နော်ဒီဇင်ဘာသို့...........။
နော်ဒီဇင်ဘာသို့...........။ ၁။ အားလုံး ဗိုက်ဆာနေကြပြီ။ ထမင်းဟင်းတွေ ချက်ထားသည်ဟုဆိုသောကြောင့် လမ်းမှာ မစားလာခဲ့ပဲ တမင်တကာ အဆာခံပြီး ကားမောင်းလာခဲ့ကြသည်။ ကိုယ်လည်း အရမ်းဆာနေပြီ။ ပန်းကန်ထဲက ဝက်သားတုံးတွေကလည်းကိုယ့်ကို လက်ယက်ခေါ်နေသလိုဖြစ်နေသည်။ ဗိုက်ဆာဆာနှင့် လက်ဆေးပြီး အပီအပြင် စားမယ်ကြံကာ တစ်လုပ်ကယ်၀၀ မစရသေးအချိန်မှာ အပေါ်ထပ်မှ ရေကျလာသဖြင့် မိုးယိုနေတယ်ဟု ပါးစပ်က အော်လိုက်မိပြီး ရေလွတ်ရာတို့ ရှောင်လိုက်သည်။ ရေအားက တဖြည်းဖြည်းပြင်းလာသည်။ ရေလွတ်ရာကို ဖယ်ရင်း အနံ့တစ်ခုရလိုက်သည်။ ကျင်ငယ်နံ့ ဟာ ဒါဆို ရေမဟုတ်ဘူးပေါ့။ ဒီရွာမှာ မီးမရှိသေးတော့ လူတော်တော်များများက စောစော အိပ်ယာရာဝင်ကြသည်။ ညဆယ်နာရီကျော်ပြီဆိုတော့ တရေးနိုးပြီလေ၊ အိမ်အောက်မဆင်းပဲ ကြမ်းကြားကနေ ရွှေပြွန်ဆပြီး ရေသွန်ချလိုက်တဲ့သဘောပေါ့။ သို့တည်းမဟုတ် ရွှေကန်မှ ရေလျှံကျတာလည်း ဖြစ်နိုင်သေးသည်။ ဘေးနားက ထမင်းစားနေတဲ့သူတွေလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အခြေအနေကို သဘောပေါက်မိပြီး ဗြုံးခနဲ ဝါးလုံးကွဲရယ်သူတွေကရယ်၊ နှုတ်ခမ်းလေးကွေးရုံ ပြုံးတဲ့သူက ပြုံးကြသည်။ ရွာခံအဒေါ်ကြီးက မျက်စိပျက် မျက်နှာပျက်နှင့် ကေလးေ...