကို တကူးတက စာဖွဲ့နေဖို့လိုတယ်လို့လည်း မထင်ဘူး။ ဒါပေမယ့် အခုတော့ အပင်လေးအကြောင်းကျနော်ပြောပြချင်တယ်။ စိမ်းစိမ်းစိုစိုနဲ့ သိပ်လှတဲ့အပင်လေးတစ်ပင် ကျနော့်အိမ်မှာရှိတယ်။ သနပ်ခါးပန်းပင်လို့ခေါ်တယ်။ အ၀ါရောင်ပန်းသေးသေးလေးတွေပွင့်တယ်။ အပင်တွေကို သိပ်စိတ်ဝင်စားလေ့မရှိတဲ့ကျနော့်အတွက် အဲ့ဒီအပင်လေးအိမ်ရောက်လာတဲ့အချိန်ကိုတောင် မသိလိုက်ဘူးလို့ဆိုရမှပါပဲ ။ ကျနော့်အမျိုးသမီး က အပင်လေးကို ၀ယ်လာတာလား ၊ လက်ဆောင်အဖြစ်ရရှိခဲ့တာလားဆိုတာတော့ သူ့ကို မေးကြည့်မှသိမှာပဲ ။ ထားလိုက်ပါတော့ အပင်လေး ရောက်ရှိလာခြင်းရဲ့  ဇစ်မြစ်ကို စုံစမ်းဖော်ထုတ်နေတော့လည်း ဘာများထူးခြားသွားမှာမို့လို့လဲ ။ မသက်ဆိုင်လို့ ဘာသိဘာသာ နေလိုက်မိတဲ့ကာလလေးတစ်ခုမှာ အပင်လေးတစ်ပင် ကျနော့်တို့ နေထိုင်ရာ တိုက်ခန်းဆီ ရောက်ရှိခဲ့တယ်လို့ပဲ အကြမ်းဖျင်းဆိုကြပါစို့ ။ အိမ်မှာ နှစ်ဦးသား အတူရှိတုန်းကတော့ သူအားရင် သူရေလောင်းသွားလိုက် ၊ ကိုယ်အားရင် ကိုယ်ရေလောင်းသွားလိုက်နဲ့ အပင်လေးတွေဟာ အစားအစာပုံမှန်စားရတဲ့ အကောင်လေးတွေလို ဖွ...

အစ=အဆုံး

အစ=အဆုံး ပုလင်းလွတ်ကလေး ကျကွဲတော့ မျက်ရည် ဘယ်ထွက်မလဲ တစ်အိမ်လိုနေတဲ့ ဖဲဝိုင်းကတော့ ဆက်ရိုက်နေမှာပဲ အရှိန်နဲ့လည်နေတဲ့ဘီးပေါ်က တစ်ရှူးတစ်စ အစက မစခဲ့ရင် ဆုံးဖို့ဘယ်ရှိမလဲ တွေ့မယ့်တွေ့တော့လည်း လမ်းပေါ်မှာ ထိပ်တိုက်ကြီး လိုတာထက်ပို မကြေကွဲနိုင်ဘူး တော်ပြီလား ဒီလောက်ဆို လွမ်းတေးချို 21 Feb 2018

နာတာရှည်

နာတာရှည် အာဏာရှင်ဟာ တစ်နိုင်ငံလုံး သူနဲ့ရတာလို့ဆိုတယ် ပြီးတော့ အမြောက် တရမ်းရမ်းနဲ့ အားပါးတရ ကြုံးဝါးတယ် ရင်ထဲမှာ အချစ်တွေချည်း လိမ်မာရင် မင်းတို့ဖို့ချည်းတဲ့ ပြည်သူပြည်သားတွေကလည်း အာဏာရှင်သွေးပါရင် ဖောက်ထုတ်ပစ်မယ်လို့ ကြုံးဝါးရင်း နောက်နေ့မှပေါ့လို့ ရက်ချိန်းယူတယ် နိုင်ငံတြော်ကီးက ရင်ကွဲသံကြီးနဲ့ ဘယ်သီချင်းတီးမလဲဆိုတော့ ယူပါကယ်ပါဦး မပြောချင်ဘူး ကိုယ့်ရဲ့အိမ်တွင်းရေးကိုကွယ်တဲ့ သူအရပ်သူ့ဇာတ်ဆိုလား အာဏာရှင်ရဲ့ အင်္ဂါစပ်ဟာ ငါတို့ရဲ့ဇာတ်ထဲမှာ မပါမဖြစ် ဒီပုတ်ထဲက ငါတို့ ဘယ်ပဲကို မျှော်လင့်ခဲ့တာလဲ လွမ်းတေးချို ၂.၂.၂၀၁၈

