Posts

Showing posts from January, 2021

နော်ဒီဇင်ဘာသို့...........။

 နော်ဒီဇင်ဘာသို့...........။ ၁။  အားလုံး ဗိုက်ဆာနေကြပြီ။ ထမင်းဟင်းတွေ ချက်ထားသည်ဟုဆိုသောကြောင့် လမ်းမှာ မစားလာခဲ့ပဲ တမင်တကာ အဆာခံပြီး ကားမောင်းလာခဲ့ကြသည်။ ကိုယ်လည်း အရမ်းဆာနေပြီ။ ပန်းကန်ထဲက ဝက်သားတုံးတွေကလည်းကိုယ့်ကို လက်ယက်ခေါ်နေသလိုဖြစ်နေသည်။ ဗိုက်ဆာဆာနှင့် လက်ဆေးပြီး  အပီအပြင် စားမယ်ကြံကာ တစ်လုပ်ကယ်၀၀ မစရသေးအချိန်မှာ အပေါ်ထပ်မှ ရေကျလာသဖြင့် မိုးယိုနေတယ်ဟု ပါးစပ်က အော်လိုက်မိပြီး ရေလွတ်ရာတို့ ရှောင်လိုက်သည်။ ရေအားက တဖြည်းဖြည်းပြင်းလာသည်။ ရေလွတ်ရာကို ဖယ်ရင်း အနံ့တစ်ခုရလိုက်သည်။  ကျင်ငယ်နံ့  ဟာ ဒါဆို ရေမဟုတ်ဘူးပေါ့။ ဒီရွာမှာ မီးမရှိသေးတော့ လူတော်တော်များများက စောစော အိပ်ယာရာဝင်ကြသည်။ ညဆယ်နာရီကျော်ပြီဆိုတော့ တရေးနိုးပြီလေ၊ အိမ်အောက်မဆင်းပဲ ကြမ်းကြားကနေ ရွှေပြွန်ဆပြီး ရေသွန်ချလိုက်တဲ့သဘောပေါ့။ သို့တည်းမဟုတ် ရွှေကန်မှ ရေလျှံကျတာလည်း ဖြစ်နိုင်သေးသည်။  ဘေးနားက ထမင်းစားနေတဲ့သူတွေလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အခြေအနေကို သဘောပေါက်မိပြီး ဗြုံးခနဲ ဝါးလုံးကွဲရယ်သူတွေကရယ်၊ နှုတ်ခမ်းလေးကွေးရုံ ပြုံးတဲ့သူက ပြုံးကြသည်။ ရွာခံအဒေါ်ကြီးက မျက်စိပျက် မျက်နှာပျက်နှင့်  ကလေးေ...

