Posts

Showing posts from October, 2017

မှားရောက်တယ်ဆိုပေမယ့် တအားမသောက်သင့်ဘူး

မှားရောက်တယ်ဆိုပေမယ့် တအားမသောက်သင့်ဘူး စောစောစီးစီးဆိုပေမယ့် ငါတို့ဟာ မစောတော့ဘူး ယမကာဟာ မနက်အစောကြီးမှာရောက်လာတယ် မှားရောက်လာတယ်လို့လည်းပြောတယ် မှားရောက်တယ်ဆိုပြီး တအားသောက်မနေနဲ့ဟ ကဲ အမြည်းကလေး လုပ် ကောင်းကင်ကို တံတွေးနဲ့ မော့မော့ပြီးထွေးထုတ်ပစ်တယ် ရွံ့စရာကြီးကိုး သံသရာကို ကျောက်ခဲနဲ့ထုတယ် မမျှော်လင့်ပဲ ကြားဖြတ်ဝင်ရောက်လာတဲ့ ရည်းစားဟောင်းမျက်နှာကို အိပ်ဆေးနဲ့ လဲလိုက်တယ် ပြီးတော့ အိပ်မက်ထဲကနေ တိုက်ပွဲတွေ ဆက်ဝင်တယ် အိပ်မက်ထဲမှာတောင် အကယ်ဒမီ မရဘူး လက်လုပ်လက်စားဆိုတာ လက်ကလေးနဲ့ လုပ်စားကိုင်စားနေရတာမျိုးကွလို့ပြောပြီး အပြာကားထိုင်ကြည့်နေတဲ့ ကောင်တွေ ဖန်တရာတေနေတဲ့ စောက်ရူးစကားလုံးတွေက အမှတ်ပြည့်ရနေကြတယ် အပြင်ကို ထွက်တဲ့ကောင်တွေဟာ အအေးမိခဲ့တာပဲ လျှာကြွက်တက်အောင် စကားပြောတဲ့ကောင်တွေကို ငါမှတ်ထားတယ် ပြီးတော့ မင်းပါးစပ်တွေပိတ်ထားလိုက်ကွာလို့ တိတ်တိတ်လေးအော်တယ် စိတ်ထဲမှာ ၊ ငုံ့ထားတဲ့ခေါင်းထဲမှာ သမ္မာကျမ်းတွေနဲ့လက်ထပ်ထားပြီး မကောင်းမှုနဲ့ဖောက်ပြန်နေတဲ့ကောင်တွေကို ပြိုင်ပြီး စီးချင်းမထိုးနဲ့သိလား အဲ့ကောင်တွေက ပညာခန်းစုံတယ် ...

သီချင်း

သီချင်း အလိုမတူဘူး အလို! မတူဘူး လို့ပြောတယ် ရင်ဘတ်နဲ့ဆိုတာလို့ ငါပြန်ပြောတယ် ငါပြုံးတယ်  လွမ်းတေးချို သီချင်း ၂ ဟုတ်တယ် မြန်နေတယ် နှေးသွားရင်  ငါမေ့သွားမှာ  လွမ်းတေးချို သီချင်း ၃ အဓိပ္ပာယ် မသိ မလိုအပ်ပဲ ကြေပျက်သွားမှာစိုး ဒီအတိုင်းထားလိုက်တယ် လွမ်းတေးချို သီချင်း ၄ အတိတ်ထဲ သွားမလား အနာဂတ်ထဲသွားမလား ပစ္စုပ္ပန်ကိုတော့ မမီလိုက်ဘူး လွမ်းတေးချို သီချင်း ၅  ဟို အဆိုတော်ကောင်းတယ် ဒီ အဆိုတော်ကောင်းတယ် တိုက်ပွဲတွေဖြစ်ကြ  ငြိမ်းချမ်းရေးဟာ နောက်ဖေးပေါက်က ထွက်ပြေး လွမ်းတေးချို သီချင်း ၆  ငါဟာ မောင်လေးဖြစ်သွား ငါဟာ အကိုကြီးဖြစ်သွား ငါဟာ အမေချစ်သား  ငါဟာ အသဲကွဲသမား ငါဟာ စစ်သားကြီးလည်း ဖြစ်ချင် ငါဟာ ဘာမဆိုဖြစ်ချင် ငါဟာနားထောင်တဲ့  သီချင်းထဲက ဇာတ်ကောင်  လွမ်းတေးချို သီချင်း ၇  အနုပညာဟာ ဘာအတွက် ညာအတွက်...