ဘယ်သူဖြေမလဲ

ဘယ်သူဖြေမလဲ ဘယ်အရက်ခွက်မှာ ငါတို့မူးခဲ့တာလဲ ဘယ်ရုပ်ရှင်မှာ ငါတို့ မျက်ရည်ကျခဲ့တာလဲ ဘယ်ကောင်မလေးကြောင့်  ငါတို့ အိမ်ပြန်နောက်ကျခဲ့တာလဲ ဘယ်သူ့တရားမှာ ငါတို့ ကျွတ်တန်းဝင်မလဲ ဘယ်သူ့အိပ်မက်ကဈေးကြီးပြီး ဘယ်သူ့အဖြစ်က ရောင်းတန်းမဝင် ဖြစ်ရတာလဲ ဘယ်သူ့ တစ်ရှုးစက ရေစိုခံသလဲ ဘယ်တုန်းက စသိတာလဲ ဘယ်လမ်းမှာ ငါတို့မှားခဲ့တာလဲ ဘယ်ကောက်ရိုးက ကုလားအုတ်ခါးကို ကျိုးစေတာလဲ ဘယ်သူ့ အမုန်းက ရေချိန် အကိုက်ဆုံးလဲ ဘယ်သူက ဒီကဗျာဖတ်မလဲ လွမ်းတေးချို

ရိုးမြေကျ

ရိုးမြေကျ ငါ့ညီက လူလည်ပဲ ဆံသဆရာက ငြိမ်ငြိမ်မနေရင် မညှပ်တော့ဘူးလို့ပြောတော့ ရတယ်လေ ညှပ်ပြီးသားတွေ ပြန်ဆက်ပေးလို့ ဂျစ်တိုက်တဲ့ကောင် ငါ့ညီကို ငါက ကလေးလေးလို့ထင်တုန်း ခုတော့ ငါညီဟာ ငါ့လမ်းကို လိုက်ပြီး အန်ဂျီအိုလိုင်းထဲရောက်လာ ငါလျှောက်တဲ့လမ်းထဲ ငါသူ့ကို ဆွဲခေါ်တယ် ပြီးတော့ သူ မပျော်ဘူးဆိုတာ ငါသိခဲ့တယ် အလွယ်ကလေးမမှတ်ပါနဲ့ တစ်ခါတစ်လေ ငါလည်း ဘယ်လမ်းလျှောက်ချင်မှန်းမသိဘူး။ ငါ့ညီဟာ ငါ့ထက် ဘ၀ပိုလှခဲ့တယ်လို့ငါထင်တယ် ငါတို့တွေ စာကျက်ဝိုင်းတောင် နပ်မမှန်တဲ့အချိန်မှာ သူက ဘော်ဒါဆောင်မှာ နေခဲ့ရတယ် ငါတို့ မသိခဲ့တာက သူ့မှာ အိမ်ဆိုတဲ့ အရသာ ငတ်ခဲ့ရတယ် ငါ့ညီဟာ အခု သူလမ်းကို သူဖောက်ဖို့ သူလျှောက်တဲ့လမ်းမှာ သူကျ မပျောက်ဖို့ သူယုံကြည်ရာအတိုင်း အိမ်ကလေးတစ်လုံးကို ကိုယ်တိုင်ဆောက်မလို့ တဲ့ ငါ့ညီကို ငါက အဲ့ဒါ တောင်တန်းကြီး တက်ပြီးသွားရင် တက်ပြီးရင်းတက်ရမှာလို့ ပြောတယ် ပုံပြင်လေးတစ်ပုဒ်ကို ငါသတိရတယ် တွင်းထဲက မြွေတွေကို စိန်ပွင့်တွေမှတ်ပြီး ကြိုးနဲ့ဆင်းတဲ့သူတွေအကြောင်းပေါ့ ငါပြုံးမိတယ် အိမ်ထောင်ရေးဆိုတာ ငါထင်သလောက် မခက်ပါဘူး ငါ့ညီက အချစ်အကြောင်း ငါ့ထက်ပိုသိခ...

