ထူထူအအ
ထူထူအအ
ရယ်သံအဆုံးမှာ သူမ လက်နက်ချလိုက်တယ်
ဘုံးခနဲ ပစ်လဲသွားတယ်
ယနေ့ခေါင်းကြီးသတင်းဟာ ဒါပဲ ဖြစ်ပါတယ်
ကြောင်တွေဟာ အကြောင်ကြီးပဲတစ်လိုင်း သရုပ်ဆောင်နေကြတယ်
မြင်းကျားတွေဟာ အကြားတွေချည်း တစ်လိုင်းမက ကြားကြားနိုင်လွန်းတယ်
သူမဆီကို အသားစားဘီလူးတွေချည်း ရွေးလာမယ်လို့ ဇာတ်ညွှန်းထဲမှာရေးထားတယ်
ပန်းအိုး ကျကွဲတဲ့အခန်းတွေကြောင့် ကိုယ်ဝန်ရသွားတဲ့ မိန်းမသားအဖြစ်
သရုပ်မဆောင်တတ်လို့သာပေါ့
ငိုတဲ့အကြောင်းကို ကဗျာဆရာက
ဟေ့ကောင်မလေး မင်းမျက်ဝန်းထဲက
တိမ်တိုက်တွေကို
မညိုညစ် စေနဲ့ တဲ့
သူမ ပေါက်စီ မှာစားတယ်
ဘေးဝိုင်းက ခစ်ခနဲ ရယ်သံကြားတယ်
သူတို့ကြည့်နေတာကက မင်းသမီးတစ်ယောက်ရဲ့  ရင်သားနှစ်မွှာ သတင်း
ဆတ်ခနဲ ထ လိုက်တယ်
ဒီလောက်ပါပဲ
မှာထားတာ မရောက်လာနိုင်တော့
နောက်တစ်ခေါက်ထပ်မှာရတယ်
ရယ်သံနောက်တစ်ပွဲပေါ့
ဇာတ်လမ်းတစ်ဝက်လောက်ရောက်တဲ့အထိ
မင်းသားလေး ရောက်လာမယ်လို့
ယုံကြည်တုန်းပဲ
ဖယ်ရီတေးလ် ဆန်လိုက်တာ
လွမ်းတေးချို
၁၀ သြဂုတ်လ ၂၀၁၈
Comments
Post a Comment