အချိုးအကွေ့တိုင်းမှာ

 အချိုးအကွေ့တိုင်းမှာ  အရောင်မွဲမွဲ ပိတ်ကားပေါ်မှာ  ငါအတန်တန်ပြောရက်နဲ့ ဒီလိုဖြစ်ရတယ်ကွာလို့ ရေးထားတယ် ထမီစွန်တောင်ဆွဲလာတဲ့ အမျိုးသားဟာ ကတ်ကတ်လန်အောင် ရန်တွေ့နေတယ် မင်းတို့ ယောက်ျားတွေ ပလီစိချောက်ချက် အရမ်းနိုင်တာပဲလို့  နှုတ်ခမ်းမွှေးနဲ့ အမျိုးသမီး ဆေးလိပ်ကို မီးသပ်ရင်း အိပ်ကပ်ထဲက ကွမ်းထုပ်ကို နှိုက်လိုက်တယ် လုံလုံခြုံခြုံဝတ်ထားပြီး ဈေးခြင်းတောင်းကိုင်ထားတဲ့ကောင်လေးကို  “အဲ့ဘဲက ဖုထစ်နေတာပဲလို့ “  လမ်းထိပ်အုတ်ခုံပေါ်မှာ အပေါ်ပိုင်း ဗလာနဲ့ထိုင်နေတဲ့  ဆော်နှစ်ပွေက မကြားကြားအောင်ပြောတယ် ကောင်လေးက ဘာမှပြန်မပြောရဲဘူး ။  မှုခင်းသတင်းထဲမှာ အသက်မပြည့်သေးတဲ့ ကောင်လေးကို  မိန်းမ တစ်သိုက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်တယ်ဆိုတာ ဖတ်ရတယ်။ ပြောင်းလဲမှုကို တစ်ဦးချင်းစီက စရမယ်လို့  အက်တီးဗစ် ကောင်လေးတစ်ယောက်က ဆန္ဒပြတာကို  မိန်းမတွေက ဝိုင်းရယ်ကြပြီး တော်လှန်းရေးတစ်ခု နိဒါန်းပျိုးပြီလို့ ဂျာနယ်တွေက ဝိုင်းရေးကြတယ် ငွေရောင်ပိတ်ကားပေါ်မှာ မရေးခဲ့တဲ့ပန်းချီကားတွေဟာ အရာမထင်ခြင်းရဲ့ သက်သေပဲလို့ ရေးထားတယ်။ လွမ်းတေးချို 8:49 PM 13 Oct 2020

အကုန်စုံ အစုံကုန်

အကုန်စုံ အစုံကုန် ဂစ်တာထဲက လောက်တွေ ထိုးထွက်လာပြီး ကြိုးတွေပေါ်မှာ ဒန်းစီးနေကြတယ် ဂီတထဲက လောက်ထွက်လာတာလို့ပဲ ဆိုရမှာပေါ့။ မပြီးသေးရင်မသွားနဲ့လို့  ချွေးစက်လက် ခန္ဒာကိုယ်ကြီးက တားတယ် ခရီးမဆုံးလိုက်တဲ့ ဝတ်မှုန်ကူးခြင်းဖြစ်မှာပေါ့  ကွန်ဒုံးမျက်နှာပြင်က အမှတ်စဉ်ဟာ  တဖြည်းဖြည်းတိုးတိုးလာတယ် ကြေငြာတစ်ခုခု ဖြစ်ရင်ဖြစ်နေမှာပေါ့ မြို့ဟာ မီးခြစ်ပုံးထဲကနေ  တရှဲရှဲအော်မြည်ပြီး လောင်ကျွမ်းနေတယ် အရေးကြီးတာ အရင်လုပ်ရတာ နေမှာပေါ့ လက်ပတ်နီဝတ်ထားတဲ့ ရပ်ကွက်က သူ့ခြေထောက်နှစ်ချောင်းနဲ့ လမ်းထိပ်ကို ပိတ်လိုက်တယ် တော်လှန်မလား ကျုပ်လှန်မလား ဟာသ ဖြစ်မှာပေါ့ လမ်းဟာ မက်စ်တပ်ထားပြီး လူတွေက မက်စ်မတပ်တဲ့လမ်းတွေကို ဒဏ်ရိုက်မယ်ပြောတယ် ဥပဒေစိုးမိုးရေးဖြစ်မှာပေါ့  ဖုန်းစခရင်ဟာ အရသာပိုရှိလာတယ် အချစ်ကို ဒလီဗာရီနဲ့ ပို့ခိုင်းတာ အိမ်တိုင်ယာရောက် ပါးရိုက်သွားတယ် ဟာသ ဖြစ်မှာပေါ့ ငါတစ်ယောက်ယောက်တည်းမှတ်နေတာ ငါတို့ ဖြစ်နေတယ် ပြောလေ......... ဘာဖြစ်မှာလဲ …… ။  လွမ်းတေးချို  ၂၀၂၀ ခုနှစ် ၊ အောက်တိုဘာလ ၊ ၁၃ ရက်  8:19 PM 