တော်ပြီလား ဒီလောက်ဆို

တော်ပြီလား ဒီလောက်ဆို တဖြည်းဖြည်းနဲ့ နီးလာပြီလို့ ငါပြောလိုက်တယ် စက်သံတွေ ကြားရတယ် ခုတ်မောင်းလာတာလား ခုတ်မောင်းနေဆဲအသံတွေကို ရုတ်တရတ်ငါကြားနေရတာလား အချိန်ကိုကြည့်တော့ ညတစ်နာရီခွဲ အိပ်မပျော်ခြင်းကို ငါလွယ်လွယ်နဲ့ သင်ခဲ့ရတာမဟုတ်ဘူး အဖိုးအခကြီးတယ် ဆေးလိပ်ငွေ့တွေကို အခန်းထဲမှာ ငါမမြင်ချင်တော့ဘူး မမြင်ချင်တော့တာလည်း ငါ့ရဲ့  ဆန္ဒအမှန် ဟုတ်ချင်မှလည်းဟုတ်မယ် တိတ်ဆိတ်သွားတယ် ဖန်ခွက်ထဲကို ဘီယာလက်ကျန်ကလေး ကောက်ထည့်လိုက်တယ် ပြီးတော့ ဒီအရည်တွေသောက်ပြီး ငါဘာဖြစ်မှာလဲလို့မေးတယ် ငါဘာဖြစ်ချင်ခဲ့လို့တုန်း ရှေ့ ကိုဆက်မယ် လို့ တက်ကျမ်းစာအုပ်တွေကပြောတယ် ငါက တက်ကျမ်းတွေကို သင်တန်းပို့ချတယ် ပြီးတော့ ငါ့ကိုယ်ငါဆွဲချတယ် ရေဆွဲချလိုက်သလိုမျိုးပေါ့ ပြီးတော့ ဘာသံတွေကြားရမှာတုန်း တံတွေးကို မြိုချတယ် အိပ်ချင်ရက်နဲ့ အိပ်လို့မပျော်တဲ့ည ငါလည်း မယုံနိုင်ဘူး မယုံနိုင်ဘူးဆိုတာ ငါလည်း မယုံချင်ဘူး ခေါင်းချ အိပ်စက်ဖို့ ငါကြိုးစားတယ် ငါ့ဆီမှာ ဘာအရာမှ မထင်ဘူး ငါနဲ့ အတူရှိခဲ့ဖူးသူတွေကို ငါပျက်ကွက်တယ် ငါဖုန်းမခေါ်တော့ဘူး ငါဖုန်းခေါ်တော့လည်း သူတို့က မကိုင်တော့ဘူး ငါအိပ်ချင်တယ် ပြီးတော့ အ...

အလွဲ

အလွဲ ပြိုင်တူတွန်းရင်ရွေ့တာတော့ အမှန်ပဲ အခန့်မသင့်ရင်သာ ချောက်ထဲ တွန်းမိတတ်တာ လွမ်းတေးချို အလွဲ (၂ ) အာဏာရှင်ဟာ သူ့ကိုယ်သူ အာဏာရှင်ဖြစ်နေမှန်း မသိဘူး လွမ်းတေးချို အလွဲ (၃) တစ်ပြည်လုံးက အသိမ်းခံရလုနီးပေမယ့် နန်းလုလို့ မဝသေးတဲ့  မင်းသားတွေနဲ့ လွမ်းတေးချို အလွဲ (၄) ပြောတော့ ဘုရင် ဆင်ဖြူကိုတော့ ရှာလို့မဆုံး လွမ်းတေးချို

