စင်တာကလော့ဟာ ၀၀ကြီး
စင်တာကလော့ဟာ ၀၀ကြီး
စင်တာကလော့ဟာ ဘာကြောင့် ၀၀ကြီးဖြစ်နေတာလဲ
ကလေးတွေ အတွက်မြင်သာတာကြောင့်လို့ ကျနော့်မိန်းမကပြောတော့
အရပ်ရှည်တဲ့စင်တာကလော့ဆိုရင် ပိုပြီးမြင်မသာဘူးလားလို့ ကျနော် စောဒကတက်တော့
၀၀ကြီးဆိုတော့ ကလေးတွေဖတ်လို့ကောင်းတာပေါ့တဲ့
စင်တာကလော့ဟာ ကလေးတွေအတွက်ပဲလား
လိုချင်တဲ့ ဆန္ဒကို ဖြည့်ပေးမယ်လို့ ယုံကြည်ရသူဟာ စင်တာကလော့ပဲလား
စင်တာကလော့ဟာ ပိန်ပိန်သေးသေးလေးဖြစ်မယ်ဆိုရင်
ကလေးတွေချစ်ကြမလား
ကလေးတွေနဲ့ စင်တာကလော့ဟာ တွဲဖက်တည်ရှိဖြစ်တည် လှပနေခဲ့တာလား
စင်တာကလော့ကြီး မြို့ ထဲဝင်လာပြီ
စောင့်ကြည့်ဖို့တော့လိုနေပြီ
စင်တာကလော့က မုတ်ဆိတ်ကြီးဖြူလို့
စင်တာကလော့က အင်္ဂလိပ်ဆာဒူးကြီးလား
စင်တာကလော့က ၀တ်စုံအနီကြီးနဲ့
စင်တာကလော့က အင်္ဂလိပ်ဇော်ဂျီလား
ကလေးတွေရဲ့  မေးခွန်းကို ကျနော်မဖြေတတ်ပါဘူး
ကျနော်မှ အဲ့ဒီမေးခွန်းတွေ မမေးဖူးပဲ
စင်တာကလော့ကြီး မြို့ ထဲဝင်လာပြီလေ

လွမ်းတေးချို
၁၅.၁၂.၂၀၁၇
၁၅.၁၂.၂၀၁၇
Comments
Post a Comment