Posts

Showing posts from July, 2016

စောင့်

အတူမရှိဘူး အရင်တုန်းကလည်း မတွေ့ခဲ့ဖူးဘူး ကွဲသွားပြီး ပြန်မတွေ့ ချိန်းထားတာ မရောက်သေး လွမ်းတေးချို ၁၇ဇူလိုင် ၂၀၁၆

အရွယ်နဲ့မမျှ

အရွယ်နဲ့မမျှတဲ့ အသီးဟာ ဆေးထိုးပြီးကြီးခဲ့တာ အသီးကို အသီးလို့ခေါ်ဦးမလား အရည်ရွှမ်းတယ်  အရသာ ရှိတယ် ဘေးထွက်ဆိုးကျိုး ရှိမယ် အရွယ်နဲ့မမျှတဲ့ အသီးဟာ စားသောက်ခံရ အရွယ်ချင်းမတူသူတွေက သားရည်ကျခဲ့တာ အရသာရှိတယ်ပြောတယ် ကြားမကောင်းဘူး အရွယ်နဲ့မမျှတဲ့ အသီးဟာ အပင်ထက်မှာ လေတိုက်လည်း ကြွေဟန်ပြရ လေမတိုက်လည်း ကြွေချင်ယောင်ဆောင်ရ အရွယ်နဲ့မမျှတဲ့ အသီးဟာ အမွှာပူးတဲ့ ကြည့်သူတွေလည်း အငမ်းမရ လွမ်းတေးချို ၁၃ ဇူလိုင် ၂၀၁၆

ရှာဖွေခြင်း စူးစမ်းခြင်းဟာ ပုစ္ဆာကောင်ရဲ့အသက်

ငါ့ကိုနားမလည်ပါနဲ့ဟန်နီ နားလည်မှု ဆိုတာ အချစ်မှာ မရှိမဖြစ်လို့ဆိုကြပေမယ့် နားလည်မှု ကသာ အိမ်ထောင်ရေးမြဲစေတယ် ဆိုပေမယ့် နားလည်မှု ကသာ အရိပ်အကဲ ကြည့်နိုင်တာ ဆိုပေမယ့် ငါ့ကို နားမလည်ပါနဲ့ ဟန်နီ ငါ့ကို နားလည်သွားတဲ့အခါ မင်းအတွက် ပျင်းစရာကောင်းသွားမှာ ငြီးငွေ့စရာကောင်းသွားမှာ ကဲထပ်ပြောလိုက်ပါဦး "ကျမ ရှင့်ကို နားမလည်ဘူး" လွမ်းတေးချို ၇ဇူလိုင် ၂၀၁၆