ငါပျင်းတယ် ငါဆက်ပျင်းတယ် ငါပျင်းနေဆဲ

ငါပျင်းတယ် ငါဆက်ပျင်းတယ် ငါပျင်းနေဆဲ ပျင်းတယ်ဆိုတာ ကို အနက်ဖွင့်ဖို့ ငါပျင်းတယ် ဒါပေမယ့် ငါ နည်းနည်းကြိုးစားကြည့်မယ် ဘာကိုမှ မလုပ်လို မကိုင်လိုတဲ့ အခြေအနေ  စိတ်မှာ သတ်သတ်မှတ်မှတ် စိတ်လိုလက်ရမလုပ်လိုတဲ့ အခြေအနေ အကြာကြီးလုပ်ရမည့် အလုပ်ကို မြန်တဲ့နည်းလမ်းများရှိမလားဆိုပြီး တွေးနေတဲ့အခိုက်အတန့် ဒီကောင်ပျင်းတယ်လို့ ငါ့အမေကပြောတယ် ငါ့အမက စာကျက်တယ် ပျင်းပေမယ့် ဥာဏ်ကောင်းတယ်လို့ ပြောတော့ ဘုရားသခင်ဟာ ငပျင်းတွေကို ဥာဏ်ကောင်းတဲ့သူအဖြစ် ဖန်ဆင်းတော်မူတယ် ပေါ့ ပျင်းတဲ့ကောင်တွေနဲ့ မတူတာက ဇွဲရှိတဲ့သူတွေပေါ့ အဲ့ဒီကောင်တွေက ပျင်းလို့ပျင်းရကောင်းမှန်းမသိဘူး ပျင်းဖို့ရာ ဘ၀ပေး အခြေအနေ မပေးခဲ့တဲ့သူတွေပေါ့ တချို့  တော်ပါတယ် တချို့ က ထူအလွန်းလို့ အချိန်ကုန်ခံ နေကြရရှာတယ် ကချင် ကယား ကရင် ချင်းလို့ လူမျိုးတွေခွဲခြားမည့်အစား ငပျင်း ၊ ငဇွဲ ၊ ငထူ ၊ ငအ ၊ ငပျော် ၊ ငပျက် ဆိုပြီး လူအမျိုးအစားတွေ ခွဲပြီး တိုင်းပြည်တစ်ခုကို ထူထောင်ရင်ကောင်းမယ် တစ်ယောက်တစ်လှည့်ဆီ အုပ်ချုပ်ကြမယ် ငပျင်းခေတ် မှာ ငပျင်းပေါင်းမြောက်များစွာ မွေးထုတ်မယ် ငဇွဲခေတ်မှာ ငဇွဲပေါင်းမြောက်များစွာ မွေးထုတ...

နေ့စွဲများ

နေ့စွဲများ ရထားဟာ ထွက်သွားတော့မှာပါလို့ ဘူတာရုံလေးက အော်တယ် ဘယ်လိုခံစားရလဲဆိုတဲ့မေးခွန်းကို သူ မဖြေနိုင်ဘူး ရထားတွေကတော့ ရပ်မြဲ ထွက်ခွာမြဲ ဘူတာမှန်ရင် ရထားတစ်စင်းထဲကို ချစ်လို့မရဘူး ဘူတာရုံလေးဟာ လူတွေတရုန်းရုန်းနဲ့ အထီးကျန်နေသတဲ့ လွမ်းတေးချို

ငါ့များ စာဖတ်တယ် ထင်နေမလား

ငါ့များ စာဖတ်တယ် ထင်နေမလား ငါ ရွှေဥဒေါင်းဖတ်တယ် ၊ သိန်းဖေမြင့်ဖတ်တယ် ၊ နတ်နွယ် ဖတ်တယ် ။ မြသန်းတင့်ဖတ်တယ် လို့ပြောဖူးလား ဟုတ်ကဲ့မပြောဖူးပါဘူး ငါ ဟဲမင်းဝေးဖတ်တယ် ၊ ဂျိမ်းဂျိုက်စ် ဖတ်တယ် ၊ စတိန်းဘတ်ဖတ်တယ် ဘယ်လောက်ဖတ်တယ် ဆိုတာမင်းကို ပြောဖူးလား ဟုတ်ကဲ့ မပြောဖူးပါဘူး ငါ မောင်ချောနွယ်ဖတ်တယ် ၊ သုခမိန်လှိုင်ဖတ်တယ် ၊ အောင်ချိမ့်ဖတ်တယ်လို့ မင်းကို ပြောဖူးလား ဟုတ်ကဲ့ မပြောဖူးပါဘူး ဒါများ ငါ့ကို စာမဖတ်ဘူးလို့ မင်းထင်နေလား ဟုတ်ကဲ့ မထင်ပါဘူး လွမ်းတေးချို 2:35 PM 6 April 2018

