အိပ်မက်ပြခန်း

တက်ကြွခြင်းဟာ ငါတို့သွေးထဲမှာ စီးဆင်းနေတယ်
တိုင်းပြည်အရေးကိစ္စတွေမှာ လွတ်လပ်စွာ ၀င်ရောက်စီးမျှောဖို့ငါတို့လာခဲ့တယ်
ငါတို့ဟာ 
အမှောင်ခန်းထဲမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံခဲ့ရတယ်
ကဲ
ရောင်နီတံခါးပွင့်
ငါတို့အတွက် အခါသင့်ပဲ
တက်ကြွခြင်းဟာ ငါတို့သွေးထဲမှာ စီးဆင်းနေတယ်
ဆတ်ခနဲ ရိုက်ခွဲခံရတဲ့ ရေခဲတုံးတစ်တုံးလို
ငါတို့ စုစည်းမှုဟာ တစ်ယောက်တစ်နေရာ
ထင်းစည်းဥပမာလို ငါတို့ ညီညွတ်ကြမယ်
လူငယ်ဟာ အနာဂတ်ခေါင်းဆောင်ဖြစ်တယ်
ဒါကို ငါတို့ ငြင်းပယ်ကြမယ်
ဒါကို ငါ….တို့ ငြင်းပယ် ကြ ရ မယ်…….
လူငယ်ဟာ ယနေ့ခေတ်ကို ပုံဖော်သူဖြစ်တယ်
ယနေ့ခေါင်းဆောင်ဟာ လူငယ်ဖြစ်ပြီး
လူငယ့် လှုပ်ရှားမှုတိုင်းဟာ ခေတ်ကို စာလုံးပေါင်းပြနိုင်ရမယ်
လူငယ့်အလံတွေ လှုပ်ရှားပျံ့  လွင့်
လူငယ့်အသံတွေ ကျယ်လောင်သထက်ကျယ်လောင်
လူငယ့် အကြံတွေ မိုးထိမြင့်မား
ငါတို့ တွေဟာ ကိုယ့်အသိဥာဏ်ဓားကို သွေးထားမှသင့်မယ်
တက်ကြွခြင်း ဟာ ငါတို့သွေးထဲမှာစီးဆင်းနေတယ်
နိုင်ငံချစ်စိတ်တွေနဲ့အတူ
ငါတို့မှာ ပစ်မှတ်တွေသိပ်များတယ်
လူမှုရေးပစ်မှတ်၊ နိုင်ငံရေးပစ်မှတ် ၊ စီးပွားရေးပစ်မှတ်၊ ပညာရေးပစ်မှတ်
ငါတို့ မှာ ကျည်ဆံတွေလုံလောက်နေပြီလား
မေးခွန်းတွေနဲ့ငါတို့ အိမ်ပြန်ခဲ့ရပေါင်းများပြီ….။
ငါတို့ ညီအကို တွေက အိမ်လည်သွားလိုက်ကြတာ ပြန်မလာကြသေး
ငါတို့ အိမ်တွင်းရေးကိစ္စတွေလည်း ပစ်မှတ်ထားရဦးမယ်
တက်ကြွခြင်းဟာ ငါ့တို့ သွေးထဲမှာ စီးဆင်းနေမှကိုဖြစ်မယ်
ငါတို့ တနိုင်တပိုင် အလုပ်တွေလုပ်ကြမယ်
တက်ကြွခြင်းဖြင့် တိုင်းပြည်အရေးကိစ္စတွေဖော်ထုတ်
ငါတို့အိပ်မက်တွေ ပုပ်သိုးမသွားဖို့တော့လိုမယ်
တက်ကြွခြင်းဟာ ငါတို့သွေးထဲမှာစီးဆင်းနေတယ်

လွမ်းတေးချို
၉.၆.၂၀၁၂

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်