စိတ်ကို အကြောလျော့လိုက်တော့ အိပ်မက်တွေပွင့်တာပဲ
အရင်တုန်းက
စူပါ့စူပါထက်မြက်မှု ကို သိပ်သဘောကျတယ်
မိန်းမဟာ
စိတ်ကူးထဲမှာ ပြီးပြည့်စုံရမယ်
မျှော်လင့်သလို
မဖြစ်တဲ့အခါ ငါ့နဲ့ငါကြားမှာ မီးလောင်တယ်
ငါတို့ဆက်ဆံရေးဟာ
ပြာကျမတတ်ဖြစ်ရတယ်
ငါလိုချင်တဲ့မိန်းမဟာ
ငါ့ကိုမလိုချင်တော့ဘူးလို့ ဆိုတယ်
ငါ့စိတ်ကူးဟာ
ငါ့ကိုသတ်ခဲ့တယ်။
ငါ့ကိုယ်ငါ
ပြန်ရှာဖို့ အရှိတရားကို လက်ခံခဲ့တယ်
ငါ့ကိုယ်ငါရှာတွေ့
ရုံမက ငါ့ကိုယ်ငါတယုတယ ထုပ်ပိုးသိမ်းဆည်းချင်လာတယ်
ငါ့မိန်းမကို
ငါပြန်ရခဲ့တယ်
သူမ မဟာ စူပါ
woman မဟုတ်ဘူး
သူမ ဟာ နှုန်းစံငါးကန်ထဲက
ငါးကလေးမဟုတ်ဘူး
အော်ဟစ်ခြင်းဟာ
သူမ အစစ်ပဲ
ဒေါသထွက်ရင်
ဖုန်းကိုလည်း ရိုက်ခွဲတာပဲ
ငါ့အထွာနဲ့ငါတိုင်းပြီး
သူများနဲ့ တန်မလားလို့ ငါတွေးခဲ့တယ်
မသပ်မရပ်
ဝတ်စုံ ကြီးဝတ်မည့်အစား ငါ့ကိုယ်ငါ အရေခွံလဲခဲ့တယ်
အခုတော့ ငါ့မိန်းမကို
ငါပြန်ရခဲ့ပါပြီ ။
လွမ်းတေးချို
၂၉ ဇွန် ၂၀၁၆
Comments
Post a Comment