ငါလည်းဘာထူးလဲ

ငါလည်းဘာထူးလဲ လွမ်းတဲ့အကြောင်း စာနဲ့ရေးမနေနဲ့ ငါ့ကောင် ပြေးပြီးလာတွေ့ကြ ဟုတ်ပြီလား မင်းတို့တွေ တယ်ခက်ပါလား လွမ်းတယ်ပြောပြီး အချိန်လည်းမပေး ဂရုကလည်းမစိုက် မဖြစ်နိုင်ဘူးမပြောနဲ့ငါ့ကောင် စောက်ရူးတွေတောင် ထိပ်ဆုံးမှာတွေ့နေကြပြီ ရေနံတွင်းတူးပြီး ငါတို့ အောက်ဆုံးမှာတွေ့ ကြမယ် သိပ်မသောက်တတ်ဘူး မပြောနဲ့ငါ့ကောင် မွေးကင်းစ ကလေးတွေလည်း နို့စို့နည်းသင်ခဲ့ရတာပဲ ရော့ တစ်ယောက်တစ်ခွက် ပြောမယ့်သာပြောရတာ ငါလည်း မအားဘူးကွာ လွမ်းတေးချို 17:37 6 April 2018

အာဂမြန်မာကြီး

အာဂမြန်မာကြီး အဲ့ဘဲက ကျွတ်ဆင်ကြီး ပေါကား မကြည့်ရလို့ သူ့မိန်းမကို ပါးတွေချည်းလှိမ့်ရိုက်တာ တကယ့်ဗမာပေါကားထဲက ဇာတ်ကောင်အတိုင်း အမျိုးသားရေး သီချင်းတွေကို မီးပျက်တဲ့အချိန်မှာတောင် အင်ဗာတာနဲ့ဖွင့်တာ အဲ့ဘဲပေါ့ကွာ လွမ်းတေးချို 13:54 8 April 2018

ချာတိတ်ရဲ့  ဒိုင်ယာရီ

ချာတိတ်ရဲ့  ဒိုင်ယာရီ ရုတ်တရတ် အိမ်ရှင်းရင်း Shania Twain ရဲ့  သီချင်းခွေထွက်လာတယ် အန်တီ့ကို သတိရတယ်  မျက်ရည်ဟာ လျပ်တပြက် ခုန်ဆင်းလာတယ် ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်ပြီး ဆေးလိပ်သောက်မိတယ် အန်တီ့ကို သတိရတယ် အန်တီပြောတဲ့ ၀ဋ်ကြွေးဆိုတာ တကယ်ရှိခဲ့ပြီ အသံခပ်ကျယ်ကျယ်နဲ့ လူကြားထဲ အော်ငေါက်ခံရတယ် အန်တီ့ကို သတိရတယ် ချာတိတ်လေးတစ်ယောက်ကို အဒေါ်ကြီးတစ်ယောက်က ငါမပြောဘူးလားဆိုတဲ့အကြည့်နဲ့ ပြောဆိုနေတာတွေ့ရ အန်တီ့ကို သတိရတယ် ကိုယ့်ပုခုံးကိုယ်လက်နဲ့သပ်ပြီး ခပ်ဖွဖွလေး ဖက်မိတယ် အန်တီ့ကို သတိရတယ် နေရောင်ခြည်က မဖိတ်ခေါ်ပဲနဲ့ ကိုယ့်မျက်နှာပေါ်ရောက်လာတယ် အနမ်းလောက် နွေးတာမျိုးပဲ လိုချင်မိတယ် အန်တီ့ကို သတိရတယ် လွမ်းတေးချို 5:30 PM 10 April 2018

ဖောင်းထုခြင်း

ဖောင်းထုခြင်း ဒီမိုကရေစီကျ ရချင်တယ် အဆီကျ မချချင်ဘူး ဟဟပဲ ရမယ် အပြောနဲ့ အလုပ်မညီဘူး အချစ်လာမတောင်းနဲ့ ဟဟပဲ ရမယ် အလိမ်စကားတွေနဲ့ မနစ်မျှောစေနဲ့ ဘာမှတော့ မရဘူး ဟဟ ပဲ ရမယ် ဓာတ်ပုံလေး တပြပြနဲ့ ဘာရမလဲ တွေးတယ် ဟဟ ပဲ ရမယ် ယုံကြည်မှု တည်ဆောက်မယ် စကားဝိုင်းတွေ တန်းစီ ဟဟ ပဲ ရမယ် တံတားတွေဆောက်တယ် တံတိုင်းတွေ ထိုးတယ် ဟဟ ပဲ ရမယ် ကျူးကျော်တွေလား ပြည်တွင်းစစ်တွေလား ဟဟ ပဲရမယ် ဟဟ နိုင်ငံတော်ကြီးမှာ ဟဟ ထက်ပိုပြီး ဘာလိုချင်သလဲ ဟ ဟ ဠ အ ဘာနဲ့မှ အစားမထိုး နိုင်တဲ့ ဟဟ ဇွဲမလျှော့နဲ့ ဟဟ ဟဟ ပြီးတော့လည်း ဟဟ ဟဟ မဟဟ ဟဟ ဟ နှစ်လုံးကိုသိလား ဟဟ ဆင်းရဲမွဲတေမှုလား ဟဟ စင်္ကာပူကို ကျော်တက်မယ်ဆိုလား ဟဟ ဟဟ ဟဟ ဟဟ ငါ့ကိုယ်ငါလည်း ဟဟ ငါ့ကိုယ်လည်း သူတို့က ဟဟ သူတို့ကိုလည်း ငါက ဟဟ ဒီကဗျာကလည်း ဟဟ လွမ်းတေးချို ၁၂.၄.၂၀၁၇

