သီချင်း
သီချင်း
အလိုမတူဘူး
အလို! မတူဘူး လို့ပြောတယ်
ရင်ဘတ်နဲ့ဆိုတာလို့ ငါပြန်ပြောတယ်
ငါပြုံးတယ်
လွမ်းတေးချို
သီချင်း ၂
ဟုတ်တယ် မြန်နေတယ်
နှေးသွားရင်
ငါမေ့သွားမှာ
လွမ်းတေးချို
သီချင်း ၃
အဓိပ္ပာယ် မသိ
မလိုအပ်ပဲ ကြေပျက်သွားမှာစိုး
ဒီအတိုင်းထားလိုက်တယ်
လွမ်းတေးချို
သီချင်း ၎
အတိတ်ထဲ သွားမလား
အနာဂတ်ထဲသွားမလား
ပစ္စုပ္ပန်ကိုတော့ မမီလိုက်ဘူး
လွမ်းတေးချို
သီချင်း ၅
ဟို အဆိုတော်ကောင်းတယ်
ဒီ အဆိုတော်ကောင်းတယ်
တိုက်ပွဲတွေဖြစ်ကြ
ငြိမ်းချမ်းရေးဟာ
နောက်ဖေးပေါက်က ထွက်ပြေး
လွမ်းတေးချို
သီချင်း ၆
ငါဟာ မောင်လေးဖြစ်သွား
ငါဟာ အကိုကြီးဖြစ်သွား
ငါဟာ အမေချစ်သား
ငါဟာ အသဲကွဲသမား
ငါဟာ စစ်သားကြီးလည်း ဖြစ်ချင်
ငါဟာ ဘာမဆိုဖြစ်ချင်
ငါဟာနားထောင်တဲ့
သီချင်းထဲက ဇာတ်ကောင်
လွမ်းတေးချို
သီချင်း ၇
အနုပညာဟာ ဘာအတွက် ညာအတွက်
အမျိုးမျိုး အဖြေကွဲ
သံစဉ်ဟာ ဆက်စီးဆင်းသွားတယ်
အမှီလိုက်ရမယ်
လွမ်းတေးချို
သီချင်း ၈
ကာလ ဒေသ ရာသီဥတု အကြောင်းပြု ပြီး
ဘာလေးနားထောင်သင့်တာ
မပြောလည်း ငါတို့သိခဲ့တယ်
လွမ်းတေးချို
သီချင်း ၉
မင်းတို့ က သီချင်းလာဆိုတာလား
သူ့အမေ အန်တီကြီးက ရှေ့မှာလာထိုင်တယ်
ဘော်ဒါတွေက ကိုယ်ပျောက်သိုင်းတတ်တယ်
ငါလည်း အသာထွက်ခဲ့တယ်
မူးပြီး ဂစ်တာတစ်လုံးနဲ့ ဖိုးတရုတ်သာကျန်ခဲ့
လွမ်းတေးချို
သီချင်း ၁၀
လက်ဖက်သုပ်လေး မုန့်လေးစားရရင်
အဆောင်ရှေ့မှာ အဲ့ဒီကောင်တွေက ဆယ်လီ
သီချင်းသာ အတောင်းခံရရင်
အသံတွေပြာသွားပလေ့စေ
ပထမ နှစ်က ဆပ်ပလီ နဲ့ ကြိုခဲ့တယ်
လွမ်းတေးချို
သီချင်း ၁၁
တက္ကသိုလ်နားနီးတော့
ဂစ်တာသံ မကင်းဘူး
ငါပဲ ဟင်းမွှေတဲ့ ယောင်းမ ဖြစ်ခဲ့
လွမ်းတေးချို
21 Oct 2016
Comments
Post a Comment