မောင်လွမ်းရယ် ယုန်လေးရယ် ဝင်းမင်းသန်းရယ်

မောင်လွမ်းရယ် ယုန်လေးရယ် ဝင်းမင်းသန်းရယ် “အဲ့ကောင်တအားရိုင်းတယ်။ မိန်းမတစ်ယောက်ကို လိင်ဖျော်ဖြေမှုလောက်ပဲ ကြည့်တဲ့ကောင်။ အဲ့ကောင် ပညာမတတ်ဘူး။ အဲ့ကောင် ဦးနှောက်မရှိဘူး။ အဲ့ကောင် တော်တော်အောက်တန်းကျတဲ့ကောင်၊ အဲ့ကောင်လုပ်တာနဲ့ ယောက်ျားတွေအားလုံးက အတိုအပြတ်ဝတ်တဲ့သူတွေကို နှာဘူးမျက်လုံးတွေနဲ့ ကြည့်တဲ့ကောင်တွေ အဖြစ်ပုံဖော်သလိုဖြစ်နေတယ်။ “ တစ်ယောက်တည်း ဗျစ်တောက်ဗျစ်တောက်ရွတ်နေကတည်းကတည်း သူ့စကားကို နားထောင်စေချင်တဲ့ ပုံစံဖြစ်နေတော့ မေးခွန်းလေးတစ်ခုမေးလိုက်တယ်။  ဘာတွေဖြစ်နေတာလဲ မောင်လွမ်းရ။  “ယုန်ခေါလေဗျာ။ မျိုးမစစ်ကောင် တော်တော်အဲ့ကောင်ရိုက်တဲ့ ကြေငြာကိုကြည့်ပြီးဒေါသထွက်လာလို့ဗျာ။” အဲ့ဒါနဲ့ မင်းဘာတွေလုပ်ဖြစ်လဲ။ “ကျနော်လား အကောင့်နှစ်ခုနဲ့ပါသွားဆဲခဲ့တယ်ဗျာ။ အဖေတွေအမေတွေ နှမတွေပါမချန်ထည့်ဆဲခဲ့တယ်။ အားမရလို့ နောက်တစ်ကောင့်နဲ့လည်း ဒီကောင့် မျက်ခွက် အနေအထားကို ပါ အယုတ္တအနတ္တတွေပါ နှိုင်းပြီး ဆဲခဲ့သေးတယ်။ စောက်ရေးမပါတဲ့ကောင်ဗျာ။  ပြီးရင် လိုက်လွှင့်ပြီးတောင်းပန်မယ်။ ဘုရားတရားတွေလုပ်ပြမယ်။ဒီကောင်ရဲ့ စောက်ချိုးက ဒီလိုပဲချိုးနေတတော့မှာ။ တကယ့်ကို မိန်းမလို မိန်းမရကောင် ၊ စောက်ခြောက်ဗျာ။ “ နေပါဦ...

