တိတ်တိတ်ကလေး
တိတ်တိတ်ကလေး
တစ်ခါတုန်းက ငှက်ကလေးဟာ
လေယာဉ်ပျံကြီးနဲ့ အတူပျံသန်းခဲ့တယ်
ဘ၀ဆိုတာ ပျံသန်းခြင်းပဲလို့
ငှက်ကလေး ယုံတယ်
တစ်ကြိမ်တစ်ခါနားမိတဲ့ ဓာတ်ကြိုးလေးကတော့
ငှက်ကလေး ထပျံလိုက်တဲ့အခါ
ရင်တွေခုန်လိုက်တာဗျာလို့ ဆိုတယ်
ပျံသန်းခဲ့ပြီးမှ တောင်ပံတွေကို အပြစ်မပြောသင့်တဲ့အကြောင်း
ငှက်ကလေးကောင်းကောင်းသိတာပေါ့
ကောင်းကင်နဲ့ မနီးတဲ့အခါ
ငှက်ကလေး စိတ်ဓာတ်ကျသတဲ့
သူဆွဲလိုက်တဲ့ဖဲက ရ ထားတဲ့အပွင့်ကလေးကို ဆုံးရှုံးစေသတဲ့
ငှက်ကလေးဟာ လောကဓံအကြောင်း သိလွန်းလှပေါ့
အမွှေးအတောင် မစုံခင်ကတည်းက
ဒုက္ခကို သိခဲ့ပါတယ်တဲ့
ငှက်ကလေးဟာ
ဝမ်းနည်းလွန်းရင်
မငိုပဲ ဘယ်နေပါ့မလဲ
ငှက်ကလေးက ပစ္စုပ္ဗန်ကနေ ပြေးချင်တယ်
ဒါကြောင့်ပဲ
လေယာဉ်ပျံကြီးနဲ့အတူ
ပျံသန်းခဲ့ရပါတယ်တဲ့
လွမ်းတေးချို
8:36 PM
August 12, 2018
Comments
Post a Comment