ရှာဖွေခြင်း စူးစမ်းခြင်းဟာ ပုစ္ဆာကောင်ရဲ့အသက်

ငါ့ကိုနားမလည်ပါနဲ့ဟန်နီ
နားလည်မှု ဆိုတာ
အချစ်မှာ မရှိမဖြစ်လို့ဆိုကြပေမယ့်
နားလည်မှု ကသာ
အိမ်ထောင်ရေးမြဲစေတယ် ဆိုပေမယ့်
နားလည်မှု ကသာ
အရိပ်အကဲ ကြည့်နိုင်တာ ဆိုပေမယ့်
ငါ့ကို နားမလည်ပါနဲ့ ဟန်နီ
ငါ့ကို နားလည်သွားတဲ့အခါ
မင်းအတွက် ပျင်းစရာကောင်းသွားမှာ
ငြီးငွေ့စရာကောင်းသွားမှာ
ကဲထပ်ပြောလိုက်ပါဦး
"ကျမ ရှင့်ကို နားမလည်ဘူး"


လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်