ဂျယ်လစီ တိုင်းပြည်
ဂျယ်လစီ တိုင်းပြည်
အချစ်ဟာ ပေါက်လွှတ်ပဲစားပဲလို့ ကြွေးကြော်ခဲ့တုန်းက
ဂျယ်လစီဟာ ရောက်မလာသေးဘူး
သူ့ကိုယ်သူတောင် ဘယ်နေမှန်းသိမှာ မဟုတ်ဘူး။
တစ်ရက်သားငါ့ကိုယ်ငါ သတိထားမိတယ်
ဂျယ်လစီပိုးမွှားတွေ ငါ့ခန္ဓာကိုယ်အနှံ့မှာ
ယုတ္တိဗေဒကို ငါဖုန်းဆက်တယ်
အချစ်နဲ့ ဂျယ်လစီက တခြားစီပဲလို့ ငါပြောတယ်
ဖုန်းကို နံရံနဲ့ပစ်ပေါက်တယ်
ကောင်မလေးက ငါချစ်နေတာကို မသိဘူး
သူချစ်တဲ့ကောင်လေး အကြောင်းပြောပြတယ်
လူကြီးလူကောင်း အယောင်ဆောင်ရတဲ့ ဂျယ်လစီဟာ
မြိုသိပ်ပါများလို့ ဆွံ့အသွားခဲ့ရပါတယ်တဲ့
ဖူးရာကပွင့်လာတဲ့ပန်းတွေလို
ရေကာတာကျိုးပေါက်လို့ အရှိန်နဲ့စီးဆင်းလာတဲ့ဆည်ရေလို
ခေါင်းကိုက်ပျောက်ဆေးလို
ဘာလိုလို
ညာလိုလို
ဂျယ်လစီဟာ လိုပြီးရင်းလို
ဂျယ်လစီသီချင်းကို ဆိုလိုက်
ဂျယ်လစီတံတိုင်းတွေ ခြားလိုက်
ဂျယ်လစီလျှပ်စီးတွေ တလက်လက်
ဂျယ်လစီဟာ ကိုယ့်ကိုယ်ကိုယ်မယုံကြည်ခြင်းကြောင့်ပေါက်ဖွားတာ
မစွမ်းတော့တဲ့ ခပ်ချာချာ အဂ္ဂိရတ်ဆရာရဲ့  ဓာတ်လုံးလို
ဖျားနာရုံသက်သက်နဲ့ ငါတို့ဆီလာခဲ့တာ
ဂျယ်လစီကပြောတယ်
ငါမစားရတဲ့ အမဲတွေကို မင်းတို့သဲနဲ့ပက်ပေးပါတဲ့
လွတ်သွားတဲ့ ငါးတွေရဲ့  ကြီးထွားခွင့်ကို
ငါခွင့်မပြုပါတဲ့ ။
ဂျယ်လစီဟာ သူ့ကိုယ်သူ လိပ်ပြာမလုံဘူး
သူ့ သဘောသူမဆောင်တတ်တာနဲ့
ဂျယ်လစီနံ့ဟာ ခန်းမတစ်ခုလုံးပျံ့ သွားတယ်
သိလိုက်ကြပါပြီ
ဂျယ်လစီ ပြန်လာပြီတဲ့ ။
ဂျယ်လစီဟာ လူတွေရဲ့  နှလုံးသားကို
ဓားတစ်စင်းလို ထိုးဖောက်ဖို့
ဂျယ်လစီဟာ အနုမြူဗုံးတစ်လုံးလို အေးစက်စွာ ပေါက်ကွဲဖို့
ဂျယ်လစီဟာ သူ့ကိုသူတံခါးတွေပိတ်လိုက်တယ်
ဂျယ်လစီဟာ အောက်စလွတ်နေတဲ့ ပေါင်တံဖြူဖြူလေးလည်း ဖြစ်သလို
ဂျယ်လစီဟာ သေချာစွာထုပ်ပိုးထားတဲ့ စိန်လက်စွပ်တစ်ကွင်းလည်းဖြစ်တယ်
