Posts

Showing posts from March, 2019

ဂန္တ၀င်တေး

အုတ်ဂူနားကို ပန်းစည်းကလေးသယ်လာပြီး နင့်ကိုငါအရမ်းချစ်တယ်ဆိုတဲ့ ဇာတ်ဝင်ခန်းလေးကြည့်ရတယ် မတော်ရသေးတဲ့ ရည်းစားကို ဖွင့်မပြောဖြစ်တဲ့ နောင်တမျိုး   မရှိစေချင်လို့ မင်းဆီက အဖြေကိုငါတောင်းခဲ့တယ် ဆိုတဲ့   ခပ်မိုက်မိုက်စကားမျိုးနဲ့ ချစ်ခြင်းမေတ္တာကို ဓားပြတိုက်ခဲ့တယ် လက်ချင်းယှက်ပြီး လျှောက်ဖူးရုံလောက်နဲ့   မြက်ခင်းပေါ်မှာ နာရီနဲ့ချီပြီး စကားပြောဖူးရုံလောက်နဲ့   ရုပ်ရှင် အတူကြည့်ဖူးရုံလောက်နဲ့   စသည်ဖြင့်   အချစ်ဟုခေါ်သင့် မခေါ်သင့်   ထီးကို ရှာမတွေ့ တော့တဲ့အခါ မိုးတွေသည်းလာမှာပဲ ငါတို့ စိတ်ကအစ မိုးတွေမိတာ ငါတို့စိတ်က အစ အုံ့မှိုင်းလာတာမျိုးပေါ့   စန္ဒယားအသံထဲ ငါတို့ ရောက်သွားတယ်   တွယ်တာမှုတွေ အပေါ်ဝယ်   စိတ်တန်ခိုးဖြင့် ဖလှယ် မိသည့် အဖြူအမည်း ခလုတ်များ ငါတို့ဘာကြားရလဲ   ခိုနားတွယ် ခိုနားတွယ် ခိုနားမှာ တွယ်နေတဲ့ စုံတွဲကိုကွယ်   တစ်ယောက်နဲ့ တစ်ယောက် ခိုနားတွယ် နေကြတာလားလို့ မေးရင်   သူတို့ ဘာဖြေဖို့လိုဦးမလဲ   ငါတို့ ...

ရခိုင်ပြည်

ရခိုင်ပြည်   သူပြောတာ ငါနားလည်သ လိုလို   ငါပြောတာ သူနားလည်သလိုလို ကိုယ့်အဓိပ္ပာာ်နဲ့ကိုယ် ကျေနပ်ခဲ့ရခြင်း   ဒီဇင်ဘာကျောင်းပိတ်ရက်ကြီးဟီးလို့   အသံသေတ္တာကြီးပျံလို့ဝဲလို့   လည်စရာလည်း ဘုရားပဲရှိသလား ကုလားကို ကုလားလို့မခေါ်လို့   ဘယ်လိုခေါ်ရမလဲတဲ့   လွမ်းတေးချို   ရခိုင်ပြည် ( ၂ )  ဘုရားကိုရောက်တော့   ပိတ်သွားပြီတဲ့   နိမိတ်ကြီး ဘယ်နှစ်ပါးလဲ   ခဏဆိုပြီး ငါစောင့်လိုက်ရတာ အသားတောင် တဆတ်ဆတ်တုန်တယ် ကားက မထွက်နိုင်ဘူး တရုတ်တွေကလည်း   အလုပ်လုပ်ကြတယ် ဈေးရောင်းကောင်းကြလေရဲ့    လက်ဗွေရာချင်း မှားတဲ့အထိ   လက်ဆွဲ နှုတ်ဆက်တာမျိုးလည်း   နိုင်ငံတကာက မြင်လိုကြတယ် အိုဘယ့်   လူ့အခွင့်အရေးပေါ့ လွမ်းတေးချို   30 May 2018 ရခိုင်ပြည် ( ၃ )   စပါးတွေခင်းထားတယ် အဝါရောင်   မ၀ါခင်ကတော့ စိမ်းခဲ့ရတာပါပဲ ထို့အတူပေါ့ လူသားချင်းဆက်ဆံရေးလည်း ၀ါသင့်တာထက် ပိုဝါခဲ့ပြီး မီးတောက်တွေ အသွင်တွေယ...