ကိုဗစ်နဲ့ ဥပမာအပေးကောင်းတဲ့ မောင်လွမ်း

ကိုဗစ်နဲ့ ဥပမာအပေးကောင်းတဲ့ မောင်လွမ်း  ဆရာရေ  ဆရာမသိလို့နော် အခုချိန် ဈေးထဲသွားရတာက အဖွဲ့လိုက် ချစ်မှုပြုခြင်းကို အကာအကွယ်မပါပဲ ကျူးလွန်သလိုပဲ။ မင်းဟာ ဘယ်လိုဥပမာကြီးတုန်းက ဟုတ်တယ် ဆရာရေ ၊ ဘယ်သူ့မှာ ရောဂါရှိမှန်း မသိတဲ့အပြင် ၊ ဘယ်သူမှလည်း ဆေးမစစ်ထားဘူးမလား။ နောက်တစ်ခုက ရှိသေးတယ်။  လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးဖို့ ငြင်းဆန်ကြသူတွေ ရှိသလို အခုလည်း မက်စ်မတပ်တဲ့သူတွေလည်း ရှိသေးသပါ့ဗျာ။ အေးဟ မင်းဥပမာကလည်း အခုချိန် အပြင်ထွက်သူတွေဟာ အဖွဲ့လိုက် အကာအကွယ်မဲ့ လိင်ဆက်ဆံသူတွေ ပေါ့။  မင်းက တခြားဥပမာ ပြောင်းပေးလို့ မရဘူးလားကွာ။ အေးဗျာ နောက်ဥပမာ တစ်ခုကတော့ ဟိုးအရင်တုန်း အင်တာနက်ဆိုင်တွေမှာ  မန်မိုရီစတစ်ကလေး သုံးခဲ့တာ သတိရသဗျ။ တချို့ ဆိုင်တွေက ဗိုင်းရပ်စ်ကာကွယ်တဲ့ ဆော့ဝဲတွေ ထည့်ထားတယ်။ တချိုကတော့ မထည့်ထားဘူး။ ဆိုင်က စက်တွေကို လာသုံးတဲ့သူတွေက က စတစ်အမျိုးမျိုးကို ထိုးချင်သလို ထိုးသွားကြတာချည်းပဲ ဆရာရေ။ တစ်ခါတုန်းက ကျနော့် မန်မိုရီစတစ်ကလေး ဗိုင်းရပ်စ်ပါလာလို့ အိမ်က ကွန်ပြူတာမှာပါကူးသွားတာ သတိရမိသေးသဗျ။   လူတွေက ကိုယ့်စတစ်မှာ ပိုးရှိမရှိလည်း သိကြတာမှမဟုတ်ပဲ။ တစ်ခါတစ်လေ ရုံ...

ခေးတစ်သက်လုံး စတေးအပ်မဟုမ်း ရပါဘူးတဲ့

ခေးတစ်သက်လုံး စတေးအပ်မဟုမ်း ရပါဘူးတဲ့  “ရုပ်ချောတဲ့ကောင်လေးတွေကို ကြည့်ခြင်းဟာ အမျိုးသမီးတွေရဲ့ မှတ်ဉာဏ်ကို ပိုမိုမြင့်မားစေတယ်တဲ့ ဆရာရေ။ “ မောင်လွမ်းတစ်ယောက်တော့ ပေါက်ကရလေးဆယ် ပို့စ်တွေကို ဖေ့ဘုမှာဖတ်ပြီး စကားလမ်းကြောင်းစလာပြီ။  ဆိုစမ်းပါဦး ဘယ်တက္ကသိုလ်က သုတေတနလုပ်တာတုန်း ၊ လူဦးဘယ်နှစ်ယောက်ကို စမ်းသပ်ခဲ့တာတုန်း။  “အဲ့လို အတိအကျတော့ ဘယ်ရေးထားမလဲ ဆရာရယ်။ KBS ဆိုတဲ့အဖွဲ့က  အလယ်တန်းကျောင်းသားချောချောတွေကို ကြည့်ပြီး ဇာတ်ကောင်တွေနာမည်တွေမှတ်ခိုင်း၊ ပြီးမှပြန်ပြောခိုင်းတာ ပိုမှတ်မိသတဲ့ဆရာရေ။ “ ယောက်ျားလေးတွေကော မစစ်ဘူးလားဟ။  “ အမျိုးသားတွေကတော့ အဲ့ဒီလိုစစ်လိုက်တာ မှတ်ဉာဏ်တိုးလာတာမျိုးမရှိဘူးတဲ့ဗျ။ ဆိုလိုချင်တဲ့သဘောက နှာဘူးစိတ်နဲ့ ဉာဏ်ရည်က ပိုပြီး ထိစပ်မှုရှိတဲ့သဘောပဲဗျ။ ဒါ့အပြင် “ ဒါ့အပြင်ဘာဖြစ်လဲ။ “ယောက်ျားတွေဟာ မိန်းမချောချောတွေကို ကြည့်တဲ့အချိန်မှာ ဦးနှောက်တံခါးပိတ်ပြီး နှလုံးသားနဲ့ ခံစားတဲ့သဘောပဲဗျ။ မိန်းမတွေကတော့ ယောကျာ်းချောချောကို ကြည့်တဲ့အချိန်မှာ နှလုံးသားတံခါးပိတ်ပြီး ဦးနှောက်နဲ့ ကြည့်ပုံရတယ်ဗျ။ အဲ့ဒါကြောင့် သူတို့ ဦးနှောက်က အဲ့ဒီအချိန်မှာပိုပြီး Active ဖြစ်ေ...