ဂျယ်လစီက ပြောတယ်
ငါ့ကိုလည်း အကောင်းပြောဦးကွတဲ့
မင်းဘာကောင်းလို့လဲကွာ
ဂျယ်လစီဆိုတာ နှစ်မျိုးရှိသတဲ့
တစ်ဖက်သတ်ဂျယ်လစီရယ်
ချစ်သူနှစ်ဦးကြားက ဆုံးရှုံးမှာကြောက်တဲ့စိတ်ရယ်
မင်းဂျယ်လစီက တစ်ဖက်သတ်ဆိုတော့
တရားမ၀င်ဘူးပေါ့ကွာ
လိပ်ပြာမလုံတဲ့ စိတ်နဲ့ နေပေါ့ကွာ တဲ့
ဂျယ်လစီက တဟားဟားရယ်တယ်
ရေမရောထားတဲ့ အရက်ကိုသောက်တယ်
ဂျယ်လစီ မူးသွားတယ်
ဂစ်တာတစ်လုံးနဲ့အတူ ညကို ဖြတ်သန်းခဲ့တယ်
တစ်ယောက်နဲ့တစ်ယောက် ပိုဂရုစိုက်တာမြင်ရင်
တစ်ယောက်နဲ့တစ်ယောက် ချစ်ပြနေတာမြင်ရင်
ဂျယ်လစီဟာ သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်ပစ်တယ်
တ၀ါးဝါး သမ်းပြတယ်
ဂျယ်လစီဟာ ခွန်အားဖြစ်ထွန်းလာတယ်
ဂျယ်လစီဟာ မျက်စိဖွင့်နားဖွင့်ပေးတယ်
ဂျယ်လစီဟာ ကိုယ်ချင်းစာစိတ်ကို မီးညှိလိုက်တယ်
ဂျယ်လစီဟာ ဒါလည်းရှိစေတော့လို့ ပြောတတ်လာတယ်
ဂျယ်လစီဟာ မမြင်ရ ၊ မမြင်အပ်တာတွေကို စူးစမ်းတယ်
ဂျယ်လစီဟာ ငါလည်းတစ်နေ့ ဒါမျိုးဖြစ်ရမယ်လို့ ဆိုတယ်
ဂျယ်လစီဟာ နောက်ဖေးပေါက်က တိတ်တိတ်ကလေး ပြန်ခဲ့ရတယ်
ဂျယ်လစီကို ပြောပြလိုက်ပါ
အတူရှိရတဲ့အချိန်တိုင်း စိတ်ညစ်ခဲ့ရပါတယ်လို့
ဂျယ်လစီကို ပြောပြလိုက်ပါ
တော်ပါပြီ တော်လောက်ပါပြီလို့
လွမ်းတေးချို
March 27, 2019
ဂျယ်လစီ - Jealousy = မနာလိုဝန်တိုခြင်း
ဂျယ်လစီတိုင်းပြည် (၂)
မသာယာဘူး မတိုးတိတ်ဘူး
လေတွေ တ၀ုန်းဝုန်းတိုက်နေတာ
ယိမ်းနွဲ့နေတာ မဟုတ်ဘူး ယိမ်းခါနေတာ
ပန်းတွေ မဟုတ်ဘူး ၊ အနမ်းတွေမဟုတ်ဘူး
နုရွနေတာမဟုတ်ဘူး ၊ ယုယနေတာမဟုတ်ဘူး
ဂျယ်လစီဟာ ဆွတ်ဆွတ်ဖြူနေတာ
အပြစ်တွေကင်းနေတာ
ချစ်ခြင်းရဲ့  သင်္ကေတဖြစ်နေတာ
ပေလိုမ ဗမာကားတွေကြောင့်ပဲထင်တယ်
သူငယ်ချင်းကို သူငယ်ချင်းလိုနားမလည်နိုင်ဘူး
