မှားရောက်တယ်ဆိုပေမယ့် တအားမသောက်သင့်ဘူး

မှားရောက်တယ်ဆိုပေမယ့် တအားမသောက်သင့်ဘူး

စောစောစီးစီးဆိုပေမယ့် ငါတို့ဟာ မစောတော့ဘူး
ယမကာဟာ မနက်အစောကြီးမှာရောက်လာတယ်
မှားရောက်လာတယ်လို့လည်းပြောတယ်
မှားရောက်တယ်ဆိုပြီး တအားသောက်မနေနဲ့ဟ
ကဲ အမြည်းကလေး လုပ်

ကောင်းကင်ကို တံတွေးနဲ့
မော့မော့ပြီးထွေးထုတ်ပစ်တယ်
ရွံ့စရာကြီးကိုး

သံသရာကို ကျောက်ခဲနဲ့ထုတယ်
မမျှော်လင့်ပဲ ကြားဖြတ်ဝင်ရောက်လာတဲ့
ရည်းစားဟောင်းမျက်နှာကို
အိပ်ဆေးနဲ့ လဲလိုက်တယ်
ပြီးတော့ အိပ်မက်ထဲကနေ တိုက်ပွဲတွေ ဆက်ဝင်တယ်
အိပ်မက်ထဲမှာတောင် အကယ်ဒမီ မရဘူး

လက်လုပ်လက်စားဆိုတာ
လက်ကလေးနဲ့ လုပ်စားကိုင်စားနေရတာမျိုးကွလို့ပြောပြီး
အပြာကားထိုင်ကြည့်နေတဲ့ ကောင်တွေ

ဖန်တရာတေနေတဲ့ စောက်ရူးစကားလုံးတွေက
အမှတ်ပြည့်ရနေကြတယ်
အပြင်ကို ထွက်တဲ့ကောင်တွေဟာ အအေးမိခဲ့တာပဲ

လျှာကြွက်တက်အောင် စကားပြောတဲ့ကောင်တွေကို ငါမှတ်ထားတယ်
ပြီးတော့ မင်းပါးစပ်တွေပိတ်ထားလိုက်ကွာလို့ တိတ်တိတ်လေးအော်တယ်
စိတ်ထဲမှာ ၊ ငုံ့ထားတဲ့ခေါင်းထဲမှာ

သမ္မာကျမ်းတွေနဲ့လက်ထပ်ထားပြီး
မကောင်းမှုနဲ့ဖောက်ပြန်နေတဲ့ကောင်တွေကို
ပြိုင်ပြီး စီးချင်းမထိုးနဲ့သိလား
အဲ့ကောင်တွေက ပညာခန်းစုံတယ်

ကံပဲလေလို့ပြောပြီး ကံနောက်ကွယ်က လက်မည်းကြီးတွေကို
ထွီလို့လည်း ဆဲပါ
ဒီကောင်တွေ အချင်းချင်းကိုက်အောင်တိုက်ပေးပြီး
ရေနဲ့ထထပက်ပါ ။
ငါတို့ လုပ်နိုင်တာ ဒါပဲ ရှိမှာ

အဲ့ဒီလက်မည်းကြီးက ဘယ်သူလဲလို့တော့ မမေးနဲ့
ငါလည်း မသိဘူး
မသိချင်ယောင်ဆောင်ထားရတာလဲ ဖြစ်ချင်ဖြစ်မှာ

မှားရောက်တယ်ဆိုပေမယ့်
တအားတော့ မသောက်မိစေနဲ့ကွာ

လွမ်းတေးချို

၃၀.၁၀.၂၀၁၇ 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်