တိတ်တိတ်လေး

တိတ်တိတ်လေး . တိတ်တိတ်လေးဟူသော စကားလုံးကို ကျနော်အလွန်ကြောက်ပါသည်။ တိုးတိုးတိတ်တိတ်နှင့် စိုးထိတ်ခဲ့ရသော နေ့ရက်များကိုကျော်ဖြတ်ခဲ့ရဖူးသောကြောင့်ဖြစ်သည်။ မျက်စိပိတ်နားပိတ်နှင့် နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက် ကျရောက်ခဲ့ရသောတိုင်းပြည် တစ်ခု၏အဓိကထုတ်ကုန်မှာ တိတ်တိတ်လေးပင်ဖြစ်သည် မဟုတ်ပါလော။ ကလေးတစ်ယောက်ငိုလျှင် မငိုနဲ့ တိတ်ဟု ဆုံးမတတ်သော အ၀န်းအ၀ိုင်းတွင် ကျနော်တိတ်သထက်တိတ်ခဲ့ရပါသည်။ မတိတ်ပဲနေပါက ကျရောက်လာမည့် ပြစ်ဒဏ်ကို ကျနော်သိပြီးသားဖြစ်သောကြောင့်ဖြစ်သည်။ မူလတန်းကျောင်းတက်တုန်းက ဆူညံပူညံလုပ်ခဲ့သောကာလလေးတစ်ခုရှိသည်။ မဆူနဲ့ တိတ်တိတ်နေစမ်းဟု စားပွဲခုံကို ကြိမ်တုတ်နဲ့ ရိုက်ရင်း အော်လိုက်သော ဆရာမတစ်ယောက်ကို ခင်ဗျားတို့ ကျနော်တို့ ရင်းနှီးပြီးသားဖြစ်မည်ဟု ကျနော်ယူဆပါသည်။ ခင်ဗျားဘယ်တုန်းက အတွန့်တက်ပြီး အော်ဟစ်ဆူညံခဲ့ဖူးလို့လဲ ။ တိတ်တိတ်လေးသာ နေခဲ့ရသည်မဟုတ်လား။ . အလယ်တန်းရောက်တော့ ကောင်မလေးတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားမိသည်။ သူမြင်လောက်သောနေရာမှ သူ့ကိုကြည့်သည်။ သူသွားတတ်သောမုန့်ဆိုင်လေးနားတွင် ဦးအောင်သွားစောင့်သည် ။ သူဝယ်စားတတ်သောမုန့်လေးများကိုမှတ်ပြီး ...

မွေးနေ့ဆိုင်ရာ အရေးအသားများ

မွေးနေ့မှာတမ်း အပေါဆုံးက မယူဖြစ်တဲ့ခွင့်ရက်တွေ ဖြစ်ပြီး အရှားဆုံးက အချိန်ဖြစ်လာတဲ့ကာလ မှာ ဖုန်းဆက်တိုင်း ထပြေးမလာရင်တောင် နားပူခံပေးတဲ့ သူငယ်ချင်းတွေရှိတယ် ကံကောင်းခြင်း အကြီးစားတွေပေါ့ အလွယ်ကူဆုံး အရှုံးကတော့ ပျင်းနေရတာဖြစ်ပြီး အခက်ခဲဆုံးက ဘာမှန်းမသိ လွမ်းနေရတာပါပဲ မနှစ်က ဒီအချိန်မှာ   ကိုယ့်ကိုယ်ကိုယ် အလုပ်သစ် တစ်ခု လက်ဆောင်ပေးခဲ့တယ် မနေ့က အရင်အလုပ်ဟောင်းရဲ့  ဆယ်နှစ်ပြည့်အခမ်းအနားတက်ခဲ့တယ် ငယ်ရွယ်နုပျိုမှု ၊ တီထွင်ဖန်တီးမှုတွေနဲ့ ပြည့်နေတဲ့ လုပ်ငန်းခွင်ကနေ ကိုယ့်ကိုယ့်ကိုယ် ဘောင်သွင်းပစ်လိုက်တယ်   ဘောင်ခတ် ပစ်လိုက်တယ် ဒီတစ်နှစ်လုံး ဘောင်ဘင်တွေခတ်လို့ အလိုချင်ဆုံးလေးက ထွက်ပြေးနေဆဲ ဖုန်းသံကြားတိုင်း အမောတကောထကြည့်ရတဲ့ ဆုတောင်းတွေထဲမှာ   ပန်းကလေးက မေ့တတ်ရန်ကော အဖြူစင်ဆုံး သတိမရခြင်း ဆိုကြပါတော့ ဖုန်းနံပတ်လေးဟာ အလိုအလျောက်ပျောက်ဆုံးသွားတယ် လူမှုကွန်ယက်ကနေ အနားယူနေလို့ ဆက်သွယ်မှုဧရိယာ ပြင်ပတွေရောက်နေလို့ အကြောင်းပြ မယ်ဆိုရင် အချက်တွေအများကြီး ပန်းကလေး မေ့တာကို ၀န်ခံသွားမှာလည်း စိုးသေး...

