ရခိုင်ပြည်
ရခိုင်ပြည်
သူပြောတာ ငါနားလည်သ လိုလို
ငါပြောတာ သူနားလည်သလိုလို
ကိုယ့်အဓိပ္ပာာ်နဲ့ကိုယ် ကျေနပ်ခဲ့ရခြင်း
ဒီဇင်ဘာကျောင်းပိတ်ရက်ကြီးဟီးလို့
အသံသေတ္တာကြီးပျံလို့ဝဲလို့
လည်စရာလည်း ဘုရားပဲရှိသလား
ကုလားကို ကုလားလို့မခေါ်လို့
ဘယ်လိုခေါ်ရမလဲတဲ့
လွမ်းတေးချို
ရခိုင်ပြည် (၂)
ဘုရားကိုရောက်တော့
ပိတ်သွားပြီတဲ့
နိမိတ်ကြီး ဘယ်နှစ်ပါးလဲ
ခဏဆိုပြီး ငါစောင့်လိုက်ရတာ
အသားတောင် တဆတ်ဆတ်တုန်တယ်
ကားက မထွက်နိုင်ဘူး
တရုတ်တွေကလည်း
အလုပ်လုပ်ကြတယ်
ဈေးရောင်းကောင်းကြလေရဲ့ 
လက်ဗွေရာချင်း မှားတဲ့အထိ
လက်ဆွဲ နှုတ်ဆက်တာမျိုးလည်း
နိုင်ငံတကာက မြင်လိုကြတယ်
အိုဘယ့်
လူ့အခွင့်အရေးပေါ့
လွမ်းတေးချို
30 May 2018
ရခိုင်ပြည် (၃)
စပါးတွေခင်းထားတယ်
အဝါရောင်
မ၀ါခင်ကတော့ စိမ်းခဲ့ရတာပါပဲ
ထို့အတူပေါ့
လူသားချင်းဆက်ဆံရေးလည်း
ဝါသင့်တာထက် ပိုဝါခဲ့ပြီး
မီးတောက်တွေ အသွင်တွေယူလို့
လောင်ကျွမ်းပြာကြလို့
အမျိုးကို ထိရင်မချိအောင်နာတတ်ရမယ်ဆိုတဲ့ သီချင်းသံဝဲလာတယ်
အမျိုးဆိုတာ တကယ်ရှိလား
သေချာတဲ့သူတွေရှိနေတာတော့
သေချာသထက်သေချာ
လွမ်းတေးချို
30 May 2018
Comments
Post a Comment