ရှော့ခ်

ရှော့ခ် ၁ ကျန်းမာရေးကိစ္စအတွက် အမျိုးသားတွေနဲ့ လိင်ဆက်ဆံခဲ့ကြောင်း အမျိုးသမီး တစ်ဦးက ဖွင့်ဟတဲ့အခါ အမျိုးသားတွေ က ရယ်မောသတဲ့ လွမ်းတေးချို ရှော့ခ် ၂   ရှင် ဒါလေးတောင် ပြီးအောင် မလုပ်နိုင်ဘူးလား မအောင်မြင်တဲ့ ဂိုးတွေအတွက် ရှင် ရှက်သင့်တယ် ရှင်နဲ့ နောက်တစ်ကြိမ် အိပ်ဖို့ ခက်သွားပြီ ရှော့ခ် ၃   ရော့   ဟော့ဒါအိမ်သော့   အချိန်မှန်ပလေ့စေ အားအင်ပြည့်ဝအောင် လုပ်ထား   ညနေတွေ့ မယ်   ရှော့ခ် ၄ ရှင့်ပုဆိုးကြီးကို တန်းအမြင့်မှာ မလှမ်းစမ်းပါနဲ့   ဘုန်းနိမ့်တယ် ဒါလေးတောင် ရှင်နားမလည်ဘူးလား ရှော့ခ် ၅   တခြား ကောင်မလေးတွေနဲ့ စကားမပြောနဲ့ ပြောတာတွေ့လို့ကတော့ အသေပဲ အိမ်ပေါ်ကနေ နှင်ချမှာ   ထမင်းဟင်း သေချာချက် ရှော့ခ် ၆   အ၀တ်အစားတွေ မီးပူတိုက်ပြီးပြီလား အချိုးမပြေတော့ မလုပ်နဲ့နော် အချိုးမပြေရင် ဘာဖြစ်မလဲဆိုတာ သိတယ်မလား ရှော့ခ် ၇   မိုးတွေရွာနေပြီ လုံလုံခြုံခြုံဝတ် ခြေသလုံးတွေပေါ်အောင် လမ်းလျှောက်တာမျိုးမမြင်ချ...

ကဗျာတိုများ

ထီလှည်း သီချင်းက မျှော်လင့်ခြင်းတွေ သယ်လာတယ်တဲ့ လကုန်ခါနီးပြီ လွမ်းတေးချို အလှည့်ကျ အရင်ရောက်တယ် အလှည့်မရောက်ဘူး တစ်ခုခု လိုနေတာဖြစ်မယ် လွမ်းတေးချို စီးကရက် မတွေ့တော့ဘူးပြောတယ် ခိုးခိုးတွေ့တယ် နမ်းမိကြပြန်တယ် လွမ်းတေးချို သီချင်းလေး စည်ပင်ကားပေါ် အလွမ်းဓာတ်ခံအပြည့်နဲ့ ဘယ်လို ရုန်းကန်မှုမျိုးလဲ လွမ်းတေးချို အနွေးထည် မလုံလောက်သေးဘူး ဖျားလို့မ၀ နိုင်ဘူး ကိုယ်နဲ့ မတန်တော့ဘူး လွမ်းတေးချို တိတ်တဆိတ် ဘယ်သူမှလည်း ဖိတ်ဘူး စကားတွေဝင်ပြောချင်တယ် မပြောဖြစ်ခဲ့ဘူး လွမ်းတေးချို   ဒုက္ခ ထိုင်တော့ထိုင်နေတယ် ဘေးနားက ခွေးကလေးကငေါင်နေတယ် ငါလည်း ဘာလုပ်ပေးရမှန်းမသိဘူး လွမ်းတေးချို ဘဝ ဓာတ်ပုံရိုက်ကြမယ်ဆိုတော့ ငါတို့တွေ   ပျော်ပျော်ပါးပါး နေရာယူလိုက်ကြတယ် တော်တော်ကြာမှ သိလိုက်ရတာ အရူးပုံပိုစတာ   ရိုက်တာတဲ့ လွမ်းတေးချို 8:46 am 16 May 2018