လှေကားလိုကဗျာကို သူတို့ဖတ်ချင်တယ်ဆိုလည်း ရေးပေးရမှာ

လှေကားလိုကဗျာကို သူတို့ဖတ်ချင်တယ်ဆိုလည်း ရေးပေးရမှာ ဘ၀ ကို မြင့်မားစေမည့် အတွေးအခေါ်တွေကို ကဗျာမှာ ထည့်ရေးထားပါတယ် အနှစ်တွေ တကယ့် အနှစ်တွေ တစ်ခါလောက်မှ မကြားဖူးလိုက်ရင် လူရာမ၀င် ဖြစ်ယုံမက နောင်တတွေပါ တသီတတန်းရသွားမှာ အဓိက နဲ့ သာမည ခွဲဖတ်ဖို့လိုပါတယ် ဒီလို ကဗျာကို ရေးသားလိုက်နိုင်တဲ့အတွက်ကြောင့် ကျေးဇူးရှင်ဆရာသမား ၊ မိဘဆရာတွေ ရဲ့  ဂုဏ်ကျေးဇူးကို အထူးတင်ရှိတဲ့အကြောင်းပြောရမှာပါပဲ ဒီကဗျာ ဖတ်ပြီးရင် ပထမဆုံးလုပ်ရမှာက သာဓု သုံးကြိမ်ခေါ်ဆိုပစ်လိုက်ဖို့ပဲဖြစ်ဖြစ်   လက်မလေးထောင်ပြီးတော့ဖြစ်ဖြစ် ချီးကျူးထောပနာပြု လိုက်ရမှာပါ ။ အဖိုးမဖြတ်နိုင်တဲ့ကဗျာ ၊ နည်းမှန်လမ်းမှန်ကဗျာ ၊ မှတ်သားထိုက်တဲ့ စကားတွေနဲ့ကဗျာ အမျိုးသားရေးတွေ နိုးကြားစေမည့်ကဗျာ ထူးချွန်ပြောက်မြောက် လှပါတယ်လို့ တအံ့တသြ ကွန်မန့်ပေးရမည့် ကဗျာ ငိုချင်စိတ်တွေပျောက် ခွန်အားတွေ ရောက်လာစေရမှာပေါ့ အချိန်ကို မဖြုန်းသင့်တဲ့အကြောင်း    တန်ဆေးလွန်ဘေးဖြစ်တဲ့ အစားအစာတွေ   ကမ္ဘာကြီးရဲ့ တစ်ဖက်မှာလည်း ငတ်ပြတ်နေသူတွေ အများသားမဟုတ်လား   ဒီလိုအခြေအနေမှာ သင့်စိတ်ကို ရောင့်ရဲတတ်စေဖို့ ကဗျာလာပြီ ကဗျာ...

