လောလောဆယ်မီးပွိုင့်မှာ
လောလောဆယ်မီးပွိုင့်မှာ
မပြီးဆုံးသေးတဲ့ခရီးဆီရောက်ဖို့
သံသယအကြီးစားဝတ်စုံနဲ့
ပူလိုက်တာ
ဘူဇွာဆန်ဆန်ထိုင်နေတဲ့
ကားသမား
လမ်းတွေကချော်နိုင်တာပေါ့
မကြည့်ရတဲ့ ဘောလုံးပွဲများများ
ဝယ်မှရမယ်ဆိုလို့
ပွဲမဖြစ်ခဲ့ပါဘူး
အလကားရပြီး အရသာထူးတာမျိုး
ရှိမလား
ရှိရင်ကော
တကယ်ဟုတ်ပါ့မလား
လေယာဉ်က ပျံတက်သွားပြီ
ဘာကျန်ခဲ့လို့တုန်း
မှန်ပေါ်က မိုးစက်အလွဲများ
ချွေးနံ့မပျောက်သေးတဲ့ မွေ့ယာ
မှောက်နေတဲ့ အမှိုက်ခြင်း
နေမမြင်ရတာကြာပြီ
လွမ်းတေးချို
Comments
Post a Comment