သေခြင်းတရား ၊ အလွမ်းနဲ့ မောင်သိန်းဇော်ရဲ့  ကဗျာတစ်ပုဒ်
သေခြင်းတရား ၊ အလွမ်းနဲ့ မောင်သိန်းဇော်ရဲ့  ကဗျာတစ်ပုဒ်
ကျနော်ဖတ်ဖူးတဲ့ မော်ဒန်ကဗျာဆရာထဲမှာ မောင်သိန်းဇော်ဟာ ရိုးဂုဏ်အပြည့် နဲ့ အဖွဲ့ အနွဲ့ တွေကို ပိုင်နိုင်လွန်းလှသူပဲ ။ ကျနော်ပြောလိုတဲ့ ရိုးဂုဏ် ဆိုတာ ဒီမှာ နှစ်ပိုင်း ရှိပါတယ်။ ရိုးရှင်းမှု ( simplicity ) နဲ့  ရိုးသားမှု ( honesty) ပါ ။ မောင်သိန်းဇော်ဟာ သူ့ရင်ထဲရှိရာ ခံစားချက်ကို အရိုးသားဆုံးဖွင့်ပြပြီး ရိုးရှင်းလှတဲ့ အရေးအသားတွေနဲ့ ကျနော့်နှလုံးသားကို ဆွဲညှို့ သွားနိုင်တဲ့ ကဗျာဆရာပါ။
သူ့ကဗျာတွေမှာ ရှုပ်ထွေးနားလည်ရခက်တဲ့ စကားလုံးတွေကို ဖယ်ထုတ်ထားတာလား ၊ ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ထားခဲ့တာလား သူကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။ သေချာတာကတော့ မောင်သိန်းဇော်ဟာ အပိုစကားလုံးတွေမသုံးခဲ့ဘူး ။ နာမ၀ိသေသနတွေ ၊ ကြိယာဝိသေသနတွေ ဖောင်းပွနေအောင်သုံးပြီး သူ့ကဗျာကို မတည်ဆောက်ခဲ့ဘူး ။
ဒီနေရာမှာ Simplicity လို့ ဆိုလိုက်တာနဲ့ အရမ်းလွယ်လိုက်တဲ့ကဗျာလို့ ပြောလိုတာလည်း မဟုတ်ပါဘူး။ ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ကဗျာတွေဟာ လွယ်မယောင်နဲ့ ခက်ပြီး တိမ်မယောင်နဲ့ နက်တဲ့ ကဗျာတွေလည်း ရှိပါတယ်။
တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး စကားလုံးတွေပဲ အနက်ဖွင့်မယ်ဆိုရင်
ရိုးရှင်းတဲ့ စကားလုံးတွေဟာလည်း အခက်ခဲဆုံးအဓိပ္ဗာယ်တွေပဲ လို့ အနက်ဖွင့်ရပါလိမ့်မယ်။

ကဗျာဆရာအချင်းချင်း ယှဉ်ပြီးပြောကြည့်မယ်ဆိုရင်တော့
မောင်ချောနွယ်ရဲ့  နာကျင်မှုကို ဖော်ထုတ်ပြတဲ့ပုံက အသံနက်နက်နဲ့ မက်တယ်သီချင်းတစ်ပုဒ်ဆိုသလိုပဲလို့ တင်စားမယ်ဆိုရင်