ကမ္ဘာကြီးဟာ နာဖျားမှုမှာ ရှေ့ မတိုးနောက်မဆုတ် တန့်နေခဲ့တယ်။

Image
ကမ္ဘာကြီးဟာ နာဖျားမှုမှာ ရှေ့ မတိုးနောက်မဆုတ် တန့်နေခဲ့တယ် မျက်ရည်ဟာ ဘာကို သယ်ဆောင်လာမလဲ စာကြောင်းတွေဆုံးသွားတော့ လမ်းဟာ ကောင်းကင်နိုင်ငံတော်ဆီ ရောက်နေမယ် ဂေး တွေဟာ ကလပ်ထဲမှာ သေနတ်သံနဲ့ ကခုန်သွားကြသတဲ့ သူတို့ဟာ တီးလုံးသံလား သေနတ်သံလား ကွဲပြားချင်မှကွဲပြားခဲ့မှာ ဘွတ်ဖိနပ်ကို ကြိုးချည်ဖို့ မေ့ခဲ့လိမ့်မယ် အဖက်ကြမ်းတဲ့ညထဲမှာ အကြမ်းဖက်မှုကို ကြုံ ခဲ့ကြပြီ အယူ တွေနဲ့ ရန်ဖြစ်တဲ့ အရူးတွေ နေတဲ့ ကမ္ဘာ အရူးများ အရူးနိုင် ဆိုတော့ ဘာထပ်ပြောကြ ဦးမလဲ မေတ္တာတရားဟာ နိုင်တယ်တဲ့ မကြာသေးမီက ရောင်စုံပရိုဖိုင်းတွေ ချိန်းခဲ့ကြသေးတယ် ပရိုဖိုင်းချိန်းတာ အပိုဒီဇိုင်း တစ်ခုမှ မဟုတ်ပဲ ဒါဘေမဲ့ အော်လန်ဒို မှာ ငါးဆယ် သေတယ် တစ်ယောက် အသက် တစ်ယောက် နုတ်ယူခွင့် သည် မည်သူ့ဆီမှာမှ မရှိ ဘယ်သူဟောဟော မဟောဟော ဒီသဘောကိုတော့ လူတိုင်း နားလည်စေချင်တယ် ဇာတ်လမ်းတွေထဲမှာလို သူရဲကောင်းဆန်တဲ့ တိုက်ကွက်တွေ ရှိနေခဲ့သလား မပြောတတ်ဘူး မေမေ့ကို သားချစ်ပါတယ် ဆိုတဲ့ စာတိုလေးတစ်ကြောင်းသာ တွေ့လိုက်တယ် သန့်စင်ခန်းထဲကို သေနတ်ကျည်ဆံ တွေ ရောက်လာခဲ့ပုံရတယ်။ လူသားဟာ ဆရာများပြီး သေသွားတဲ့သား ယဉ်ကျေးမှု အသိုးတွေထဲမှာ ငါနဲ့တူမှ လူဖြစ်တ...

အိပ်မက်ပြခန်း

တက်ကြွခြင်းဟာ ငါတို့သွေးထဲမှာ စီးဆင်းနေတယ် တိုင်းပြည်အရေးကိစ္စတွေမှာ လွတ်လပ်စွာ ၀င်ရောက်စီးမျှောဖို့ငါတို့လာခဲ့တယ် ငါတို့ဟာ  အမှောင်ခန်းထဲမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံခဲ့ရတယ် ကဲ ရောင်နီတံခါးပွင့် ငါတို့အတွက် အခါသင့်ပဲ တက်ကြွခြင်းဟာ ငါတို့သွေးထဲမှာ စီးဆင်းနေတယ် ဆတ်ခနဲ ရိုက်ခွဲခံရတဲ့ ရေခဲတုံးတစ်တုံးလို ငါတို့ စုစည်းမှုဟာ တစ်ယောက်တစ်နေရာ ထင်းစည်းဥပမာလို ငါတို့ ညီညွတ်ကြမယ် လူငယ်ဟာ အနာဂတ်ခေါင်းဆောင်ဖြစ်တယ် ဒါကို ငါတို့ ငြင်းပယ်ကြမယ် ဒါကို ငါ….တို့ ငြင်းပယ် ကြ ရ မယ်……. လူငယ်ဟာ ယနေ့ခေတ်ကို ပုံဖော်သူဖြစ်တယ် ယနေ့ခေါင်းဆောင်ဟာ လူငယ်ဖြစ်ပြီး လူငယ့် လှုပ်ရှားမှုတိုင်းဟာ ခေတ်ကို စာလုံးပေါင်းပြနိုင်ရမယ် လူငယ့်အလံတွေ လှုပ်ရှားပျံ့  လွင့် လူငယ့်အသံတွေ ကျယ်လောင်သထက်ကျယ်လောင် လူငယ့် အကြံတွေ မိုးထိမြင့်မား ငါတို့ တွေဟာ ကိုယ့်အသိဥာဏ်ဓားကို သွေးထားမှသင့်မယ် တက်ကြွခြင်း ဟာ ငါတို့သွေးထဲမှာစီးဆင်းနေတယ် နိုင်ငံချစ်စိတ်တွေနဲ့အတူ ငါတို့မှာ ပစ်မှတ်တွေသိပ်များတယ် လူမှုရေးပစ်မှတ်၊ နိုင်ငံရေးပစ်မှတ် ၊ စီးပွားရေးပစ်မှတ်၊ ပညာရေးပစ်မှတ် ငါတို့ မှာ ကျည်ဆံတွေလုံလောက်နေပြီလား မေးခွန်းတွေနဲ့ငါတို့ အိမ်ပြန်ခဲ့ရပေ...

