အရွယ်နဲ့မမျှ

အရွယ်နဲ့မမျှတဲ့ အသီးဟာ ဆေးထိုးပြီးကြီးခဲ့တာ
အသီးကို အသီးလို့ခေါ်ဦးမလား
အရည်ရွှမ်းတယ်
အရသာ ရှိတယ်
ဘေးထွက်ဆိုးကျိုး ရှိမယ်

အရွယ်နဲ့မမျှတဲ့ အသီးဟာ  စားသောက်ခံရ
အရွယ်ချင်းမတူသူတွေက သားရည်ကျခဲ့တာ
အရသာရှိတယ်ပြောတယ်
ကြားမကောင်းဘူး

အရွယ်နဲ့မမျှတဲ့ အသီးဟာ အပင်ထက်မှာ
လေတိုက်လည်း ကြွေဟန်ပြရ
လေမတိုက်လည်း  ကြွေချင်ယောင်ဆောင်ရ

အရွယ်နဲ့မမျှတဲ့ အသီးဟာ အမွှာပူးတဲ့
ကြည့်သူတွေလည်း အငမ်းမရ

လွမ်းတေးချို

၁၃ ဇူလိုင် ၂၀၁၆ 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်