ခင်ဗျားဝင်ပါလို့ရတဲ့ ကစားပွဲ

ခင်ဗျားဝင်ပါလို့ရတဲ့ ကစားပွဲ ကိုယ့်မှာရှိတာ ငါးမျှားတံ   ဖမ်းချင်တာက နဂါးဆိုတာမျိုးတော့ ဘယ်ဖြစ်မလဲ မပြောနဲ့ ဖြစ်တယ် ဖြစ်တဲ့ကောင်တွေက ဖြစ်တယ် သူတို့ဟာ နဂါးဖမ်းသူတွေပဲ ။ ငါးမျှားတံနဲ့ နဂါးဖမ်းနိုင်တယ် လို့ ထင်ပိုင်ခွင့်ရှိပါတယ် ဖမ်းလို့ရမရဆိုတာတော့ ဆုတောင်းပေါ့ တစ်ကောင်မှ မဖမ်းပြရသေးပဲ စူပါဟီးရိုးလို ကိုးကွယ်ချင်သူလည်း ရှိလာမှာပဲ ပျော်ချင်ရင် ပျော်လို့ရသား ကြည့် ခင်ဗျား အနီးအနားမှာ ငါးမျှားတံလေး တပြပြနဲ့ ငါနဂါးဖမ်းပြမှာ လို့ ဟန်ရေးပြနေတာ။ ပြီးတော့ နဂါးဖမ်းသူတွေဟာ ကမ်းစပ်မှာထိုင်ပြီး နေရာလုနေကြတယ် ရေပြင်အနေအထားကို ကြည့်တယ် ရာသီဥတု အခြေအနေကို စူးစမ်းတယ် တချို့ က အကွက်မြင်တယ် နဂါးမြူးတဲ့ ရာသီဟာ ဘယ်အချိန်ဘယ်အခါဆိုပြီး စာအုပ်တွေထုတ်ရောင်းကြတယ် ကြိုတင်ခန့်မှန်းမှုတွေ ပြုလုပ်တယ် ။ နဂါးအကြောင်းပုံဖော်ထားတဲ့ ရုပ်ရှင်ဟာ လနဲ့ချီပြီး ရုံတင်ရတယ်။ နဂါးဖမ်းသူတွေရဲ့  အရေအတွက်ဟာ များသထက်များလာတယ် ဘယ်သူ့ကို မေးမေး အနည်းဆုံးတော့ အပျော်တမ်း နဂါးဖမ်းသူပဲ အကြိတ်အနယ် ကစားပြီးမှ နဂါးတွေတကယ်မရှိခဲ့ဘူး ဆိုတာ နဂါးဖမ်းသူတို့သိတဲ့အခါ ရှင်သန်ြ...

ကျေးဇူးတင်နေရတာကိုက ကျေးဇူးတင်နေရတယ်

ကျေးဇူးတင်နေရတာကိုက ကျေးဇူးတင်နေရတယ် ဆင်ပါးစပ် အပက်ခံရတဲ့ နှမ်းတွေကို ငါတို့တွေ မျှစားနေရတာ ငါတို့တွေ နှမ်းဝိုင်းကြဲနေကြတာ ဆင်ပြပွဲတွေက များတယ်ကွာ တစ်ခါတစ်ခါ ဆင်တွေဟာ သူတို့ကိုယ်သူတို့ ဆင်ဆိုတာ မေ့သွားပြီး တစ်ခါတစ်ခါ ဆင်တွေဟာ သူတို့ကိုယ်သူတို့ ကြွက်တစ်ကောင်လိုသိမ်ငယ် နှမ်းတွေလာပြီဟေ့ဆိုတာနဲ့ ရူးရူးနှမ်းနှမ်း ကြွက်ဖြစ်တဲ့အကြောင်းပြောကြ နှမ်းတွေဟာ ဆင်တစ်ကောင်ကို မှန်ထောင်ပြဖို့လာခဲ့တာ နှမ်းတွေဟာ ဆင်လိုမစွမ်းဘူး နှမ်းကြဲသူတွေက ၀တ်ကောင်းစားလှတွေနဲ့ နိုင်ငံတကာပွဲတွေမှာ တပြုံးပြုံး ဆင်တွေက ငေးငေးရီရီ ကြည့်တယ် ကိုယ့်နှာမောင်းကိုယ်ပြန်မပြီး နှမ်းကြဲသူတွေကို ကျေးဇူးစကားဆိုတတ်တဲ့ဆင်တွေ ဆင်တွေဟာ နေရာတိုင်းမှာတွေ့ရပေမယ့် နေရာတိုင်းဟာ ဆင်တွေအတွက်မဟုတ်ဘူး နှမ်းဝိုင်းကြဲသူတွေလည်း ဆင်မျိုးနွယ်စုတွေပါပဲ သူတို့လည်း ကြာလာတော့ သတိရတစ်ချက် မရတစ်ချက်   နှမ်းကြဲခြင်းအတတ်ကျွမ်းရင် နှမ်းသူဌေးဖြစ်လာမယ်ဆိုတဲ့ဘ၀င်နဲ့ နိုင်ငံရပ်ခြားကို ပညာတော်သင်သွားကြတယ်ဆိုလား တဝေးတစ်လံကနေ အပြေးပြန်လာခဲ့တဲ့အခါ အမောဆို့ရတယ် နိုင်ငံရပ်ခြားမှာမှ နှမ်းမကြဲဖူးရင် ဒီနေရာ မလာနဲ့လို့ နှမ...

