ရှော့ခ်


ရှော့ခ်

ကျန်းမာရေးကိစ္စအတွက်
အမျိုးသားတွေနဲ့ လိင်ဆက်ဆံခဲ့ကြောင်း
အမျိုးသမီး တစ်ဦးက ဖွင့်ဟတဲ့အခါ
အမျိုးသားတွေ က ရယ်မောသတဲ့

လွမ်းတေးချို

ရှော့ခ်  

ရှင် ဒါလေးတောင် ပြီးအောင် မလုပ်နိုင်ဘူးလား
မအောင်မြင်တဲ့ ဂိုးတွေအတွက် ရှင် ရှက်သင့်တယ်
ရှင်နဲ့ နောက်တစ်ကြိမ် အိပ်ဖို့ ခက်သွားပြီ


ရှော့ခ်  

ရော့ 
ဟော့ဒါအိမ်သော့ 
အချိန်မှန်ပလေ့စေ
အားအင်ပြည့်ဝအောင် လုပ်ထား 
ညနေတွေ့ မယ် 


ရှော့ခ်

ရှင့်ပုဆိုးကြီးကို တန်းအမြင့်မှာ မလှမ်းစမ်းပါနဲ့ 
ဘုန်းနိမ့်တယ်
ဒါလေးတောင် ရှင်နားမလည်ဘူးလား

ရှော့ခ်  

တခြား ကောင်မလေးတွေနဲ့ စကားမပြောနဲ့
ပြောတာတွေ့လို့ကတော့ အသေပဲ
အိမ်ပေါ်ကနေ နှင်ချမှာ 
ထမင်းဟင်း သေချာချက်

ရှော့ခ်  
အ၀တ်အစားတွေ မီးပူတိုက်ပြီးပြီလား
အချိုးမပြေတော့ မလုပ်နဲ့နော်
အချိုးမပြေရင် ဘာဖြစ်မလဲဆိုတာ သိတယ်မလား

ရှော့ခ်  

မိုးတွေရွာနေပြီ လုံလုံခြုံခြုံဝတ်
ခြေသလုံးတွေပေါ်အောင် လမ်းလျှောက်တာမျိုးမမြင်ချင်ဘူး
မျက်နှာ တွေပါ ဖုံးထား 


ရှော့ခ်  
အမြုပ်ထွက်စ အချိုရည်ပုလင်း

ဒေါသကို ဒီအတိုင်း မဖြစ်စေချင်ဘး

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်