ယားနာ

ယားနာ   တချို့လှေကားတွေက   အဆင်းပဲ ရတယ်   တချို့က အတက်ပဲရတယ် သစ်ပင်ကို ကျားကန်ထားတယ်   ရေဝပ်လမ်းမများဟာ   ကြက်တစ်ဝပ်ကနေ ကျွဲတစ်ဝပ် ဖြစ်လာ ငါဖြတ်သန်းရတဲ့ခေတ်   ဆေးထိုးတာတောင် အကြွေးနဲ့ အရက်ဖိုးကလည်း မကျေနိုင် အုတ်ဂူကြီးဟီးတာကအစ အားကျနေကြ ချန်ပီယံဖြစ်မှ   ဘရန်းကြက်ပေါင်းရည်သောက်ရ   အလှကုန်တွေသုံးရ   ဘယ်မှမရောက် အမှတ်တရများ လွမ်းတေးချို   7:40 pm 25.6.2018 

လောလောဆယ်မီးပွိုင့်မှာ

လောလောဆယ်မီးပွိုင့်မှာ   မပြီးဆုံးသေးတဲ့ခရီးဆီရောက်ဖို့   သံသယအကြီးစားဝတ်စုံနဲ့ ပူလိုက်တာ ဘူဇွာဆန်ဆန်ထိုင်နေတဲ့   ကားသမား လမ်းတွေကချော်နိုင်တာပေါ့   မကြည့်ရတဲ့ ဘောလုံးပွဲများများ ဝယ်မှရမယ်ဆိုလို့   ပွဲမဖြစ်ခဲ့ပါဘူး   အလကားရပြီး အရသာထူးတာမျိုး ရှိမလား ရှိရင်ကော တကယ်ဟုတ်ပါ့မလား လေယာဉ်က ပျံတက်သွားပြီ ဘာကျန်ခဲ့လို့တုန်း   မှန်ပေါ်က မိုးစက်အလွဲများ ချွေးနံ့မပျောက်သေးတဲ့ မွေ့ယာ မှောက်နေတဲ့ အမှိုက်ခြင်း နေမမြင်ရတာကြာပြီ လွမ်းတေးချို  

Infrathin များနှင့် အောင်ခင်မြင့် ရဲ့  ကွန်ဆက်ချူရယ် ကဗျာတစ်ပုဒ်

Infrathin များနှင့် အောင်ခင်မြင့် ရဲ့  ကွန်ဆက်ချူရယ် ကဗျာတစ်ပုဒ်  ကဗျာဆိုတာ ဥာဏ်ရည်မြင့်သူတွေရဲ့  အသုံးအဆောင် လို့ ပြောကြတာမျိုးကြားဖူးပါတယ်။ တော်ရုံတန်ရုံနဲ့ တက်မလာနဲ့ ဆိုတဲ့ သဘောမျိုးပဲ ။ အဲ့ဒီစကားလုံးတွေကပဲ ကဗျာသမားကို ၀ါကြွားစေခဲ့တယ်။ ကမ္ဘာကြီးကို ငါလုပ်ကျွေးထားတာဆိုတဲ့ အပေါက်မျိုးတွေချိုးတော့တာပါပဲ ။ ကျနော့်အမြင်ကတော့ ကဗျာဆိုတာ အလွတ်လပ်ဆုံး အနုပညာ ပုံစံတစ်ခုပဲ ။ စိတ်ထဲရှိသမျှ ၊ မရှိသမျှ အကုန်ချရေးပစ်လို့ ရတယ်။ ဘယ်သူ့ မျက်နှာမှ ကြည့်စရာမလိုဘူး ။ ပရိတ်သတ်မျက်နှာကြည့်ပြီးရေးရအောင်လည်း ကဗျာကြောင့် ထမင်းစားခဲ့ရသူ ဘယ်နှစ်ယောက်များရှိလို့လဲ ။ အနုပညာသည် ဘာအတွက် ညာအတွက်တွေ လည်း ကျနော် စိတ်မ၀င်စားဘူးလေ ။ ဒါနဲ့ စကားမစပ် အခုတလော ကျနော်ဖတ်ဖြစ်နေတာက ဟိုတလောတုန်းက ခွန်းချိုမျှဝေပေးနေတဲ့ infrathin လေးတွေပဲ ။ သူကတော့ ပါးပါးမျှင်မျှင်လေးတွေလို့ ဘာသာပြန်တယ်။ ကျနော်ကတော့ အခိုက်အတန့်လေးတွေလို့ တွေးမိတယ်။ အချိန်ကာလတိုလေးတွေကို ညွှန်းဆိုချင်တာရော ၊အခိုက်ဓာတ်ကလေးတွေပေးစွမ်း နိုင်တာ ရောကြောင့်ပါ။ အခိုက်အတန့်လေးတွေကို အနက်ဖွင့်ဆိုဖို့ မဖြစ်နိုင်ဘူးလို့ ဒူးရှန့် (Duchamp) ကပြောတယ်။ ဥပ...

