လူနာ

သူ့မျက်လုံးမှာ ဒဏ်ရာကို အားယူပြီးကြည့်လိုက်တဲ့အကြည့်
သူတိုက်နေတယ်
ခံစစ်နဲ့တိုက်နေရတယ်
သေချာပြီလို့ သူ့မိသားစုကပြောတယ်
အမျိုးတွေ ရောက်နေကြပြီ
ဈေးဝယ်ဖို့ပြင်နေကြပြီ
သူကလွဲပြီး အကုန်ညည်းနေတဲ့သီချင်းဟာ သေခြင်းတရားပဲ
ပထမဆုံး အကြည့်မှာ
ကိုယ်မမေ့တော့
အောက်စီဂျင်ပိုက်တန်းလန်းနဲ့ အကြည့်
ဟိုးငါးကန်ထဲက အမြှပ်တွေလိုလေ
ဒီမှာတော့ ဈေးကြီးပေးဝယ်နေရ
အလကားရတာကို တန်ဖိုးထားတတ်ဖို့ သင်ကြားခြင်းခံရ
ဆေးရုံပြင်ရောက်မှ လေကို ခပ်ပြင်းပြင်းရှူလိုက်တယ်။
မိသားစုဝင်တွေရဲ့  အကြည့် ဟာ မီးစာကုန်ဆီခမ်းနေတယ်
အကုန်လုံးက လက်လျှော့လိုက်ပြီ
သူပဲ လက်မလျှော့သေး
ဒါဟာ ပေါ့သေးသေးစကားမဟုတ်ဘူး။
အဲအကြည့်တွေငါသိပ်ကြောက်တာပဲ လို့ ဆိုသူတွေရှိသေး
လွယ်လွယ်ကူကူတွေ့ ဖို့ရာ
လွယ်လှတာတော့မဟုတ်
မရဏမင်း.
ဘ၀ဟာ ရေပွက်ပမာဆိုပြီး
ခင်ဗျားကျတော့ မြဲလွန်းလှတယ်

လွမ်းတေးချို
21 January 2014 at 18:15 · Yangon, Burma ·

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်