မောင်သိန်းဇော်ရဲ့ နာကျင်မှုကို ဖော်ထုတ်ပြတဲ့ပုံက ချိုမြိန်ကြည်လင်သော အသံနဲ့ ပေါ့သီချင်းတစ်ပုဒ် ဆိုသလိုပဲလို့ တင်စားမိမလားမသိဘူး ။
မောင်သိန်းဇော်ရဲ့ နာကျင်မှုကို ဖော်ထုတ်ပြတဲ့ပုံက ချိုမြိန်ကြည်လင်သော အသံနဲ့ ပေါ့သီချင်းတစ်ပုဒ် ဆိုသလိုပဲလို့ တင်စားမိမလားမသိဘူး ။
မောင်သိန်းဇော်ရဲ့  နောက်ထပ်ဂုဏ်သတ္တိတစ်ခုကတော့ အလွမ်းဆိုရင်လည်း ချိုအောင် ဖွဲ့  နွဲ့  နိုင်တာပါ ။ အလွမ်းကို မောင်သိန်းဇော်က ရှုပ်နေတဲ့ ကြိုးထုံးကို တစ်စချင်းဆွဲထုတ်ပြီး ဖြည်ချလိုက်သလို ကဗျာအားဖြင့် ရှင်းထုတ်ပစ်ခဲ့တယ်လို့ ပိုပိုသာသာလေး ကျနော်ပြောပါမယ်။ အခုလည်း သေခြင်းတရားနဲ့ စပ်လျဉ်းတဲ့ ကဗျာတစ်ပုဒ်ကို ရိုးရှင်းစွာ ဖွဲ့ဆိုခဲ့ကြောင်း ကျနော် လက်ခမောင်းခတ်လိုက်ရပြန်ပါတယ်။
ကဗျာခေါင်းစဉ်က "ရေတံခွန်ကြီးကိုမီးရှို့ မပစ်လိုက်ပါနဲ့" တဲ့ ။
ကဗျာခေါင်းစဉ်က "ရေတံခွန်ကြီးကိုမီးရှို့ မပစ်လိုက်ပါနဲ့" တဲ့ ။
ပန်းတွေကြွေရလွန်းလို့
သေခြင်းကို
သတ်ပစ်လိုက်စမ်းပါ အဖေ။
သေခြင်းကို
သတ်ပစ်လိုက်စမ်းပါ အဖေ။
အဲ့ဒီ ရေတံခွန်ကြီးကို မီးရှို့မပစ်လိုက်ပါနဲ့။
လောကကြီးဟာ ပန်းခင်းကြီးပဲ ဆိုကြပါစို့  ။ အရောင်အသွေးစုံလင် ၊ ရနံ့ စုံလင်လှတဲ့ပန်းတွေပေါ့ ။ ပွင့်ပြီးရင်ကြွေရပြန်တယ်။
လူသားဟာလည်း ကမ္ဘာကြီးမှာ ပွင့်ခဲ့ရတဲ့ ပန်းတစ်ပွင့်ပေါ့ ။
ကြွေရဖန်များလွန်းလို့ မကြွေအောင် လုပ်ပေးပါလို့ မောင်သိန်းဇော်က ပြောလိုက်တယ်။ ဘယ်သူ့ကိုပြောလိုက်တာလဲဆိုတော့ အဖေ ။ အဲ့ဒီမှာ အဖေဆိုတာ အားကိုးရာတစ်ခုခု ကို ညွှန်းဆိုတာဖြစ်မယ်လို့ထင်တယ်။
အဖ ဘုရားသခင်ကို တိုင်တည်ပြောနေတာများ ဖြစ်နေမလားပေါ့ ။ ဒါမှမဟုတ် သားတစ်ယောက်က အဖေ တစ်ယောက်ကို ပူဆာသလိုမျိုး ။ အဖေရေ ပန်းတွေ မကြွေအောင်လုပ်ပေးလို့များ ပြောနေသယောင်ယောင်။