တကယ်မရှိသောနှစ်များ

တကယ်မရှိသောနှစ်များ  ကဗျာ လို့ အမည်တပ်မလား ၊ စကားပြေလို့ အမည်တပ်မလားလို့ ကျွန်တော်ကိုယ်တိုင်ဝေခွဲမရတဲ့ အရေးအသားတွေ ။ တကယ်မရှိသောနှစ်များလို့ခေါင်းစဉ်တပ်ထားတယ်။ ၈၈ အရေးအခင်းရဲ့  ၀ူးဝူးဝါးဝါးအော်သံဟာ ဆယ်ကျော်သက်လူငယ်တွေဆီကို ဘယ်လို မီဂါဗိုက်ဒ် တွေနဲ့ ၀င်ရောက်ခဲ့တာ ။ ပြီးတော့  ၉၀ ခုနှစ်ဝန်းကျင်ကို ပြန်ခေါ်သွားလိမ့်မယ် ။ တဖြည်းဖြည်း သက္ကရာဇ်တွေတိုးလာမယ်။ ကိုးဆယ့်ခြောက် ယူရိုဘောလုံးပွဲအကြောင်းတွေရောက်လာမယ်။ သမိုင်းဖြစ်ရပ်တွေထဲမှာ တစ်ကိုယ်ရည်စာ ဖြတ်သန်းမှု ပုံရိပ်တချို့ ဟာ ပျောက်သွားလိုက်ပြန်ပေါ်လာလိုက်နဲ့ ။ လူငယ် တစ်ယောက် သို့မဟုတ် လူငယ်ထု ရဲ့  မိုက်ရူးရဲ ဆန်မှုလား ၊ ထူးခြားတဲ့ အာရုံခံစားမှုတွေလား ၊ မဖြစ်မနေကြုံတွေ့ပြီး ယဉ်ကျေးမှုအသိုးတွေထဲမှာ ငြင်းဆိုခြင်းခံရတဲ့ လိင်ကိစ္စလား ။ ကြည့်ခဲ့ဖူးတဲ့ရုပ်ရှင်တွေအကြောင်းလား ။ နှစ်ခြိုက်မိတဲ့ သီချင်းတွေအကြောင်းလား ။  ပန်းချီကားပေါ်က စုတ်ချက်ခပ်ကြမ်းကြမ်းတွေလား ။  ဒီစာအုပ်ကို သမိုင်းစာအုပ်လား လို့မေးရင် ကျနော်က ဟုတ်တယ်လို့ ဖြေဆိုလိုက်မှာဖြစ်ပြီး  မဟုတ်ဘူးလားလို့မေးရင်လည်း မဟုတ်ဘူးလို...

ပျောက်ဆုံးနေသော မျိုးဆက်

ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု ( ပထမပိုင်း )  ၁၉ ၆၈ - ၁၉ ၇၆   ပြီးခဲ့တဲ့ သြဂုတ်လက ထုတ်တယ်။ အိမ်မှာရောက်နေတာကို နှစ်ပတ်ကျော်ပြီ ။ ဖတ်မယ် ဖတ်မယ်နဲ့ တေးထားတာ နည်းနည်းလေးဖတ်ကြည့်လိုက် ပြီးအောင် မဖတ်လိုက်နဲ့ ပစ်ထားတာ။ ဒီနေ့အားနေတော့ တစ်ထိုင်တည်း ထိုင်ဖတ်ပစ်လိုက်တယ်။   စာရေးဆရာဟာ သူ့ရဲ့  ငယ်ဘ၀ကို ရေးထားတယ်။ ပထမပိုင်း လို့ တပ်ထားတာကြောင့် ဒုတိယပိုင်းတွေရှိဦးမလားဆိုတော့ သုံးပိုင်းအထိ ရှိပါမယ်တဲ့ ။ ၁၉ ၆၈ ကနေ ၁၉ ၉ ၃ အထိ နှစ်ပေါင်း ၂၅ နှစ်ကို ရုပ်ရှင်ရိုက်ပြသလို အပိုင်းလိုက် ရိုက်ပြသွားသူကတော့ ကျော်ဝင်း ။ ဆရာကျော်ဝင်း ရဲ့  စာအုပ်တွေက ပုံမှန်အားဖြင့် နိုင်ငံရေး ဆိုင်ရာတွေ ၊ စီးပွားရေးဆိုင်ရာ တွေ များတယ်။ အခုစာအုပ်ဟာ ရသဖက်ကဲ ပြီး ၀တ္ထုလို ရေးထားတာဆိုတော့ ဘယ်လိုများနေမလဲလို့  စာအုပ်မဖတ်မီကတည်းက စိတ်ဝင်စားနေခဲ့တာ။   အဓိကဇာတ်ကောင် ဇော်ဝင်းရဲ့  ဆေးတက္ကသိုလ်ကျောင်းသားဘ၀ ။ မန္တလေးကို ကျောင်းတက်ရတဲ့အကြောင်းအရင်းက အငြိမ့်နဲ့ လူထု ဆိုပဲ ။ အငြိမ့်တွေကြည့်ချင်တယ်။ ...