ငါးခုံးမတွေမဖတ်တဲ့ ကဗျာ

ခင်ဗျား ကိုယ်ကျင့်တရားက နံ တယ်လို့ အော်ပြောတဲ့အခါ
လူတစ်အုပ်လုံးက လှည့်ကြည့်တယ်။
ချိုင်းနံ့ ကို မသိမသာ ရှူ ကြည့် တဲ့ သူကရှူ
ရေမွှေးပုလင်း ကို မသိမသာ ထုတ်တဲ့သူက ထုတ်
စနိုးတာဝါလေး ထုတ်ပြီး မျက်နှာကို သပ်တဲ့သူက သပ်
လူအုပ်ကြီးထဲက လူတစ်ယောက်က
မင်းဟာ လူလိမ်ပဲ လို့ ဆိုတဲ့အခါ
အဲ့ဒီ လူတစ်အုပ်လုံးက လက်သီးလက်မောင်းတန်း
ထောက်ခံ ကြသတဲ့။

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်