တေလေ ကကြိုး

အဲဒီလင်းရှတဲ့လွတ်လပ်မှုတွေနဲ့ အက်ကွဲခါးသက်တဲ့ပြဇာတ်တွေ ခင်းကျင်း မှီတင်းတဲ့နံရံထောင့်စွန်းမှာလဲ ကကြိုး .....တွေ.........ဝေ.....။ ပန်းပေါင်းစုံတဲ့ည ပြင်းရှတဲ့ ရမ္မက် စွဲကိုင် ကောင်းကင်တစ်ခုလုံး အပိုင်စား ရတဲ့ ခဏ ဟော့ဒီ ကောင်က မြေကြီးနဲ့ မလွတ်တော့ဘူး..........။ မြန်နှုန်းမြင့်ထားတဲ့ အချစ် တ၀ုန်းဝုန်းနဲ့တိုက်ခတ်မှ လေ ဖြစ်တာ မဟုတ်ဘူး.........။ တဝေါဝေါနဲ့ စီးဆင်းမှ မြစ် ဖြစ်တာ မဟုတ်ဘူး..................။ တဒိုင်းဒိုင်းနဲ့ ပစ်ခတ်မှ စစ်ပွဲ ဖြစ်တာ မဟုတ်ဘူး................။ ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ မောတောင် မောတယ်...............။ ကွေ့ကောက်မှ မြစ်ပီသမယ် တစ်ခန်းပဲ ရပ်ရပ် နှစ်ခန်းပဲ ရပ်ရပ် ကြည့်မကောင်းရင် ထပြန်ရမှာ ကိုယ့်တာဝန် မှားနေသမျှကို တွေ့ချင်နေတာလား မေ့ချင်နေတာလား ဖြစ်ချင်တာသိပ်များနေတာလား အနမ်းနဲ့ အိပ်ယာထချင်တယ်ပေါ့ ဖုန်တင်နေတဲ့ စာအုပ်တစ်အုပ်သာ ကောက်ကိုင်လိုက်ပါတယ်။ ပြန်တယ်လို့ ပဲ ဆိုဆို သွားတယ်လို့ပဲ ဆိုဆို ကိုယ်တို့နှစ်ယောက် အတူ ရှိမနေဘူး.................။ တစ်ခေါ်စာလောက် ဝေးတာများ အံ့ရောကွာ အထူအပါးနားမလည်သူတွေက ဖုန်းတစ်ခေါ်စာ ပါလားလို့ ဖြည်...

