ကဗျာတိုများ
ထီလှည်း
သီချင်းက မျှော်လင့်ခြင်းတွေ
သယ်လာတယ်တဲ့
လကုန်ခါနီးပြီ
လွမ်းတေးချို
အလှည့်ကျ
အရင်ရောက်တယ်
အလှည့်မရောက်ဘူး
တစ်ခုခု လိုနေတာဖြစ်မယ်
လွမ်းတေးချို
စီးကရက်
မတွေ့တော့ဘူးပြောတယ်
ခိုးခိုးတွေ့တယ်
နမ်းမိကြပြန်တယ်
လွမ်းတေးချို
သီချင်းလေး
စည်ပင်ကားပေါ်
အလွမ်းဓာတ်ခံအပြည့်နဲ့
ဘယ်လို ရုန်းကန်မှုမျိုးလဲ
လွမ်းတေးချို
အနွေးထည်
မလုံလောက်သေးဘူး
ဖျားလို့မ၀ နိုင်ဘူး
ကိုယ်နဲ့ မတန်တော့ဘူး
လွမ်းတေးချို
တိတ်တဆိတ်
ဘယ်သူမှလည်း ဖိတ်ဘူး
စကားတွေဝင်ပြောချင်တယ်
မပြောဖြစ်ခဲ့ဘူး
လွမ်းတေးချို
ဒုက္ခ
ထိုင်တော့ထိုင်နေတယ်
ဘေးနားက ခွေးကလေးကငေါင်နေတယ်
ငါလည်း ဘာလုပ်ပေးရမှန်းမသိဘူး
လွမ်းတေးချို
ဘဝ
ဓာတ်ပုံရိုက်ကြမယ်ဆိုတော့
ငါတို့တွေ
ပျော်ပျော်ပါးပါး
နေရာယူလိုက်ကြတယ်
တော်တော်ကြာမှ
သိလိုက်ရတာ
အရူးပုံပိုစတာ
ရိုက်တာတဲ့
လွမ်းတေးချို
8:46 am
16 May 2018
Comments
Post a Comment