ပြီးတော့ ဆက်ပြောတယ်။ ရေတံခွန်ကြီးကို မီးမရှို့ လိုက်ပါနဲ့  တဲ့ ။ ကျနော်တောင် Don’t burn the bridge ဆိုတဲ့ အင်္ဂလိပ်စကားတစ်ခွန်းကို သတိရမိလိုက်သေးတယ်။ အဓိက ကတော့ ဘုရင်နောင်ဖောက်ဖျက် ဆိုတဲ့ အယူအဆမျိုးပဲ ။ တံတားးတွေမီးရှို့ ထားရင် ပြန်လှည့်ပြေးလို့မှ မရပဲကော နိုင်အောင်တိုက်ရတာပေါ့ ။ အဲ့ဒီတော့ လွယ်လင့်တကူ မီးမရှို့ နဲ့ ပြေးပေါက်ရှာထားရမှာပေါ့ ။ ကဗျာနဲ့ ဘာဆိုင်လဲလို့မေးရင် ဘာမှ မဆိုင်ပါဘူး။ ဆိုလိုချင်တာက ကဗျာကို ခံစားနေရင်း စပ်မိစပ်ရာတွေ တွေးနေမိတာကို ပြောပြလိုတာပါ ။
ဒီမှာတော့ ရေတံခွန်ကို မီးရှို့ တယ်ဆိုတဲ့ စကားကို ကျနော်တို့ နားလည်သလောက် ပြန်ဆိုကြည့်ရအောင် ။ ရှေ့ မှာလည်း သေခြင်းကို သတ်ပစ်စမ်းပါလို့ ရေးပြီး ရေကို မီးမရှို့ လိုက်ပါနဲ့ ဆိုတာကလည်းစီးဆင်းနေတဲ့ ရေတွေကို မကုန်ဆုံးစေနဲ့  လို့များ ဆိုလိုတာများလား။ စီးဆင်းနေတယ်ဆိုတော့ ဘယ်က စီးဆင်းမှာလဲ ။ ကျနော်တွေးမြင်လိုက်တာကတော့ မျက်ဝန်းက စီးဆင်းလာတဲ့မျက်ရည်တွေပါ ။ မီးမရှို့ လိုက်ပါနဲ့ ဆိုတာက မငိုပါနဲ့လို့ ပြောတာလို့ ကျနော်မယူဆဘူး ။ အခုစီးဆင်းနေတဲ့ မျက်ရည်က အေးမြတဲ့ မျက်ရည်မဟုတ်ဘူး ။ မျက်ရည်ပူတွေ အဲ့ဒီမျက်ရည်ပူတွေကို မီးမရှို့ ပါနဲ့ ဆိုတာက ထပ်ပြီး အပူတွေ ထပ်လောင်းမထည့် ပါနဲ့ တော့ လို့ ပြောနေတာများ ဖြစ်နေမလား ။
ဟေ့ကောင် ညီလေး မင်းမရှိတော့ဘူးလို့
မင်းငါ့ကို ဘာလို့ ခဏခဏပြောနေရတာလဲ
ပြောလေကွာ ငါ့ကို မင်း အဲ့ဒါပဲ
ဘာလို့ တဖွဖွ ပြောနေရတာလဲ
မင်းငါ့ကို ဘာလို့ ခဏခဏပြောနေရတာလဲ
ပြောလေကွာ ငါ့ကို မင်း အဲ့ဒါပဲ
ဘာလို့ တဖွဖွ ပြောနေရတာလဲ
သေဆုံးသူဟာ သူ့ညီလေးအရင်းလား ၊ ညီလေးလို့ အမြတ်တနိုးခေါ်တဲ့မိတ်ဆွေတစ်ယောက်လား ။ လုပ်ဖော်ကိုင်ဖက်လား ။ တစ်ယောက်ယောက်ဖြစ်မှာပေါ့ ။ သေချာတာတော့ ကဗျာဆရာဟာ သူ့ကို ထပ်ခါတလဲလဲ သတိရနေတယ်။ သေဆုံးသွားပြီဆိုတာ မယုံနိုင်ဘူးလို့ ငြင်းချက်ထုတ်နေမိတယ်။
