ရည်းစားထားနည်း ကစားလိုက်ရအောင်
အချစ်နည်းနည်းလိုမယ်
အချစ်တွေများရင်
သ၀န်တိုတာ များလာမယ် မကိုက်သေးဘူး
အလွမ်းကို
လိုသလောက် ခပ်ပါးပါးလေး ထည့်သွင်းထားဖို့ စဉ်းစားတယ်
မေ့လောက်ပြီ
ဆိုတဲ့ အချိန်မှာ သိပ်လွမ်းတာပဲ ဆိုတဲ့ စကားက လန်းဆန်းစေမယ် မဟုတ်လား
နေ့စဉ်ရက်ဆက်
ကြီး ဖုန်းပြောဖို့မလိုဘူး
လိုအပ်ရင်
လူချင်းတွေ့လိုက်တာမျိုး
နှုတ်ခမ်းတွေကို
အကြောလျော့ ပစ်တာမျိုး
ထီးတစ်ချောင်းအောက်မှာ
မုန်တိုင်းကျပစ်တာမျိုး
စိတ်လက်ကြည်သာတဲ့အခါ
လက်ကလေးတွဲလျှောက်တာမျိုး
ဘာရယ်မဟုတ်ဘူး
လိုင်းကားတွေတိုးစီးပစ်တာမျိုး
တိုင်ပင်စရာ
သိပ်မလိုပဲ ခရီးတစ်ခု အတူသွားဖြစ်တာမျိုး
အမျိုးမျိုး
နဲ့ မရိုး ၊ ရိုးမသွားအောင် လောကဓံထဲမှာ တိုးပြီးရင်းတိုး
ဆက်ဆံရေးဆိုတာ
ပန်းပင်ကလေး စိုက်သလို ပျိုးပြီးရင်း ပျိုး
ပေါ့ ။
ရည်းစားထားနည်း
ကစားရအောင်။
လွမ်းတေးချို
၆ ဇူလိုင်
၂၀၁၆
Comments
Post a Comment