သွားကိုက်တယ်ဆိုတာ

သွားကိုက်တယ် ဆိုတာလေ
ပြန်ကိုက်လို့မရဘူး
သတ္တိရှိပါပေ့ ဆိုလည်း
ငြိမ်ကုပ် ကုပ်နေရတယ်

သွားကိုက်တယ်ဆိုတာလေ
နားထင်ကြောတွေ တင်းလာပြီး
ခေါင်းပါအဆစ်ကိုက်ပေးလိုက်ရ

သွားကိုက်တယ်ဆိုတာလေ
ဈေးဝယ်သလိုပြောရရင်
တစ်ခွန်းဆိုင်
နည်းနည်းမှ လျော့ခိုင်းလို့မရ

သွားကိုက်တယ်ဆိုတာလေ
အလွမ်းသမားလေးလို ငိုလို့လည်းမလှ
ခိုညည်းသလိုသာ
အသံလွှင့်နေရ

လွမ်းတေးချို
၁၁ဇူလိုင် ၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်