မီးပုံးပျံပုံပြင်

မီးပုံးပျံပုံပြင် ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့် ဒီကိစ္စဟာ ကျမ နှုတ်ခမ်းသားတွေ ညောင်းညာရာက စခဲ့တာပါပဲ ရှင်နဲ့ အတူရှိနေရင်း အတူမရှိတဲ့ တစ်ယောက်ကို မြင်ယောင်မိပြီး စိုစွတ်နေတဲ့ နှုတ်ခမ်းသားတွေကို အကြောလျှော့ပေးချင်စိတ်တွေပေါက်လာတာ ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့် ရှင့်နှုတ်ခမ်းတွေဆီက ဆေးလိပ်နံ့တွေရတယ် အဲ့ဒီအတွက်ကြောင့် ကျမ ပိုလွမ်းရတယ် လွမ်းတဲ့အကြောင်းကို ဖွင့်ပြောမိတယ် ရှင် ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်တယ် ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့် ဒီအတိုင်းထားသွားရင် ရှင်နေရခက်မယ် ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်ဆိုလား ကြိုးတိုတိုနဲ့ကြံသွားတယ်ဆိုလား ကြားဖူးတယ် ဘယ်လိုမှ သဘောမထားဘူးမဟုတ်လား ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့် ရည်းစားမကျ သူငယ်ချင်းမကျ ဖြစ်ရပ်ဟာ ရိုးရိုးကလေးပါပဲ တချို့ သူတွေက မရှင်းမရှင်း နဲ့ မပွင့်မလင်းဖြစ်ကြတယ် ရှင်နဲ့ ကျမ နားလည်ဖို့ လိုတယ် ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့် ကောင်းကင်ပေါ်ထိုးတက်သွားတဲ့ မီးပုံးပျံဟာ အရှိန်နဲ့ တက်ပြီး တဖြည်းဖြည်းချင်း ပြန်ကျလာတယ် ရှင်နဲ့ကျမကြားမှာ မီးပုံးပျံလေးတစ်လုံးလွှတ်တင်ခဲ့ရာကတဆ...

အထီးကျန်ကမ်းခြေ

အထီးကျန်ကမ်းခြေ သနပ်ခါးတွေ လိမ်းပြီး ပွဲလိုက်ရမလား စောင့်နေတဲ့ကလေး အငြင်းဝါကျတွေဟာ ကျည်ဆံတွေလို မိုးပေါ်က ပြိုကျလာတယ် ထူး ထူး ချွန် ချွန် ထုံလာခဲ့ ။ ဆယ်ကျော်သက်အရွယ်မှာ ကျိတ်ဝိုင်းလေးတွေ ရှိမှန်းတောင်မသိခဲ့ရဘူးဆိုလား အတွဲချောင်းတာတောင် အဖော်စပ် မခံရဘူးဆိုလား သူငယ်ချင်းတွေ ပေါင်းပြီးကြည့်တဲ့ ဗီဒီယိုအပြာကားကို မကြည့်ခဲ့ရဘူးဆိုလား ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ရွေ့ ပြီးရင်းရွေ့ တဲ့အခါ ကင်မရာ ဖိုးကပ်စ်ရွေ့ လာတဲ့မြင်ကွင်းများ အလားတူသဏ္ဍန်တူ ဇာတ်ကွက်များ ဒဏ်ရာဟာ ထမင်းရည်ချောင်းစီး မောင်းတီးအလှူပေးလို့ရလာ လုပ်ငန်းခွင်ထဲမှာ လူမှုဆက်ဆံရေးထဲမှာ အရှိန်နဲ့ထိုးဆင်းနေတဲ့ယာဉ်ပေါ်က ဂုဏ်သိက္ခာထဲမှာ တောင်ကျရေဟာ အရှိန်နဲ့စီးဆင်းဖို့ အမြင့်ကို တက်ခဲ့ရတယ် တောင်တွေကို မော့ကြည့်သူဟာ တောင်တွေ အဝေးကြီးဆိုတာ သိခဲ့တယ်။ လွမ်းတေးချို 21.9.2017