သေခြင်းတရား ၊ အလွမ်းနဲ့ မောင်သိန်းဇော်ရဲ့  ကဗျာတစ်ပုဒ်

သေခြင်းတရား ၊ အလွမ်းနဲ့ မောင်သိန်းဇော်ရဲ့  ကဗျာတစ်ပုဒ် ကျနော်ဖတ်ဖူးတဲ့ မော်ဒန်ကဗျာဆရာထဲမှာ မောင်သိန်းဇော်ဟာ ရိုးဂုဏ်အပြည့် နဲ့ အဖွဲ့ အနွဲ့ တွေကို ပိုင်နိုင်လွန်းလှသူပဲ ။ ကျနော်ပြောလိုတဲ့ ရိုးဂုဏ် ဆိုတာ ဒီမှာ နှစ်ပိုင်း ရှိပါတယ်။ ရိုးရှင်းမှု ( simplicity ) နဲ့  ရိုးသားမှု ( honesty) ပါ ။ မောင်သိန်းဇော်ဟာ သူ့ရင်ထဲရှိရာ ခံစားချက်ကို အရိုးသားဆုံးဖွင့်ပြပြီး ရိုးရှင်းလှတဲ့ အရေးအသားတွေနဲ့ ကျနော့်နှလုံးသားကို ဆွဲညှို့ သွားနိုင်တဲ့ ကဗျာဆရာပါ။  သူ့ကဗျာတွေမှာ ရှုပ်ထွေးနားလည်ရခက်တဲ့ စကားလုံးတွေကို ဖယ်ထုတ်ထားတာလား ၊ ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ထားခဲ့တာလား သူကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။ သေချာတာကတော့ မောင်သိန်းဇော်ဟာ အပိုစကားလုံးတွေမသုံးခဲ့ဘူး ။ နာမ၀ိသေသနတွေ ၊ ကြိယာဝိသေသနတွေ ဖောင်းပွနေအောင်သုံးပြီး သူ့ကဗျာကို မတည်ဆောက်ခဲ့ဘူး ။ ဒီနေရာမှာ Simplicity လို့ ဆိုလိုက်တာနဲ့ အရမ်းလွယ်လိုက်တဲ့ကဗျာလို့ ပြောလိုတာလည်း မဟုတ်ပါဘူး။ ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ကဗျာတွေဟာ လွယ်မယောင်နဲ့ ခက်ပြီး တိမ်မယောင်နဲ့ နက်တဲ့ ကဗျာတွေလည်း ရှိပါတယ်။ တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး စ...