ဈေးဝယ်ခြင်းအမှု နှင့် ပဲပြုတ်

 ဈေးဝယ်ခြင်းအမှု နှင့် ပဲပြုတ် အထုပ်တွေ အပိုးတွေနဲ့ မောင်လွမ်းတစ်ယောက် အိမ်ပေါ်တက်လာတယ်။  အိမ်တံခါးကို ဖွင့်ဝင်လိုက်ပြီး လက်ထဲမှ အထုပ်တွေကို တံခါးဝမှာတင် ချထားလိုက်တယ်။ ပြီးတော့ သူ့အိတ်ထဲက လက်ဆေးဂျယ်ဘူးလေးကို ထုတ်ပြီး လက်မှာဖြန်းပြီး လက်နှစ်ဖက်ကို ပွတ်လိုက်တယ်။  “မင်းဟာက ဈေးတစ်ဈေးလုံး အိမ်သယ်လာတာလား” ဟုမေးလိုက်တော့ ဈေးထဲမှာ လူတွေ ပီးနစ် ဘိုင်းရင်း လုပ်နေကြလို့  ကြိတ်ကြိတ်တိုးပဲ ဆရာသမားရေ ။ “ဟနေပါဦးဟ ပီးနစ်ဘိုင်းရင်းလို့ အသံမထွက်ရဘူး ပဲနစ်လို့ဖတ်ဟ ပီးနစ်ဆိုတာ ယောကျာ်းအင်္ဂါကို ပြောတာဟု အသံထွက်အမှန်ကိုပြင်ပေးရသေးတယ်။ “ ဆရာသမားကလည်း တပည့်က အဲ့ဒါလောက်တော့ သိပါတယ်။ အခု ဖေ့ဘုခ်ပေါ်မှာ လူတွေက ပီးနစ်ဘိုင်းရင်းဆိုပြီး နောက်နေကြလို့ ကိုယ့်ဆရာကို အပ်ပဒိတ် ဖြစ်လောက်တယ်ထင်ပြီး အဲ့ဒီအသုံးအနှုန်းနဲ့ နောက်ပြီးသုံးလိုက်တာ။  “အော် ခေတ်ကာလ သားသမီးတွေများ တယ်နောက်ကြသကိုး။  အေးလေ ဆိုစမ်းပါဦး ဈေးထဲက လူတွေရဲ့ အခြေအနေ “ ထုံးစံအတိုင်းပေါ့ ဆရာသမားရယ် ကျန်းမာရေး အသိကအားနည်း ၊ ဝမ်းရေးအတွက်လည်း ခက်နေကြတာဆိုတော့ မက်စ်တွေတပ်တာဆိုလို့ လူလေးနည်းနည်းပဲ ရှိတယ်။ တချို့ ဈေးသည်တွေဆို မက်စ်တပ်ပြ...