“ကွန်ဆာဗေးတစ် ယောင်္ကျားဟာ ပုဆိုးခြုံ ထဲမှာ ချုံးပွဲချငို “

ကျုပ် ချစ်တဲ့အိမ်မြှောင်မလေးက လေ ပရီးမီးယားလိဂ် ကိုမှ အင်္ဂလန်သွားပြီး ကြည့်ချင်သတဲ့ ဘောလုံးသမားဝတ်စုံဝတ်ပြီး အားပေးချင်သတဲ့ အံ့ရော ရွာကျောင်း ဘောလုံးကွင်းကို ဗွက်ထတယ်တဲ့ ရွာမှာလည်း စကိုင်းနက်နဲ့ပါလို့ ပြန်မပြောဖြစ်ဘူး။ အဲဒီမိန်းမကလေ ကိုးရီးယားကားကိုမှ ကြိုက်ပြန်သတဲ့ လေယာဉ်ပျံကြီးစီးပြီး လက်ထပ်ခွင့်တောင်းတာ ခံယူလိုသတဲ့ ရိုမန်တစ်ဆန်ဆန် ညစာစားပွဲတွေတက်ချင်သတဲ့ ရင်ဖုံးအင်္ကျီကြီးက စိတ်ကျဉ်းကြပ် သတဲ့ ကမ္ဘာကြီးပူနွေးလာပြီ ရေခဲမုန့်ကို မြန်မြန်စား စကပ်တိုတို ၀တ်သတဲ့ ကလပ်စ် မမှန်တဲ့ မိန်းမကလေ ကလပ် ဆို နေ့ညမရွေးပါတဲ့ မိန်းမတွေလည်း ရင်ဘောင်တန်းနိုင်ပါတယ် ရင် ပေါင် တွေ တန်း ကြ သတဲ့ ရေအိုးစဉ်တွေ နှာခေါင်းရှုံ့  ပြီး ရေသန့်ဘူးသန့်ကိုမှ ၀ယ်သောက်သတဲ့ ထမင်းချည်းစားရတာပျင်းစရာ ပီဇာလေးကမှ ပိုခံတွင်းတွေ့ စရာ ဆိုပြန်သေးရဲ့ ။ ကျားမ တန်းတူပဲ မောင်တစ်ထမ်း မယ်တစ်ထမ်းပဲ အဲလို စကားလုံးတွေလည်း ရွတ်တတ်သေးရဲ့  ။ သူ့ကို သူများ နိုင်ငံက ခိုးသွားပြီသိလား။ သနပ်ခါး နဲ့ ဆံပင်ရှည်ကြီးနဲ့ ပုံတုံးလိုက်တာ သူသုံးတဲ့ မိတ်ကပ်တွေက သိပ်ဈေးကြီးသတဲ့ ဆံပင်ကို တြံ...

သွားကိုက်တယ်ဆိုတာ

သွားကိုက်တယ် ဆိုတာလေ ပြန်ကိုက်လို့မရဘူး သတ္တိရှိပါပေ့ ဆိုလည်း ငြိမ်ကုပ် ကုပ်နေရတယ် သွားကိုက်တယ်ဆိုတာလေ နားထင်ကြောတွေ တင်းလာပြီး ခေါင်းပါအဆစ်ကိုက်ပေးလိုက်ရ သွားကိုက်တယ်ဆိုတာလေ ဈေးဝယ်သလိုပြောရရင် တစ်ခွန်းဆိုင် နည်းနည်းမှ လျော့ခိုင်းလို့မရ သွားကိုက်တယ်ဆိုတာလေ အလွမ်းသမားလေးလို ငိုလို့လည်းမလှ ခိုညည်းသလိုသာ အသံလွှင့်နေရ လွမ်းတေးချို ၁၁ဇူလိုင် ၂၀၁၆

