ဝေးရာကနေ နီးဖို့ အကြောင်းမရှိ
ဝေးရာကနေ နီးဖို့ အကြောင်းမရှိ
လောက်လားလောက်တဲ့စကားဆိုရင်လည်း ငါပြောခဲ့တာမဟုတ်လောက်ဘူးလို့ထင်ကြတဲ့ အရောင်ရင့်ရင့်အ၀န်းအ၀ိုင်းကြီးထဲမှာ
လေပြင်းမုန်တိုင်းဟာ ငါ့အတွက်ပဲ ရည်ရွယ်ပြီးတိုက်ခတ်ခဲ့တယ်လို့ ငါပြောစရာလိုခဲ့လို့လားဆိုတာတွေနဲ့အတူ
ဝေနေရင်းဝါးလာတယ် လေနေရင်းဝါးလာတယ်ပဲ ဆိုကြပါစို့ ဆိုခဲ့သည်ရှိသော်
အစရှိသဖြင့် သင်ရကြားရ ကြားခဲ့သမျှကိုလည်း သင်လို့တတ်ထားသယောင်ဟန်ဆောင်ကြခြင်းများနဲ့အတူ
လာကြပါလို့လက်ကမ်းကြိုဆိုနေခဲ့သော်ငြားလည်း ဒီထက်ပိုပြီးမတတ်နိုင်ခဲ့တော့ပါဘူးမဟုတ်လားကွယ်လို့ပဲ
တံဆိပ်တွေကပ် တံဆိပ်တွေရိုက်ပြီး တံစက်မြိတ်ပေါ်က မိုးစက်တွေကို အငွေ့မပျံ့ ကြသေးဘူးလားလို့
မေးမြန်းစုံစမ်းရခြင်းဟာလည်း မင်းတော့ပုံမှန်အနေအထားပါနော် ဟုတ်တယ်မဟုတ်လားလို့ အရူးဆီက အရူးဖြစ်ကြောင်းကိုယ့်ကိုယ်ကိုယ်ထောက်ခံမှုတစ်ခုခုကို
တောင်းဆိုခဲ့ခြင်းဟာ တရား၏မတရား၏လို့ ဆုံးဖြတ်နေမိပြီး မျက်ရည်ဟာ မီးအိမ်တစ်လုံးမဟုတ်ဘူး ထွန်းလင်းဖို့စိတ်မကူးနဲ့
မျက်ရည်ဟာ ပန်းခင်းမဟုတ်ဘူး ပွင့်လန်းဖို့ စိတ်မကူးနဲ့ ဆိုတာတွေနဲ့ အတူ နှာစေးနေတဲ့ယုန်တွေကို ဘာမီတွန်တိုက်လည်းမပျောက်နိုင်ကြသေးတော့
အဲကွန်းခလုတ်ကို ခပ်မြန်မြန်ပိတ်ပစ်ပြီးမှ ငါလိုချင်နေတာ အအေးဓာတ်အစစ်ဟလို့ နောင်တလေး မဖြစ်စလောက်ရလိုက်တဲ့အခါ
အိပ်ယာခင်းအဖြူရောင်ပေါ်မှာ ခြေထောက်ရာကြီးကိုအထင်းသား တွေ့လိုက်မိခြင်းဟာလည်း
အမာရွတ်စစ်စစ်တွေဖြစ်နေပါရော့လားကွယ်လို့ ပညာရှိဆရာကြီးတစ်ပါးက ဆိုလိုက်တဲ့အခါ
ခေါင်းဇက်ခိုင်နေသူတွေကလည်း အပြုသဘောဆောင်ပြီး ခေါင်းငြိမ့်ကြတယ်ဆိုတဲ့ အများညီ ဤကိုကျွဲဖတ်ရခြင်းရဲ့ အကြောင်းတရားဖြစ်နိုင်သလို
ဆက်စပ်ငြင်းခုံပြောဆိုဖို့လည်း ဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူတစ်ဦးမှပြောကြားရာတွင်
ဘုရားပေါ်တွင် စကပ်တိုမ၀တ်ရခြင်းနှင့် ဘာမှမဆိုင်ကြောင်း ဆိုင်ဆိုင်မဆိုင်ဆိုင် မျက်နှာချင်းဆိုင်ဖြေရှင်းရန်လည်း မလိုအပ်ပါကြောင်းနှင့်
မိုးစက်များနှင့်အတူ ရေးသားဖြစ်ခဲ့ခြင်း။
လွမ်းတေးချို
၁၇ သြဂုတ် ၂၀၁၈
Comments
Post a Comment