ကိုဗစ်နဲ့ ဥပမာအပေးကောင်းတဲ့ မောင်လွမ်း


ကိုဗစ်နဲ့ ဥပမာအပေးကောင်းတဲ့ မောင်လွမ်း 


ဆရာရေ  ဆရာမသိလို့နော် အခုချိန် ဈေးထဲသွားရတာက အဖွဲ့လိုက် ချစ်မှုပြုခြင်းကို အကာအကွယ်မပါပဲ ကျူးလွန်သလိုပဲ။

မင်းဟာ ဘယ်လိုဥပမာကြီးတုန်းက

ဟုတ်တယ် ဆရာရေ ၊ ဘယ်သူ့မှာ ရောဂါရှိမှန်း မသိတဲ့အပြင် ၊ ဘယ်သူမှလည်း ဆေးမစစ်ထားဘူးမလား။ နောက်တစ်ခုက ရှိသေးတယ်။  လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးဖို့ ငြင်းဆန်ကြသူတွေ ရှိသလို အခုလည်း မက်စ်မတပ်တဲ့သူတွေလည်း ရှိသေးသပါ့ဗျာ။

အေးဟ မင်းဥပမာကလည်း

အခုချိန် အပြင်ထွက်သူတွေဟာ အဖွဲ့လိုက် အကာအကွယ်မဲ့ လိင်ဆက်ဆံသူတွေ ပေါ့။ 


မင်းက တခြားဥပမာ ပြောင်းပေးလို့ မရဘူးလားကွာ။


အေးဗျာ နောက်ဥပမာ တစ်ခုကတော့ ဟိုးအရင်တုန်း အင်တာနက်ဆိုင်တွေမှာ  မန်မိုရီစတစ်ကလေး သုံးခဲ့တာ သတိရသဗျ။ တချို့ ဆိုင်တွေက ဗိုင်းရပ်စ်ကာကွယ်တဲ့ ဆော့ဝဲတွေ ထည့်ထားတယ်။ တချိုကတော့ မထည့်ထားဘူး။ ဆိုင်က စက်တွေကို လာသုံးတဲ့သူတွေက က စတစ်အမျိုးမျိုးကို ထိုးချင်သလို ထိုးသွားကြတာချည်းပဲ ဆရာရေ။ တစ်ခါတုန်းက ကျနော့် မန်မိုရီစတစ်ကလေး ဗိုင်းရပ်စ်ပါလာလို့ အိမ်က ကွန်ပြူတာမှာပါကူးသွားတာ သတိရမိသေးသဗျ။  

လူတွေက ကိုယ့်စတစ်မှာ ပိုးရှိမရှိလည်း သိကြတာမှမဟုတ်ပဲ။ တစ်ခါတစ်လေ ရုံးက စက်တွေမှာသွားထိုးမိလို့ တစ်ရုံးလုံးဒုက္ခရောက်တာတွေ တောင် ကြုံဖူးရဲ့ ။ 

အခုကိုဗစ်မှာလည်း လူတွေ ကိုယ့်မှာ ရောဂါရှိလို့ ရှိမှန်းမသိ၊ ပုံမှန်အတိုင်းသွားလာမယ်ဆိုရင် လူ့အသိုင်းအဝိုင်း တစ်ခုလုံး ဒုက္ခများမှာပေါ့ ဆရာရယ်။ 


အေးဟ ဒီဥပမာလေး မဆိုးဘူး။ အဲ့ဒီတော့ မင်းလည်း မင်းစတစ်နဲ့မင်းနေ ၊ ဘယ်အင်တာနက်ဆိုင်မှ မသွားနဲ့ ဟုတ်ပြီလားဆိုပြီး စကားစသတ်လိုက်တာ

အပြင်မထွက်ရ မနေနိုင်တဲ့ မောင်လွမ်းခဗျာ

ဟုတ်တာတော့ ဟုတ်တာ ပေါ့ ဆရာရယ် ဒါပေမယ့် ဟုတ်တာပေါ့လို့သာ ရေရွတ်ပြီး ကျန်ခဲ့လေရဲ့ ။ 


လွမ်းတေးချို

၂၈.၉.၂၀၂၀


Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်