ဝတ်မှုန်ကူးခြင်း(2010)
ဝတ်မှုန်ကူးခြင်း
ငါနင့်ကို ချစ်တယ်လို့ငါထင်တယ်
ငါ့အချစ်ကို ဒီထက်ပိုပြီး စမ်းသပ်ဖို့တော့ မ၀ံ့မရဲ ဖြစ်မိတယ်။
အချိန်တန်တော့လည်း သီးချိန်တန်သီးရတာပေါ့လို့ နင်ပြောတယ်
နင်ငါ့ကို ယောက်ျားရှာပေးလို့ နင်ပြောလိုက်တဲ့အခါ
ဆူညံသံတွေဟာ ပိုကျယ်လောင်လာတယ်။
တဒီးဒီးအသံထွက်နေတဲ့ နံရံဖောက်စက်အပေါ် ငါ့ဒေါသတွေ ပုံအပ်လိုက်တယ်။
ငါ့ကို ငါနဲ့ ပေါင်းရင် ငါဘာမှ မဖြစ်လာပေမယ့်
ငါ့ကို နင်နဲ့ပေါင်းရင် တစ်ခုခု ဖြစ်လာမယ်လို့ ငါတွေးတယ်။
အဲ့ဒီ တစ်ခုခုဆိုတာ ကြီးကျယ်တယ်
ခမ်းနားတယ် ။ လျို့  ၀ှက်တယ်။ မှော်ဆန်တယ်။ အနာဂတ်ဆိုတဲ့ တံဆိပ်ကလေး ကပ်ထားတယ်။
နင်သိမှာပါ။
ငါ့ကို ရှင်အောင် စိုက်ပါ ။ ငါ့ကို ရေလောင်းပါ ။ ငါ့ကို ပေါင်းသင်ပါ ။ ငါ့ကို မြေသြဇာ ပုံမှန်ထည့်ပါ။
နင်ဟာ နေရောင်ခြည်ပါ
နင်ငိုတဲ့ အခါ မျက်ရည်ဟာ မိုးစက် အသွင်
ငါငိုတဲ့အခါ နံရံပေါ်က လက်သီးတွေ
ကြမ်းပြင်ပေါ်က လက်ဖ၀ါးတွေ
ငါ့ကိုယ်ငါ ဈေးကြီးလို့ မ၀ယ်ခဲ့မိဘူး
ငါ့ကိုယ်ငါ အတောင်ကျိုးနေမှန်း မသိခဲ့ဘူး
ငါ့ကိုယ်ငါ လေစိမ့်နေတဲ့ဘီးမှန်း မသိခဲ့ဘူး
ငါ့ မသိခဲ့ဘူးတွေက ငါ့ကို ပင်လယ်ထဲ ခေါ်သွားခဲ့ပါပြီ
အဲ့ဒီ ပင်လယ်ကို နောင်တလို့ ခေါ်တယ် သိလား
လှိုင်းကြီးတယ်။ လေထန်တယ်။ ခက်ထန်တယ်။ ကြမ်းတမ်းတယ်။ တစ်ခါတစ်ခါ ပြန်လမ်းမဲ့နေတတ်တယ်။
နင်သိသွားလည်း ဘာထူးမှာလဲ ငါ့မှာ ရည်ရွယ်ချက်ဆိုတာ မရှိဘူး
ငါ့မှာရည်ရွယ်ချက်ဆိုတာ ရှိခဲ့ရင် နင့်နာမည်တွေပဲ ချရေးမိမှာ
နင် မရှိလို့လည်း ဘာမှတော့ မဖြစ်ပါဘူး
ငါ အရက်တွေ သောက်ဖြစ်မှာ
ဆေးတွေ သုံးဖြစ်မှာ
နင့်ကိုလွမ်းနေမှာ
နင်ရှိနေရင် နင့်ကို လွမ်းတဲ့အကြောင်း နင့်ကိုပြောပြမှာ
အဲ့ဒီအခါ နင်က ရယ်မှာ
နင်ရယ်တဲ့အခါ ချစ်ဖို့ကောင်းပြီး ငါ့ကို လှောင်တဲ့စိတ်နဲ့ ရယ်ရင်
ငါ့ရည်းစားဖြစ်ပါစေလို့ ငါကျိန်စာတိုက်မှာ
ငါ့ကို ပြန်ချစ်ပါ
ငါ့အချစ်ကို တစ်သွေးတစ်သံ တစ်မိန့် ပေးပါ။
ငါလည်း နင်နဲ့ ရန်ဖြစ်ရတာကို ချစ်တာ
နင့်ရဲ့  ရစ်လုံးတွေကို ဆဲဆိုပြီး
ငါ့ရဲ့  ပွေ့ ဖက်မှုမှာ နင် ငြိမ်သက်နေပါ။
အချိန်တန်တော့ ချစ်မှုပြုခြင်းဟာ သိပ်ကိုလှပါနေမှာ
လွမ်းတေးချို
30 March 2010
Comments
Post a Comment