ဝေးရာကနေ နီးဖို့ အကြောင်းမရှိ

ဝေးရာကနေ နီးဖို့ အကြောင်းမရှိ လောက်လားလောက်တဲ့စကားဆိုရင်လည်း ငါပြောခဲ့တာမဟုတ်လောက်ဘူးလို့ထင်ကြတဲ့ အရောင်ရင့်ရင့်အ၀န်းအ၀ိုင်းကြီးထဲမှာ လေပြင်းမုန်တိုင်းဟာ ငါ့အတွက်ပဲ ရည်ရွယ်ပြီးတိုက်ခတ်ခဲ့တယ်လို့ ငါပြောစရာလိုခဲ့လို့လားဆိုတာတွေနဲ့အတူ ဝေနေရင်းဝါးလာတယ် လေနေရင်းဝါးလာတယ်ပဲ ဆိုကြပါစို့ ဆိုခဲ့သည်ရှိသော်   အစရှိသဖြင့် သင်ရကြားရ ကြားခဲ့သမျှကိုလည်း သင်လို့တတ်ထားသယောင်ဟန်ဆောင်ကြခြင်းများနဲ့အတူ လာကြပါလို့လက်ကမ်းကြိုဆိုနေခဲ့သော်ငြားလည်း ဒီထက်ပိုပြီးမတတ်နိုင်ခဲ့တော့ပါဘူးမဟုတ်လားကွယ်လို့ပဲ   တံဆိပ်တွေကပ် တံဆိပ်တွေရိုက်ပြီး တံစက်မြိတ်ပေါ်က မိုးစက်တွေကို အငွေ့မပျံ့ ကြသေးဘူးလားလို့ မေးမြန်းစုံစမ်းရခြင်းဟာလည်း မင်းတော့ပုံမှန်အနေအထားပါနော် ဟုတ်တယ်မဟုတ်လားလို့ အရူးဆီက အရူးဖြစ်ကြောင်းကိုယ့်ကိုယ်ကိုယ်ထောက်ခံမှုတစ်ခုခုကို တောင်းဆိုခဲ့ခြင်းဟာ တရား၏မတရား၏လို့ ဆုံးဖြတ်နေမိပြီး မျက်ရည်ဟာ မီးအိမ်တစ်လုံးမဟုတ်ဘူး ထွန်းလင်းဖို့စိတ်မကူးနဲ့ မျက်ရည်ဟာ ပန်းခင်းမဟုတ်ဘူး ပွင့်လန်းဖို့ စိတ်မကူးနဲ့ ဆိုတာတွေနဲ့ အတူ နှာေ...

ကျနော်နှင့် အားနာခြင်း

ကျနော်နှင့် အားနာခြင်း   ဟိုတလောတုန်းက နေပြည်တော်ကအပြန် လေဆိပ်မှာ နိုင်ငံခြားသားတစ်ယောက်နဲ့ မိတ်ဖွဲ့ စကားပြောဖြစ်တယ်။ သူ့အကြောင်းကိုယ့်အကြောင်းမိတ်ဆတ်ကြရင်း   ကိုယ်သိတဲ့သူတွေက သူနဲ့အလုပ်တွဲလုပ်နေတဲ့သူတွေဖြစ်နေတယ်။ ဒီလိုနဲ့စကားတွေပြောမိကြတယ်။ သူက မြန်မာစကားပြော သင်နေတယ်။ တော်တော်လေးလည်း တတ်နေပြီ။ မေးထူးခေါ်ပြောထက်ကို ပိုနေပြီ။   ၀ါကျအတိုလေးတွေ ပြောနိုင်တဲ့အပြင် ဟာသတောင် မြန်မာလိုပြောနေပြန်ပြီ ။ စကားတွေပြောနေရင်း အားနာတယ် ဆိုတဲ့ စကားလုံးအကြောင်းရောက်သွားတယ်။ သူက အားမနာပါနဲ့ ဆိုတဲ့ စကားလုံးကို စိတ်မပူပါနဲ့လို့ အဓိပ္ဗာယ်သတ်မှတ်ထားတာ။ အဲ့ဒါနဲ့ အားနာခြင်းအကြောင်းကို သူ့ကို ရှင်းပြဖို့ ကြိုးစားမိတယ်။ တကယ်ရှင်းမယ်ဆိုမှ တိုက်ရိုက် အနက်ဖွင့်ဖို့ တအားခက်နေတယ်။ အဲ့ဒါနဲ့ ဥပမာလေးတွေ အရင်ပေးကြည့်တယ်။   မင်းက မင်းသူငယ်ချင်းအိမ်ကို ညဆယ်နာရီလောက်ရောက်သွားတယ်။ ဘာမှမစားရသေးဘူး ။ သူတို့က မင်းကိုမေးမယ်။ ညစာစားပြီးပြီလား ၊ ဘာစီစဉ်ပေးရမလဲ ပေါ့ ။   မင်းဘယ်လိုဖြေမလဲ ။   မစား ရသေးဘူးလ...