ကျွန်တော်နဲ့ ပန်းကလေး

Image
၁ ပန်းကလေးက အသံလှိုင်းတွေကနေ ကျွန်တော့်ဆီအလည်လာတယ် ဆိုလိုချင်တာ အမြဲ မဟုတ်ဘူးလို့ ပြောချင်တာ ၂ ပန်းကလေး က ကျွန်တော့်ကို “ ကို “ လို့ခေါ်တယ် အသံထဲမှာ အသက်ဓာတ်လေးပါတယ် ကို ကို ကို ကို ကို ကို ကို တိုးလျသွားလိုက် …………………. …………………ကျယ်လောင်လာလိုက် ၃ ပန်းကလေးက သူ့ကိုယ်သူပြောတယ် အချိန်မတန်ပဲ ပွင့်ခဲ့ရတာ ကျွန်တော်က ပြောတယ် ရနံ့မက်လို့ ပန်း ဆီရောက် ခဲ့တာမဟုတ်ဘူး ၄  ပန်းကလေး ဒုတိယအကြိမ် ပြန်ပွင့်ခဲ့ပြီတဲ့ လူးလူးလွန့်လွန့် ပျော် ခဲ့ ၆  ပန်းကလေး က သူအဆင်မပြေတာကို ဘယ်လို သိတာလဲ တဲ့ အဖြေရှာမတွေ့ခင် ရူးကြောင်ကြောင် မေးခွန်းတွေ မေးမိသွားပြီ တဲ့ ၇ ပန်းကလေးက တစ်သက်လုံးအတူရှိမှာလားတဲ့ မဆိုင်းမတွ အဖြေကို ခင်းဗျားတို့ ရိပ်မိမှာပေါ့နော် လွမ်းတေးချို ၁၂ ဇူလိုင် ၂၀၁၆

ပူစီပေါင်းထဲက ပုရွက်ဆိတ်

လိုက်ကြမလား ကြောင်တွေကို ရေချိုးပေးမယ် မယောင်ရာ ဆီလူးပေးကြမယ် လိုက်ကြမလား မီးပုံ ထဲ ယမ်းထည့်မယ် လိုက်ကြမလား ဘယ်မှ မရောက်တဲ့ အမှတ်တရတွေနဲ့ လွမ်းတေးချို ၁၀.၆.၂၀၁၆

လူနာ

သူ့မျက်လုံးမှာ ဒဏ်ရာကို အားယူပြီးကြည့်လိုက်တဲ့အကြည့် သူတိုက်နေတယ် ခံစစ်နဲ့တိုက်နေရတယ် သေချာပြီလို့ သူ့မိသားစုကပြောတယ် အမျိုးတွေ ရောက်နေကြပြီ ဈေးဝယ်ဖို့ပြင်နေကြပြီ သူကလွဲပြီး အကုန်ညည်းနေတဲ့သီချင်းဟာ သေခြင်းတရားပဲ ပထမဆုံး အကြည့်မှာ ကိုယ်မမေ့တော့ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ အကြည့် ဟိုးငါးကန်ထဲက အမြှပ်တွေလိုလေ ဒီမှာတော့ ဈေးကြီးပေးဝယ်နေရ အလကားရတာကို တန်ဖိုးထားတတ်ဖို့ သင်ကြားခြင်းခံရ ဆေးရုံပြင်ရောက်မှ လေကို ခပ်ပြင်းပြင်းရှူလိုက်တယ်။ မိသားစုဝင်တွေရဲ့  အကြည့် ဟာ မီးစာကုန်ဆီခမ်းနေတယ် အကုန်လုံးက လက်လျှော့လိုက်ပြီ သူပဲ လက်မလျှော့သေး ဒါဟာ ပေါ့သေးသေးစကားမဟုတ်ဘူး။ အဲအကြည့်တွေငါသိပ်ကြောက်တာပဲ လို့ ဆိုသူတွေရှိသေး လွယ်လွယ်ကူကူတွေ့ ဖို့ရာ လွယ်လှတာတော့မဟုတ် မရဏမင်း … . ဘ၀ဟာ ရေပွက်ပမာဆိုပြီး ခင်ဗျားကျတော့ မြဲလွန်းလှတယ် လွမ်းတေးချို 21 January 2014 at 18:15 · Yangon, Burma ·