ဟိုမှာကြည့်စမ်း ၊ပန်းပွင့်လှလှ
ညနေခင်းအလှ၊အမေ့မျက်ဝန်း လှလှ
ကြည့် အစ်ကို့ဘေးမှာ
အားပါးတရ ကနေတဲ့ မင်းကလည်း
အားပါးတရ. လှလို့။
ပြီးတော့ ကြည့်
မိုးက မြေဆီ ဆတ်သွယ်နေတဲ့ တစ်ဝက်တစ်ပျက်
လှေကားတစ်ခု ၊နောက် အဲ့ဒီမှာ
ရေတံခွန်ကြီးနဲ့ ဒို့နှစ်ယောက်
တဖွားဖွား မြူးတူးလို့၊အလွန်လှလိုက်ပါဘိ။
ညနေခင်းအလှ၊အမေ့မျက်ဝန်း လှလှ
ကြည့် အစ်ကို့ဘေးမှာ
အားပါးတရ ကနေတဲ့ မင်းကလည်း
အားပါးတရ. လှလို့။
ပြီးတော့ ကြည့်
မိုးက မြေဆီ ဆတ်သွယ်နေတဲ့ တစ်ဝက်တစ်ပျက်
လှေကားတစ်ခု ၊နောက် အဲ့ဒီမှာ
ရေတံခွန်ကြီးနဲ့ ဒို့နှစ်ယောက်
တဖွားဖွား မြူးတူးလို့၊အလွန်လှလိုက်ပါဘိ။
ကြည့်
နဂ္ဂတစ်တွေ အသံမထွက်ကြဘူး
ဒီညမမြင်ရတဲ့ မင့်လက်ကို ဆွဲကိုင်နှုတ်ဆတ်မလို့
နဂ္ဂတစ်တွေ အသံမထွက်ကြဘူး
ဒီညမမြင်ရတဲ့ မင့်လက်ကို ဆွဲကိုင်နှုတ်ဆတ်မလို့
လူသားတွေဟာ အလှကိုယ်စီရှိသူတွေပဲ ။ အခုလည်း အလှတရားတွေကို အသိအမှတ်ပြုဖို့  ချစ်သောမျက်စိတွေလိုအပ်တယ်။ ပတ်ဝန်းကျင်ကလှလိုက်တာ ။ အဲ့ဒီအလှတရားထဲ မှာ သေဆုံးသူဟာ ပြန်လည်ရောက်ရှိလာခဲ့တယ်။ ဟုတ်တယ် သေဆုံးသူဟာ မောင်သိန်းဇော်နဲ့အတူ က ခဲ့တဲ့ ဇာတ်မင်းသားတစ်ယောက်များဖြစ်နေမလား ။ ဒါမှမဟုတ် ဘ၀ဇာတ်ခုံပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ ကကွက်လှလှတွေဖန်တီး ကပြခဲ့သူလား ။
မိုးနဲ့မြေဆီဆက်သွယ်ထားတဲ့ လှေကားဆိုတာ သက်တံ့ရောင်စဉ်တန်းကြီးလား ။ ကဗျာဆရာနဲ့ အတူ ရှိခဲ့ဖူးတဲ့အချိန်ကာတစ်ခုပေါ့ ။ နဂ္ဂတစ်တွေအသံမထွက်ကျဘူးဆိုတော့ ကဗျာဆရာဟာ ဓာတ်ပုံတွေကို ထိုင်ကြည့်နေခဲ့တာပါလား ။ သေဆုံးသူနဲ့ ကဗျာဆရာဟာ လက်ဆွဲ နှုတ်ဆက်မလို့တဲ့ ။ သံသရာတစ်ကွေ့ မှာ ခဏတွေ့ ကြသူချင်း ဒီတစ်ခါတော့ လက်ဆွဲ နှုတ်ဆတ်ပစ်လိုက်ပါပြီ ။ သေခြင်းတရားကို ကဗျာဆရာဟာ လက်ခံလိုက်ပြီ ။

မင့်အစ်ကို
