တောင်းဆိုမှရမယ်ဆိုတာ အလွမ်းတောင်မသေချာဘူး

ရှင် သိပ်ဆိုးတာပဲ စကားအဆုံးမှာ မျက်စိကိုစုံမှိတ်
ကွန်နက်ရှင်ကျသွားတယ် ပျော်ချင်ရင် အိမ်မပြန်မိစေနဲ့
အွန်လိုင်းယဉ်ကျေးမှုဟာ လှချင်သလောက်လှခဲ့တယ် ဒီအချိန်ဆိုခေါ်နေကြ
မနက်ဖြန်ခရီးထွက်ရမယ် မပြီးပါဘူး မလွယ်ပါဘူးတွေနဲ့
ခရီးဟာ ကိုယ့်ဆီကထွက်သွားခဲ့ပြန်တယ် ဆက်မပြောနဲ့
ယူထားတဲ့ခွင်ဟာ တစ်ရက်ပြီးတစ်ရက် အငွေ့ပျံနေတယ် ယင်ကောင်တွေထိုင်မောင်းနေလိုက်
ရေဒီယိုသီချင်းတွေကို မကြားဖူးခဲ့ဘူး ဆင်ဖမ်းမယ်
ထိတ်လန့်ခြောက်ခြားသွားရပြန်တယ် ကျားဖမ်းမယ်
ကားအဆင်သင့်စောင့်မယ်ဆို တန်းစီတဲ့ယဉ်ကျေးမှု အသိုးကြီး
ဟုတ်လည်းမဟုတ်ပဲနဲ့ ညာကြတယ် ဟုတ်ပါ့မလား
ကျွန်တော်မေ့နေတယ် ဘယ်လိုလုပ်ပေးမလဲ
ကမ္ဘာကြီးမှာ ဘယ်သူတွေ စခဲ့တာလဲ အလယ်ကလူစကားဝဲ
သူဝင်လာပြီးတဲ့နောက်  တံခါးဟာပိတ် နိုင်ငံရပ်ခြားက ပြန်လာတော့
တံခါးကို တံငါသည်ကစောင့်တယ် မလွယ်ပါဘူးလေ
လက်ပေးတာနဲ့ လာဘ်ယူတာမျိုးပေါ့ သိပ်ဥာဏ်ကောင်းလှတယ်
အချိန်တန်တော့လည်း ခင်ဗျားတို့ အလည်ရောက်ရမယ် ပင်ပန်းတာပြောပါတယ်
အောင်ခြင်းဘယ်နှစ်ပါးရှိမလဲ ငါ့လောက်ဘယ်သူအလုပ်များမလဲ
ပြောမရဘူး အဟက် ဘယ်ပြောလို့ရမလဲ ဒီလောက်တော့ဖြစ်နိုင်သေးတယ်
ကျွန်တော်တို့ ဟာ  ဒီအတိုင်းပြီးခဲ့ရမှာနော် ကားကိုဆက်ဌားတယ်
ရေးလို့မပြီးသေးဘူးလားတဲ့ တဖြည်းဖြည်းရေငတ်လာတယ်
အိပ်မငိုက်မိအောင်နေတယ် လုပ်ငန်းတွင်ကျယ်လာတယ်
တကယ်တော့ မျက်လုံးတွေဖွင့်လို့မရတော့

လွမ်းတေးချို

၂၈ ဇွန် ၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်