ငါးခုံးမတွေမဖတ်တဲ့ ကဗျာ

ခင်ဗျား ကိုယ်ကျင့်တရားက နံ တယ်လို့ အော်ပြောတဲ့အခါ လူတစ်အုပ်လုံးက လှည့်ကြည့်တယ်။ ချိုင်းနံ့ ကို မသိမသာ ရှူ ကြည့် တဲ့ သူကရှူ ရေမွှေးပုလင်း ကို မသိမသာ ထုတ်တဲ့သူက ထုတ် စနိုးတာဝါလေး ထုတ်ပြီး မျက်နှာကို သပ်တဲ့သူက သပ် လူအုပ်ကြီးထဲက လူတစ်ယောက်က မင်းဟာ လူလိမ်ပဲ လို့ ဆိုတဲ့အခါ အဲ့ဒီ လူတစ်အုပ်လုံးက လက်သီးလက်မောင်းတန်း ထောက်ခံ ကြသတဲ့။ လွမ်းတေးချို 21 January 2014 at 16:49  ·  Yangon, Burma  · 

ပေးစာ

သူငယ်ချင်း ငါစာရေးလိုက်တယ်   ။    မင်းလည်း ကမ္ဘာကြီးကို ထမ်းပြီးပြန်ခဲ့မယ်လို့ ပြောကတည်းက ပြန်မလာဖြစ်တော့ဘူး အေးကွာ ငါလည်း ကိုယ့်ကိုယ်ကိုယ်တောင်  ထမ်းမပြန်နိုင်တဲ့ ညတွေများလာတယ် နေကောင်းလားလို့တော့ လောကွတ်ချော်ပြီး မေးမနေ တော့ပါဘူး။ မင်းနေမကောင်းလည်း ငါ့ဆီ အိပ်မက်ပေးမှ သိရမယ်ဆိုတဲ့ ခေတ်ကြီး မဟုတ်တော့ပေမယ့် ဒီစာ ကိုငါရေးမိတယ်။ ဖေ့စဘုခ် ပေါ် စတေးတပ်တင် ဓာတ်ပုံရိုက်လိုက်ရင်  ငါလည်း မင်းနေမကောင်းမှန်း သိမှာပါ နာဖျားမှု ကို ထုတ်ထုတ်ပြမှ  ၀မ်းနည်းကြောင်း ပုံကလေး ကို နှိပ်နှိပ်နေရတဲ့ ခေတ် မဟုတ်လား ငါတော့ ဒီမှာ လုံခြုံရေးအကြောင်းပြပြီး  ကိုယ့်ကို မသင်္ကာသလိုကြည့်တဲ့  လူတွေ နဲ့ ကြုံ ရတယ် မတောက်တခေါက် ပညာကလေးနဲ့  အနူတောထဲမှာ လူချော အလုပ်လုပ်နေတယ် တစ်ခါတစ်လေတော့လည်း   ခပ်ချောချောတွေဆို ခပ်ချေချေ ဆက်ဆံပစ် လိုက်တယ် ပေါ့ကွာ   မင်းသိတယ်မဟုတ်လား  ငါတို့တွေ စာရချင်ယောင်ဆောင်ပြီး  ဆရာမရှေ့ မှာ ဗလုံးဗထွေးနဲ့ စာအံရင်း  စာမေးပွဲတွေအောင်ခဲ့ကြတာလေ သိပ်တော့မကွာပါဘူး သူငယ်ချင်း ငါနေထိုင်ရတဲ့ ဒေသက စာ...