အနူးညံ့ဆုံး ပြိုကျနေတာ
လင်းဝက်အကောင် တစ်သောင်းနဲ့
မျက်ရည်ရဲ့ ဥမှင်လှိုင်ခေါင်းထဲက တေးသံ
အနူးညံ့ဆုံး ပြိုကျနေတာ
လင်းဝက်အကောင် တစ်သောင်းနဲ့
မျက်ရည်ရဲ့ ဥမှင်လှိုင်ခေါင်းထဲက တေးသံ
လွမ်းလို့ကျတဲ့မျက်ရည်တွေက ကဗျာဆရာကို တိုက်စားနေတယ်။ အလွမ်းဟာ အကျယ်လောင်ဆုံးအော်ဟစ်နေခဲ့တယ်။ မျက်ရည်ရဲ့ လိုဏ်ခေါင်းတွေဆိုတာ မျက်ဝန်းတွေဖြစ်နေမလား ။ အမြင့်ဆုံးကီးနဲ့ အော်ဟစ်လိုက်တဲ့ အလွမ်းရဲ့ အသံဟာ ပဲ့တင်သံအနေနဲ့ပြန်လာစမြဲပေါ့ ။ လွမ်းတယ် ။ လွမ်းတယ် ညီလေးရေ ။ ဗို့အားပြင်းပြင်းနဲ့ လွမ်းရင်း ကျလာတဲ့မျက်ရည်တွေဟာ ရေတံခွန်အဖြစ်အသွင်ပြောင်းသွားခဲ့ပြီပေါ့ ။
ကြည့်
ပန်းတွေကြွေရလွန်းလို့
အဲ့ဒီ ရေတံခွန်ကြီးကို မီးရို့မပစ်လိုက်ပါနဲ့။
သေခြင်းကို
သတ်ပစ်လိုက်စမ်းပါ အဖေ။
ပန်းတွေကြွေရလွန်းလို့
အဲ့ဒီ ရေတံခွန်ကြီးကို မီးရို့မပစ်လိုက်ပါနဲ့။
သေခြင်းကို
သတ်ပစ်လိုက်စမ်းပါ အဖေ။
လူ့ဘ၀ကို နှုတ်ဆက်ထွက်ခွာသူတွေကတော့ အများကြီးပါပဲ ။ အပူပေါ် အပူထပ်ပြီး မီးမရှို့ မိဖို့သာလိုပါတယ်။ မျက်ရည်ပူတွေကို လောင်စာအားထပ်မဖြည့်ကြပါနဲ့တော့ ။ အနိစ္စ မမြဲခြင်းဆိုတဲ့ တရားကိုသာ သတ်ပစ်လိုက်စမ်းပါ လို့ ကဗျာဆရာက အသံတွေလွှင့်ခဲ့တယ်။
ကဲမောင်သိန်းဇော်ဟာ ရိုးရှင်းလှတဲ့ စကားလုံးတွေနဲ့ သေဆုံးပြီးသားလူတစ်ယောက်ကို လွမ်းပြခဲ့တယ်။ အဲ့ဒီအလွမ်းဟာ ပေါက်ကွဲအားပြင်းထန်တဲ့ အဏုမြူဗုံးတစ်လုံးလို ကျနော်တို့ ရင်ထဲမှာ ဆင့်ပွားပေါက်ကွဲသွားခဲ့တယ်။
မိုးရာသီရဲ့  မိုးစက်တွေဟာ ကျနော့်အလွမ်းကို မီးတွေထပ်ရှို့ ခဲ့ပါပြီ ။
မိုးရာသီရဲ့  မိုးစက်တွေဟာ ကျနော့်အလွမ်းကို မီးတွေထပ်ရှို့ ခဲ့ပါပြီ ။
လွမ်းတေးချို
27.7.2018
27.7.2018
Reference
မော်ဒန်ကဗျာpage မှ ဒီကဗျာကို ပြန်ဖတ်မိပြီး ဒီစာကို ရေးသားဖြစ်။
Comments
Post a Comment