ရင်ကပ်ပန်းပုံပြင်

တစ်ခါက ရင်ကပ်ပန်းလေးဟာ အဲကွန်းကရေတွေကျလာတယ်
မပြောမဆိုပဲ ကျမ ချစ်မိသွားပြီလို့ဆိုတယ် ပိတ်ပစ်ဖို့လိုက်ရှာတယ်
ပူနွေးနူးညံ့သောအထိအတွေ့မှာ တိုးတိုးတိတ်ရင်ခုန် နှာစေးအအေးမိ
ရင်ကပ်ပန်းလေးဟာ ခွေးအူသံကြောက်ကြောက်ကြား အသက်ငယ်သေးတယ်
စောစောအိပ်လို့စောစောထ စောစောအလုပ်ရသွားသတဲ့ တစ်ရက်ကို ဘယ်လောက်
ညည့်နက်သန်းခေါင်ရောက်တော့ သဲတွေထဲဖိနပ် အလည်ရောက်သွား
လက်တွေက ခလုတ်တွေဆီရောက်ခဲ့ ကမ်းခြေကိုမရောက်မီညက
ဒီအတိုင်းဆိုနောက် ဘယ်တော့မှ မဆက်နဲ့တော့တဲ့ ကုန်းတွင်းပိုင်းပင်လယ်နယ်နိမိတ်
ဘာတတ်နိုင်မှာလဲ ရင်ကပ်ပန်းလေးက ထပ်ပြောတယ် အနာဂတ်ကိုကြည့်တော့
ရှင့်ကိုချစ်တဲ့အကြောင်းမပြောပါရစေနဲ့တဲ့ ကြောင်တွေဟာ တစ်ယောက်တည်းဆိုလည်း ဒီအတိုင်းပဲဖြစ်မှာ
သူက ကျွန်တော့်ထက်တော်တယ်
တိုင်းသိပြည်သိလွမ်းရတာ မလွယ်လှဘူး ကိုယ်နားလည်တယ်
ကျိတ်ပြီးလွမ်းနေတယ် မဟုတ်လားလို့ ယောင်ယောင်မှားမှားမေးပစ်လိုက်တယ်
ဘ၀မှာ တစ်ခုပြီးတစ်ခု မပတ်သက်ရရင်ကောင်းမှာ
နေလိုလလို အမြင်နီးပြီး ဝေးလိုက်ရတာ
အဲကွန်း ရီမု့ကြီးကိုင် တီဗွီလိုင်းကို ပြောင်းဖို့ ကြိုးစားနေတယ်။


လွမ်းတေးချို

၂၇ ဇွန် ၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်