မွေးနေ့ဆိုင်ရာ အရေးအသားများ

မွေးနေ့မှာတမ်း

အပေါဆုံးက မယူဖြစ်တဲ့ခွင့်ရက်တွေ ဖြစ်ပြီး
အရှားဆုံးက အချိန်ဖြစ်လာတဲ့ကာလ မှာ
ဖုန်းဆက်တိုင်း ထပြေးမလာရင်တောင်
နားပူခံပေးတဲ့ သူငယ်ချင်းတွေရှိတယ်
ကံကောင်းခြင်း အကြီးစားတွေပေါ့

အလွယ်ကူဆုံး အရှုံးကတော့ ပျင်းနေရတာဖြစ်ပြီး
အခက်ခဲဆုံးက ဘာမှန်းမသိ လွမ်းနေရတာပါပဲ

မနှစ်က ဒီအချိန်မှာ 
ကိုယ့်ကိုယ်ကိုယ် အလုပ်သစ် တစ်ခု လက်ဆောင်ပေးခဲ့တယ်
မနေ့က အရင်အလုပ်ဟောင်းရဲ ဆယ်နှစ်ပြည့်အခမ်းအနားတက်ခဲ့တယ်
ငယ်ရွယ်နုပျိုမှု တီထွင်ဖန်တီးမှုတွေနဲ့ ပြည့်နေတဲ့ လုပ်ငန်းခွင်ကနေ
ကိုယ့်ကိုယ့်ကိုယ် ဘောင်သွင်းပစ်လိုက်တယ် 
ဘောင်ခတ် ပစ်လိုက်တယ်
ဒီတစ်နှစ်လုံး ဘောင်ဘင်တွေခတ်လို့

အလိုချင်ဆုံးလေးက ထွက်ပြေးနေဆဲ
ဖုန်းသံကြားတိုင်း အမောတကောထကြည့်ရတဲ့ ဆုတောင်းတွေထဲမှာ 
ပန်းကလေးက မေ့တတ်ရန်ကော

အဖြူစင်ဆုံး သတိမရခြင်း ဆိုကြပါတော့
ဖုန်းနံပတ်လေးဟာ အလိုအလျောက်ပျောက်ဆုံးသွားတယ်
လူမှုကွန်ယက်ကနေ အနားယူနေလို့
ဆက်သွယ်မှုဧရိယာ ပြင်ပတွေရောက်နေလို့
အကြောင်းပြ မယ်ဆိုရင် အချက်တွေအများကြီး
ပန်းကလေး မေ့တာကို ၀န်ခံသွားမှာလည်း စိုးသေးတယ်

ကြည့် စာသားတွေကိုကြည့်
အခုလို ဘလိုင်းကြီးလွမ်းပစ်တာ
ရေးနေရင်း ဘယ်ရောက်သွားမှန်းမသိ 
ကျနော်ဟာ အဲ့လိုကောင်ပါ ဆို   

အဓိက ပြောချင်တာက မွေးနေ့ ဆုတောင်းပေးသူ အသီးသီး အယောက်စီတိုင်းကို
အရမ်းအရမ်း အရမ်း ကျေးဇူးတင်ပါတယ်လို့ မွေးနေ့ဆုတောင်းမပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့စ်။ ကျေးဇူးတင်နေရတာကိုက ကျေးဇူးတင်စရာကောင်းတယ်မဟုတ်လား  
မိသားစုဝင်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့စ်  
ကျနော့် လက်တွဲဖော်ကြီး ချစ်ဇနီး မမဇင် ကို လည်း ကျေးဇူးတင်ပါတယ်လို့စ်  

ဖုန်းနံပတ်တွေ မမှတ်မိတော့ ဘယ်သူကမက်ဆေ့ခ်ျပို့မှန်းတော့ မသိ အကုန် reply လုပ်လိုက်ပါတယ်လို့စ်။ လမ်းကြုံ ရင် ဘီယာတိုက်ပါ့မယ်လို့စ်။ ဘီယာမသောက်တတ်သူတွေကိုလည်း ပြန်တိုက်ပါလို့စ် အားလုံးကျန်းမာ ချမ်းသာ ကြပါစေ လို့ စ်။  

စိုးစံ () လွမ်းတေးချို 
၁၁.၁၀.၂၀၁၆


Birthday thought! 

If I am asked to show my feeling upon Taunggyi, I would point out Tanzaung daing Hot air balloon festival. When I was younger, I asked the same question repeatedly why people are burning their cash instead of using this money wisely. Why people spend their time on this matter?  How this tradition has good effect?   
The question is answered after I have involved in Hot air balloon activities and started to see myself in composing poems. Everybody has sentimental value that makes us to love the world and its tradition. Why people are spending money on music concert? Why people are going to the beach and reading book? Day by day the answer is getting clear. They have sentimental value. I am October 11 born. According to astrology, I am SENTIMENTALIST ! I am very proud of being native of Taunggyi and being Sentimentalist!