တောင်းဆိုမှရမယ်ဆိုတာ အလွမ်းတောင်မသေချာဘူး

ရှင် သိပ်ဆိုးတာပဲ စကားအဆုံးမှာ မျက်စိကိုစုံမှိတ် ကွန်နက်ရှင်ကျသွားတယ် ပျော်ချင်ရင် အိမ်မပြန်မိစေနဲ့ အွန်လိုင်းယဉ်ကျေးမှုဟာ လှချင်သလောက်လှခဲ့တယ် ဒီအချိန်ဆိုခေါ်နေကြ မနက်ဖြန်ခရီးထွက်ရမယ် မပြီးပါဘူး မလွယ်ပါဘူးတွေနဲ့ ခရီးဟာ ကိုယ့်ဆီကထွက်သွားခဲ့ပြန်တယ် ဆက်မပြောနဲ့ ယူထားတဲ့ခွင်ဟာ တစ်ရက်ပြီးတစ်ရက် အငွေ့ပျံနေတယ် ယင်ကောင်တွေထိုင်မောင်းနေလိုက် ရေဒီယိုသီချင်းတွေကို မကြားဖူးခဲ့ဘူး ဆင်ဖမ်းမယ် ထိတ်လန့်ခြောက်ခြားသွားရပြန်တယ် ကျားဖမ်းမယ် ကားအဆင်သင့်စောင့်မယ်ဆို တန်းစီတဲ့ယဉ်ကျေးမှု အသိုးကြီး ဟုတ်လည်းမဟုတ်ပဲနဲ့ ညာကြတယ် ဟုတ်ပါ့မလား ကျွန်တော်မေ့နေတယ် ဘယ်လိုလုပ်ပေးမလဲ ကမ္ဘာကြီးမှာ ဘယ်သူတွေ စခဲ့တာလဲ အလယ်ကလူစကားဝဲ သူဝင်လာပြီးတဲ့နောက်  တံခါးဟာပိတ် နိုင်ငံရပ်ခြားက ပြန်လာတော့ တံခါးကို တံငါသည်ကစောင့်တယ် မလွယ်ပါဘူးလေ လက်ပေးတာနဲ့ လာဘ်ယူတာမျိုးပေါ့ သိပ်ဥာဏ်ကောင်းလှတယ် အချိန်တန်တော့လည်း ခင်ဗျားတို့ အလည်ရောက်ရမယ် ပင်ပန်းတာပြောပါတယ် အောင်ခြင်းဘယ်နှစ်ပါးရှိမလဲ ငါ့လောက်ဘယ်သူအလုပ်များမလဲ ပြောမရဘူး အဟက် ဘယ်ပြောလို့ရမလဲ ဒီလောက်တော့ဖြစ်နိုင်သေးတယ် ကျွန်တော်တို့ ဟာ  ဒီအတိုင်းပြီးခဲ့...

ရင်ကပ်ပန်းပုံပြင်

တစ်ခါက ရင်ကပ်ပန်းလေးဟာ အဲကွန်းကရေတွေကျလာတယ် မပြောမဆိုပဲ ကျမ ချစ်မိသွားပြီလို့ဆိုတယ် ပိတ်ပစ်ဖို့လိုက်ရှာတယ် ပူနွေးနူးညံ့သောအထိအတွေ့မှာ တိုးတိုးတိတ်ရင်ခုန် နှာစေးအအေးမိ ရင်ကပ်ပန်းလေးဟာ ခွေးအူသံကြောက်ကြောက်ကြား အသက်ငယ်သေးတယ် စောစောအိပ်လို့စောစောထ စောစောအလုပ်ရသွားသတဲ့ တစ်ရက်ကို ဘယ်လောက် ညည့်နက်သန်းခေါင်ရောက်တော့ သဲတွေထဲဖိနပ် အလည်ရောက်သွား လက်တွေက ခလုတ်တွေဆီရောက်ခဲ့ ကမ်းခြေကိုမရောက်မီညက ဒီအတိုင်းဆိုနောက် ဘယ်တော့မှ မဆက်နဲ့တော့တဲ့ ကုန်းတွင်းပိုင်းပင်လယ်နယ်နိမိတ် ဘာတတ်နိုင်မှာလဲ ရင်ကပ်ပန်းလေးက ထပ်ပြောတယ် အနာဂတ်ကိုကြည့်တော့ ရှင့်ကိုချစ်တဲ့အကြောင်းမပြောပါရစေနဲ့တဲ့ ကြောင်တွေဟာ တစ်ယောက်တည်းဆိုလည်း ဒီအတိုင်းပဲဖြစ်မှာ သူက ကျွန်တော့်ထက်တော်တယ် တိုင်းသိပြည်သိလွမ်းရတာ မလွယ်လှဘူး ကိုယ်နားလည်တယ် ကျိတ်ပြီးလွမ်းနေတယ် မဟုတ်လားလို့ ယောင်ယောင်မှားမှားမေးပစ်လိုက်တယ် ဘ၀မှာ တစ်ခုပြီးတစ်ခု မပတ်သက်ရရင်ကောင်းမှာ နေလိုလလို အမြင်နီးပြီး ဝေးလိုက်ရတာ အဲကွန်း ရီမု့ကြီးကိုင် တီဗွီလိုင်းကို ပြောင်းဖို့ ကြိုးစားနေတယ်။ လွမ်းတေးချို ၂၇ ဇွန် ၂၀၁၆

