အကုန်စုံ အစုံကုန်
အကုန်စုံ အစုံကုန်
ဂစ်တာထဲက လောက်တွေ ထိုးထွက်လာပြီး
ကြိုးတွေပေါ်မှာ ဒန်းစီးနေကြတယ်
ဂီတထဲက လောက်ထွက်လာတာလို့ပဲ ဆိုရမှာပေါ့။
မပြီးသေးရင်မသွားနဲ့လို့
ချွေးစက်လက် ခန္ဒာကိုယ်ကြီးက တားတယ်
ခရီးမဆုံးလိုက်တဲ့ ဝတ်မှုန်ကူးခြင်းဖြစ်မှာပေါ့
ကွန်ဒုံးမျက်နှာပြင်က အမှတ်စဉ်ဟာ
တဖြည်းဖြည်းတိုးတိုးလာတယ်
ကြေငြာတစ်ခုခု ဖြစ်ရင်ဖြစ်နေမှာပေါ့
မြို့ဟာ မီးခြစ်ပုံးထဲကနေ
တရှဲရှဲအော်မြည်ပြီး လောင်ကျွမ်းနေတယ်
အရေးကြီးတာ အရင်လုပ်ရတာ နေမှာပေါ့
လက်ပတ်နီဝတ်ထားတဲ့ ရပ်ကွက်က
သူ့ခြေထောက်နှစ်ချောင်းနဲ့ လမ်းထိပ်ကို ပိတ်လိုက်တယ်
တော်လှန်မလား ကျုပ်လှန်မလား ဟာသ ဖြစ်မှာပေါ့
လမ်းဟာ မက်စ်တပ်ထားပြီး
လူတွေက မက်စ်မတပ်တဲ့လမ်းတွေကို ဒဏ်ရိုက်မယ်ပြောတယ်
ဥပဒေစိုးမိုးရေးဖြစ်မှာပေါ့
ဖုန်းစခရင်ဟာ အရသာပိုရှိလာတယ်
အချစ်ကို ဒလီဗာရီနဲ့ ပို့ခိုင်းတာ
အိမ်တိုင်ယာရောက် ပါးရိုက်သွားတယ်
ဟာသ ဖြစ်မှာပေါ့
ငါတစ်ယောက်ယောက်တည်းမှတ်နေတာ
ငါတို့ ဖြစ်နေတယ်
ပြောလေ.........
ဘာဖြစ်မှာလဲ …… ။
လွမ်းတေးချို
၂၀၂၀ ခုနှစ် ၊ အောက်တိုဘာလ ၊ ၁၃ ရက်
8:19 PM
Comments
Post a Comment