နေ့ညလွဲခြင်း

 နေ့ညလွဲခြင်း  နှိုင်းနှိုင်းဆဆ ဆင်ခြင်တွေးတောပြီးတဲ့နောက် ပညာရှိကြီးက စကားတစ်ခွန်းမိန့်လိုက်ပါတယ်။ “ ဒီနေ့ဘာစားရမလဲ” အိမ်မှာ လက်တိုလက်တောင်းခိုင်းဖို့ ခေါ်ထားတဲ့ ကဗျာဆရာလေး မောင်လွမ်းက သွက်သွက်လက်လက်ပဲ  ရေခဲသေတ္တာထဲက လက်ကျန် အစားအသောက်စာရင်းကို ရွတ်လိုက်ပါတယ်။ အမဲသားနည်းနည်း ၊ ဘေကွန် ၊ မျှစ်ချဉ်နည်းနည်း ၊ ဗူးရွက်၊ စူကာသီး၊ သံပရာသီး ၊ ..... ရွတ်လို့ မဆုံးခင်မှာပဲ ။  “ ဟေ့ကောင် ဆက်မရွတ်နဲ့တော့ ငါနားငြီးလှပြီ။ မင်းတို့ကောင်တွေက ဘာချက်ရမလဲ ဘာပြုတ်ရမလဲဆိုတာ ကြိုမတွေးထားဘူး။ အရာအားလုံး ငါ့ချည်းပဲ အားကိုးနေတယ်။  သွား အမဲမျှစ်ချဉ်ကို တရုတ်ဆိုင်တွေမှာ ကြော်တဲ့ ပုံစံလေးအတိုင်း စင်းကောခြောက်ခြောက်ကလေးကြော် ၊ မျှစ်ချဉ်ကို ရေအကြိမ်ကြိမ်ဆေး ၊ အနံ့တအားပြင်းနေရင် ခဏလောက်ပြုတ် ဟုတ်ပြီလား။ ငါအရင်တစ်ခါ ပြထားတဲ့အတိုင်းပဲ မီးအနေတော်ထားပြီးချက် ။ ဗူးရွက်ကို အရည်လည်းသောက်လို့ရအောင် အရည်သောက်ပုံစံလေးကြော်ချက်လိုက် ။ မနက်စာ ပူပူနွေးနွေးလေး စားမယ်ကွာ။ ပြီးရင် ငါသောက်ဖို့ ရက်စ်ဘယ်ရီတီးလေး လုပ်ထားပေး ။ “ မောင်လွမ်းတစ်ယောက် ဖင်တော့ ပေါ့တယ်။ မသင်ထားရင်တော့ တလွဲလုပ်တတ်တယ်။ ကြက်မြစ်ကြက်သည်းတွေကို...

ကျနော်နဲ့လူမျိုး

ကျနော်နဲ့လူမျိုး  “ကျနော်ဟာ ဗမာလူမျိုးဖြစ်ပါတယ်။ “ ကျနော့်စကားကို ပြုံးလျက်နားထောင်ပြီး သူ မေးခွန်းထုတ်လိုက်တယ်။  ခင်ဗျား ဗမာလူမျိုးဖြစ်ကြောင်း ကျနော်က ဘယ်လိုယုံရမလဲ။  ဒီကိစ္စက လွယ်ပါတယ် ။ တကယ့်မိုင်နာပဲ ဆိုတဲ့ အပြုံးလေး ပြုံးရင်း ဒီမှာ ကျနော့် မှတ်ပုံတင်ကဒ်ကို ကြည့်လိုက် “လူမျိုးအမည်ဆိုတာမှာ ဗမာလို့ ရေးထားတယ် “တွေ့လား ။  ဒါက လူဝင်မှုကြီးကြပ်ရေးက ရေးပေးလိုက်တာကြီးလေ။ တရုတ်တွေတောင် သူတို့ကိုင်ထားတဲ့ မှတ်ပုံတင်မှာ ဗမာလို့ ရေးထားတာ တွေ့ဖူးသဗျ။ ခင်ဗျားကဒ်မှာ ရေးထားတဲ့ ဗမာဆိုတာ ကျနော့်အတွက် ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်သေးဘူးဗျ။  “ကျနော် ဗမာစကားတတ်တယ်ဗျာ၊ ဗမာစာရေးနိုင်တယ်ဗျာ။ ကဲ ဒီလောက်ဆို ကျနော် ဗမာဆိုတာ ယုံပြီလား။ “ အဲ့ဒါဆို ဟိုတစ်လောက ဆုံးသွားတဲ့ ဂျွန်အိုခဲ ဆိုတဲ့ နိုင်ငံခြားသား ဗမာစကားပညာရှင်ကို ဗမာလို့ ဆိုလို့ရမလား ။  “ဟာ အဲ့ဒါတော့ ဘယ်ရမလဲ။ “ အဲ့ဒါဆို ခင်ဗျား ဗမာဖြစ်ကြောင်း ဘယ်လို သက်သေပြလို့ ရဦးမလဲ။ “ကျနော် ဗမာ့ ယဉ်ကျေးမှုတွေကို သိတယ်။ ဗမာတွေရဲ့ အလေ့အကျင့်ကိုသိတယ်ဗျာ။ ဗမာ့ သမိုင်းကြောင်းကို သိတယ်ဗျာ။ “ ကျနော်က တခြားနိုင်ငံမှာမွေးမယ်ဗျာ ဗမာပြည်မှာ ငယ်ငယ်လေး...