ခြင်ထောင်ထဲကဇာတ်

နာသုံးနာနဲ့စရမယ် စေတနာ ၊၀ါဿနာ ၊ အနစ်နာ တပည့်မလေး ခမျာ စိတ်နာရရှာတယ် ဘာတဲ့ ဆရာတင်ပေးလိုက်တာတဲ့ ဟုတ်ကဲ့ တနဲ့သ နဲ့ မပီဘူး သူတင်ပေးလိုက်တာ ဇီး တွေ…………….။ လွမ်းတေးချို ၂၈ ဇွန် ၂၀၁၅

ခံရပုံများ

ခံရပုံ ၅၉ /၁ ဘယ်နေရာမှ မလွတ်ဘူး ဒဏ်ရာတွေကလည်းလာလည်ပြီး ဘယ်တော့မှမပြန်တဲ့ဧည့်သည်တွေလို လွမ်းတေးချို ခံရပုံ ၂ ချော်လဲမှာစိုးလို့ လှမ်းကိုင်တာကို ထာဝရလက်တွဲတာလို့ ထင်မှတ်တာမျိုးပေါ့ လွမ်းတေးချို ၇ဇူလိုင် ၂၀၁၆ ခံရပုံ ၃ ဈေးနှုန်းကို ကြည့်တော့ မ၀ယ်နိုင် ကိုယ့်ကိုယ်ကိုယ် ဈေးကြီးပစ္စည်း မှတ်ပြီး လှည့်ပြန်ခဲ့ လွမ်းတေးချို ၇ဇူလိုင် ၂၀၁၆ ခံရပုံ ၄ စက္ကူ ငှက်တွေ ထောင်ကျော်အောင် ခေါက်တယ် စိန်စီဖို့ မတတ်နိုင်ဘူး လွမ်းတေးချို ၇ဇူလိုင် ၂၀၁၆ ခံရပုံ ၅ တဖြည်းဖြည်း မှောင်လာလိုက် လင်းသွားလိုက် ငါတို့ဟာ မလွတ်မြောက်နိုင် လွမ်းတေးချို ၇ဇူလိုင် ၂၀၁၆ ခံရပုံ ၆ ရောဂါကို အာဟာရမှုန့်လို့ နာမည်တပ်ထားတယ် လွမ်းတေးချို ၇ဇူလိုင် ၂၀၁၆ ခံရပုံ ၇ သူ့ရည်းစားနဲ့ချိန်းတွေ့တာ လိုက်ပို့မိတယ် လွမ်းတေးချို ၇ဇူလိုင် ၂၀၁၆ ခံရပုံ ၈ ဆိုင်ကယ်မှောက်တဲ့ညက မသေသေးဘူးလားလို့ အမေးခံရတယ် လွမ်းတေးချို ၇ဇူလိုင် ၂၀၁၆ ခံရပုံ ၉ သူငယ်ချင်းတွေနဲ့လို့ပြောတယ် ရုပ်ရှင်ရုံ ထဲက နှစ်ယောက်တည်း ထွက်လာတယ် လွမ်းတေးချို ၇ဇူလိုင် ၂၀၁၆ ...