လူတစ်ယောက်ကို စော်ကားသလိုဖြစ်သွားနိုင်တယ်ဆိုတာ
ဂျယ်လစီ မသိဘူး
သိဖို့လည်း မလိုဘူး ဂျယ်လစီဟာ အောင်ပွဲခံနေတာ
ကတောက်ကဆတွေကို ကြည့်လိုက်
ဖုန်းမကိုင်တာတွေကို ကြည့်လိုက်
ဂျယ်လစီက ရောက်နေပြီ
မိန့်မိန့်ကြီးထိုင်နေပြီ
မခို့တရို့ကလေး ပြုံးနေပြီ
ဘာမှ တွေးမနေဘူးဆိုတာတောင်
တစ်ယောက်ယောက်ကို တွေးနေတာမဟုတ်လားတဲ့
ပေလိုမ ဂျယ်လစီ
ဂ ဂျယ်လစီ ပြီတီတီ
ဂ ဂျယ်လစီ တဟီဟီ
ဂ ဂျယ်လစီ တကျွိကျွိ
ဂ ဂျယ်လစီး တလီးလီးပေါ့
ငါရိုင်းလာတယ်
ရိုင်းသထက် ရိုင်းလာတယ်
ဘယ်ကိုမှမရောက်တဲ့ ဂျယ်လစီရန်ပွဲတွေ
ငါနင့်ကို စွန့်ခွာမယ် နင့်အိမ်ကိုပြောမယ်
မပေါင်းနိုင်ဘူးလို့ အခါခါရွတ်မယ်
ရေချိုးခန်းထဲက ရေစက်ခေါင်းဟာ ရေတစက်စက်ကျနေတယ်
ရေဆွဲချသံကြားတယ်
အခန်းထဲက ပြန်ထွက်လာတော့
ငါတို့တွေဟာ သူစိမ်းတွေဖြစ်သွားတယ်
ဂျယ်လစီ ဂျယ်လစီဆွဲအားကြောင့်
လူတွေဟာ မတ်တပ်ရပ်နေနိုင်တာဖြစ်ပါတယ်
ကမ္ဘာမြေကြီးကို ဂျယ်လစီက ဖန်ဆင်းခဲ့တယ်
ပထမဆုံး ဖန်ဆင်းရှင်ကို ဂျယ်လစီက ဖန်တီးတော်မူတယ်
ဂျယ်လစီဟာ ကမ္ဘာဦး မတိုင်ခင်ကတည်းက ရှိခဲ့တဲ့ နတ်ဖုရား
ငါပြောနေတာ နားထောင် အိပ်မသွားနဲ့
ဂျယ်လစီဟာ တရားဆက်ဟောတယ်
ဖန်ခွက်ဟာ လက်နဲ့တိုက်မိပြီး ကျကွဲသွားတယ်
မနက်မိုးမလင်းသေးဘူး သောက်နေမိပြီ
ဂျယ်လစီ မျက်ရည်ဟာ
လှပစွာ စီးဆင်းလာတယ်
မလှဘူးလား လို့
အနာဂတ်မှာ ပြန်ပြောမယ်
အခုတော့ လီးပဲပေါ့ ဂျယ်လစီရာ
ဂျယ်လစီ မရှိတဲ့နေရာကို ပို့ပေးပါလို့
ဆုတောင်းတဲ့သူတစ်ယောက်အကြောင်းဖတ်ဖူးတယ်
နိဗ္ဗာန်ရောက်သွားတယ် ဆိုလား
မဟုတ်သေးပါဘူး
ဂျယ်လစီကို လူတွေ မချစ်ကြဘူးလား
လူတွေကိုကော ဂျယ်လစီက မဖြစ်ဘူးလား
လွမ်းတေးချို
ဂျယ်လစီ (၃)
ရှိုက်သံတွေဟာ နားထဲတိုးဝင်လာတယ်
ပုခုံးသားကို မေးစေ့နဲ့အသာအယာလေး တို့ထိလိုက်တယ်