ရေလှိုင်းရိုးရာ သို့မဟုတ် စောက်သဲကွဲမှတ်စု

ရေလှိုင်းရိုးရာ သို့မဟုတ်  စောက်သဲကွဲမှတ်စု  ၁။  မနေ့ကလို မနက်ကလို မနေ့တစ်နေ့ကလို ဘယ်တုန်းကဖြစ်ခဲ့သလိုလို၊ မဖြစ်ခဲ့သလိုလို၊ အလိုလိုနေရင်း သားလျောသွားတဲ့ အပျိုမလေးလို၊  ကြယ်ကြွေတာ တစ်ညလုံးထိုင်စောင့်နေပြီး သေးငေါ့ပန်းချိန်ကျမှ ကြယ်ကကြွေကျသလို၊ ရာသီဥတုက သူ့ဖက်ပါသလိုလို ၊ကိုယ့်ဖက်ပါသလိုလိုနဲ့ ကိုယ့်ဖက်ဘယ်တုန်းကမှ မပါခဲ့ဖူးတဲ့ စောက်ကောင်မလေးဟာ ၊ ဘဲအုပ်က တစ်ရာနှစ်ရာ ၊ မဗေဒါ တစ်ပင်တည်းဆိုတဲ့ ကဗျာကို မူရင်းအတိုင်း အနက်ကောက် ၊ တစ်ဖက် ဘဲငါးဆယ်စီ ခြံရံပြီး ငါ့ရင်ခွင်ကို ဆောင့်ကန် ဖြတ်နင်း ထွက်သွားခဲ့တယ်။  ကြက်တိုက် ၊ ထန်းရည်သောက် ဘုရင်လုပ်တဲ့ တပင်ရွှေထီးမွေးတုန်းက ပြခဲ့တဲ့ နိမိတ်တွေလို၊ ဘုရင်ဖြစ်ပြီဆိုပြီး လက်မောင်းတွေ မီးထတောက်တဲ့ ယုံတမ်းစကားတွေလို နားထောင်လို့ ကောင်းပြီး ယုံဖို့ခက်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲလို့ ဘလော့ခံလိုက်ရတဲ့ ဖေ့စဘုခ်အကောင့်လေးက သံကုန်ဟစ်အော်နေတော့တယ်။ အတိတ်ဆိတ်ဆုံးအသံဆိုတာ အကျယ်လောင်ဆုံး.....။  ၂။  ဖက်ထားတဲ့စာအုပ်ထဲမှာ ဖတ်ထားတဲ့စာသားတွေရှိမနေဘူး အုမ်းကျွမ်းတွေဆိုပြီး ဟာသလုပ်ပြောတုန်းက ငါလည်း အချစ်ဆိုတာ ပရဆေးဥယျာဉ်ထဲဝင်သွားတဲ့ ၀ရမ်းပြေးလို အစရ...