အချိုးအကွေ့တိုင်းမှာ

 အချိုးအကွေ့တိုင်းမှာ 


အရောင်မွဲမွဲ ပိတ်ကားပေါ်မှာ 

ငါအတန်တန်ပြောရက်နဲ့ ဒီလိုဖြစ်ရတယ်ကွာလို့ ရေးထားတယ်

ထမီစွန်တောင်ဆွဲလာတဲ့ အမျိုးသားဟာ ကတ်ကတ်လန်အောင် ရန်တွေ့နေတယ်

မင်းတို့ ယောက်ျားတွေ ပလီစိချောက်ချက် အရမ်းနိုင်တာပဲလို့ 

နှုတ်ခမ်းမွှေးနဲ့ အမျိုးသမီး ဆေးလိပ်ကို မီးသပ်ရင်း အိပ်ကပ်ထဲက ကွမ်းထုပ်ကို နှိုက်လိုက်တယ်


လုံလုံခြုံခြုံဝတ်ထားပြီး ဈေးခြင်းတောင်းကိုင်ထားတဲ့ကောင်လေးကို 

“အဲ့ဘဲက ဖုထစ်နေတာပဲလို့ “ 

လမ်းထိပ်အုတ်ခုံပေါ်မှာ အပေါ်ပိုင်း ဗလာနဲ့ထိုင်နေတဲ့ 

ဆော်နှစ်ပွေက မကြားကြားအောင်ပြောတယ်

ကောင်လေးက ဘာမှပြန်မပြောရဲဘူး ။ 


မှုခင်းသတင်းထဲမှာ

အသက်မပြည့်သေးတဲ့ ကောင်လေးကို 

မိန်းမ တစ်သိုက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်တယ်ဆိုတာ ဖတ်ရတယ်။


ပြောင်းလဲမှုကို တစ်ဦးချင်းစီက စရမယ်လို့ 

အက်တီးဗစ် ကောင်လေးတစ်ယောက်က ဆန္ဒပြတာကို 

မိန်းမတွေက ဝိုင်းရယ်ကြပြီး

တော်လှန်းရေးတစ်ခု နိဒါန်းပျိုးပြီလို့

ဂျာနယ်တွေက ဝိုင်းရေးကြတယ်


ငွေရောင်ပိတ်ကားပေါ်မှာ

မရေးခဲ့တဲ့ပန်းချီကားတွေဟာ အရာမထင်ခြင်းရဲ့ သက်သေပဲလို့ ရေးထားတယ်။



လွမ်းတေးချို

8:49 PM

13 Oct 2020


Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်