Lwantaycho

စိတ်နဲ့ ဖြေမရတဲ့ နေ့များ

ဘုရားသခင်ဟာ သွေးလွန် တုပ်ကွေး ဖြစ်ဖူးသလား
အာရှတော်ဝင် မှာ စာရေးမ ငေါက်တာ ခံဖူးသလား
ဖိနပ်တစ်ဖက်နဲ့  မျောက်ပန်းလှန်ဖူးသလား
စိတ်ရှည်လက်ရှည်နဲ့ အင်တာနက်အ၀ိုင်းလေး ထိုင်ကြည့်ခဲ့ဖူးသလား
ခြင်ထောင်နဲ့ အိပ်ဖူးသလား
ခွေးကိုက်ခံ ရဖူးသလား
ဒဏ်ကြေ လိမ်းဆေး ကို စိမ်ပြေနပြေ လိမ်းခဲ့ဖူးသလား
ဆေးလိမ်းထားတဲ့ လက်နဲ့ မျက်စိကိုယောင်ယမ်း ပွတ်ခဲ့ဖူးသလား
နန်းခင်ဇေယျာကို မဲပေးခဲ့ဖူးသလား
မိုးစက်ဝိုင်ကို သောက်စရာလို့မြင်ခဲ့ဖူးသလား
လူတစ်ယောက်ကို ဘလော့ဖူးသလား
ဘုရားသခင်ဟာလေ ကွန်ပြူတာပျောက်ဖူးပါသလား
ချမ်းကို ဖတ်ဖူးသလား
သူ့သမိုင်းသူ ပြန်ဖတ်ဖူးသလား
စတေးတပ်တင်ဖူးသလား
ရထားလက်မှတ်မပါပဲ ခိုးစီးဖူးသလား
စာဖတ်ခြင်းကိုမွေ့လျော်သလား
လိင်တူခြင်းလက်ထပ်တာကို သူလက်ခံသလား
မွေးနေ့ ပွဲ ကျင်းပဖူးသလား
အဲဒါတွေ မလုပ်ဖူးတာသေချာရင်
ကိုယ်ဟာ ဘုရားသခင် မဟုတ်တာ သေချာပြီ

လွမ်းတေးချို
၁၁၊၁၀၊၂၀၁၃

မွေးနေ့

တစ်နှစ်ကြီးလာတယ် 
အချစ်တွေ ကြီးလာလို့ လား မပြောတတ်
ဆရာဝန်က အသဲတွေကြီးလာတယ် တဲ့
၂၅ နှစ်ကို လှပစွာ ကြို ဆိုပစ်လိုက်ပြီ လေ။

လွမ်းတေးချို
၁၁.၁၀.၂၀၁၃

မွေးနေ့  ()

အသက် တွေက ကြီး လာ
ဒို့ နှစ်ယောက်အတွက် အိမ်လိုချင်တယ်ဆိုတဲ့သီချင်းဟာ 
၂၄ လေးနှစ်မြောက် ကာလ လေးကို လွှမ်းခြုံသွား
ဒီနှစ်အတွက် ကိုယ်ဆက်ညည်း ရမယ့် သီချင်း ဖြစ်လာ

လွမ်းတေးချို
၁၁.၁၀၂၀၁၃

မွေးနေ့ရောက်ပြီ..............တစ်နှစ်ပိုကြီးလာပြီ...... အိပ်မက်တွေ ဖောင်ဒေးရှင်းမခိုင်သေးဘူး........... ဒဏ်ရာတွေဖောင်းပွနေတုန်း................. မနက်ဖြန်ကတော့လှနေပြီ............


ကျေးဇူးတင်နေရတာကိုက ကျေးဇူးတင်စရာကောင်းတယ်မဟုတ်လား တချို့ သူတွေဆို ကျနော့်ရဲ့ ဖြစ်တည်မှုကို မသိကြဘူး မသိတဲ့အတွက် ဆုမတောင်းပေးကြဘူး ဆုတောင်းတဲ့သူတွေကို ကျနော်က ကျေးဇူးတင်တယ် ။ကျေးဇူးတင်ခွင့်ရနေတဲ့အနေအထားကိုက ကျေးဇူးတင်စရာပေါ့ ဟုတ်ကဲ့ ကျေးဇူးတင်တယ်။ 

Thanks to everyone who wished me in person and via different connection devices and platforms. 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်