ဒီသီချင်းပြီးရင်ပြန်မယ်ဆိုပြီး မိုးလင်းသွားတဲ့ကေတီဗွီညများ
ကျနော် မပျော်မိတော့ဘူး ဂျယ်လစီ
ဇာတ်လမ်းပြီးမှ ရောက်လာတဲ့ရဲတွေ ရှိပေမယ့်
စာမေးပွဲပြီးတော့
မြူတွေဆိုင်းသွားပြီ ။
ဂျယ်လစီတွေ မစိုက်ပါနဲ့လို့ပြောတယ်
စက်ဘီးဟာ အရှိန်နဲ့ စလှိမ့်သွားတယ်
ဂျယ်လစီရေ
ငါကျောင်းမတက်ချင်ဘူး
ခွင့်တိုင်စာလေး ယူသွားပေးပါ
ဂျယ်လစီနဲ့ မနေချင်ဘူး
ဂျယ်လစီကို မောင်းထုတ်ပေးပါ
အိပ်ယာထဲမှာလည်း ဂျယ်လစီ စောင်ရနံ့တွေ
စောက်ရနံ့တွေ
အဆာပြေတောင် မစားဖြစ်တော့တဲ့ မုန့်တစ်ခုလို
နေ့မအား ညမအား မုန်းမိတယ်
ဂျယ်လစီရေ
ဂျယ်လစီဟာ ခရမ်းလွန်ရောင်ခြည်လို
ပေါက်နေတဲ့ အိုဇုမ်းလွှာလို
လက်ပြတ်အင်္ကျီဝတ်ထားတဲ့ မိန်းမလှလေးရဲ့ 
ချိုင်းမွှေးရှည်တွေလို သိပ်အရုပ်ဆိုးလွန်းလှတယ်
ယပ်တောင်တစ်ချက်ဆိုပေမယ့်
တောက်လောင်နေတဲ့မီးတောက်တစ်ခုအတွက်
ပိုမိုလောင်ကျွမ်းခဲ့ရမှာပေါ့
နေရာတွေကိုချရေးမိတယ်
သွားမိတဲ့နေရာတွေ
သွားဖို့ စိတ်ကူးယဉ်ထားတဲ့နေရာတွေ
ဂျယ်လစီကို ငါကြိုးကိုင်တယ်
ဂျယ်လစီကို ငါချိတ်ဖြုတ်လိုက်တယ်
ဂျယ်လစီဟာ ညည်းသံလေးထွက်လာတယ်
မချစ်တဲ့သူနဲ့ အတူနေရတယ်ဆိုတာ
ဂျယ်လစီ သိလိမ့်မယ်။
ဂျယ်လစီ တိုင်းပြည် (၄)
မမွှေးရသေးတဲ့ မီးတွေနဲ့ ငါတို့လောင်တယ်
ဂျယ်လစီနိုင်ငံတော်ကြီးကို ငါတို့ တည်ထောင်တယ်
ဝင်ရိုးစွန်းရောက်တဲ့အထိ အေးစက်တုန်ဆင်းနေတဲ့ အချစ်
ပူလောင်ဖွယ်အတိပါပဲ
တစ်ယောက်ကိုတစ်ယောက် သုံးသပ်ဖို့
တစ်ယောက်ကိုတစ်ယောက် ချောက်ချဖို့
ငါတို့ဟာ ဂျယ်လစီအိပ်မက်ကို
ဖော်ဆောင်ထုဆစ်နေကြရတယ်
လွင့်ကျလိုက်တိုင်းလည်း ကောက်ယူကြပါစေ
အမြင့်ပျံတက်လိုက်တိုင်းလည်း ဆွဲယူရပါစေ
စက်လှေခါးဟာ လိုတာထက်ပိုပြီးမတ်စောက်တဲ့အပြင်
ရပ်တန့်နေရပါတယ်
လွမ်းတေးချို
Comments
Post a Comment